လီဗာပူးအသင်းဟာ ၂၀၁၇ မှာ ရိုးမားကနေ တိုက်စစ်မှူး ဆာလက်ကို ခေါ်ယူလိုက်စဉ်က ခေါ်ယူမှုကောင်း ဖြစ်မယ်လို့ ထောက်ခံမှုတွေ နည်းပါးခဲ့ပါတယ်။ ဒါပေမယ့် အီဂျစ်သားက စရောက်တဲ့ ဘောလုံးရာသီ က စလို့ ဂိုးတွေ ဆက်တိုက်သွင်းပြီး အင်္ဂလန်မှာ အစွမ်းပြနေခဲ့ပါတယ်။

ပေါင် ၃၇ သန်း က ထိုကာလမှာတော့ ကစားသမား တစ်ဦးအတွက် ဝန်ထုတ်ဝန်ပိုး အနည်းနဲ့အများတော့ ရှိခဲ့ပြီး ဘောလုံးဝေဖန်ရေးသမား အများစုလည်း ဆာလက် က တိမ်မြုပ်သွားမယ် ယူဆခဲ့ကြတာပါ။ ဒါပေမယ့် ဆာလက်ကတော့ ရောက်စကထက် ပိုမိုသာ တိုးတက်လာခဲ့ပြီး အဆုံးသတ်ပိုင်းမှာလည်း ပိုမို ကောင်းမွန်လာခဲ့ပါတယ်။

အီဂျစ် လက်ရွေးစင် အသင်း နည်းပြဟောင်း ဖြစ်တဲ့ ဘော့ပ် ဘရက်ဒလေကတော့ ဆာလက်ဟာ နာမည်ကျော် ဘလွန်းဒီအော ၆ ဆု ရှင် လီယွန်နယ် မက်ဆီကြောင့် ပိုမို တိုးတက်လာတာလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

” ဆာလက်က က ကျနော် အီဂျစ်အသင်းကနေ ထွက်ခွာပြီး နောက်ပိုင်း အများကြီး ပို တိုးတက်လာတယ်။ သူက တကယ့် ကစားသမား ကောင်းပါ။ ကျနော် သူနဲ့ အတူရှိတုန်းက မက်ဆီကို သေချာ လေ့လာစောင့်ကြည့်ဖို့ မှာခဲ့တယ်။ ဒါက သူ့ခြေစွမ်းကို သိသိသာသာ တိုးတက်စေလိမ့်မယ် ပြောခဲ့တယ် သူက ကျနော့် အကြံကို လိုက်နာခဲ့တယ်။

အဲဒီတုန်းက သူ့ကို ကျနော့် တိုက်စစ်မှာ အထောင် ပိုလိုက်ပါ ကစားစေဖို့ လုပ်ခဲ့တယ်။ သူ့ မြန်နှုန်းကြောင့်လေ။ အခုကတော့ ကမ္ဘာ့ အကောင်းဆုံး ကစားသမားတွေထဲ သူ ပါနေပါပြီ။ ဆာလက်မှာက မက်ဆီနဲ့ ဆင်တူတဲ့ အရာတွေ ရှိတယ်။ မက်ဆီလို တည်ငြိမ်တဲ့ ခြေစွမ်းမျိုးတော့ သူ ထိန်းထားဖို့ လိုတယ်။

ဆာလက်က တကယ့် အဆုံးသတ် ကောင်းတဲ့ တိုက်စစ်မှူးဆိုတာ မြင်ကြရပါပြီ။ မက်ဆီကတော့ လုံး၀ ပြီးပြည့်စုံနေပြီပေါ့။ ဆာလက်က ဘောလုံးလည်း ကောင်းကောင်းပေးနိုင်တယ်။ ဂိုးသွင်းဖို့တော့ နည်းနည်း လောဘရှိတာပေါ့။ ” လို့ ဘရက်ဒလေ က တပည့်ဟောင်း ဆာလက် အကြောင်း သုံးသပ် ပြောဆိုခဲ့ပါတယ်။

လီဗာပူးအသင်းထံ မရောက်စဉ်က တစ်ရာသီတည်း သွင်းဂိုး ၂၀ ကျော်အောင် မသွင်းခဲ့ဖူးတဲ့ ဆာလက်ဟာ လီဗာပူးရောက်ပြီးနောက်မှာတော့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုများ သိမ်းပိုက်ကာ သိသိသာသာ တောက်ပလာခဲ့တာ အမှန်ပဲ ဖြစ်ပါတယ်။

Zawgyi – လီဗာပူးအသင္းဟာ ၂၀၁၇ မွာ ရိုးမားကေန တိုက္စစ္မွဴး ဆာလက္ကို ေခၚယူလိုက္စဥ္က ေခၚယူမႈေကာင္း ျဖစ္မယ္လို႕ ေထာက္ခံမႈေတြ နည္းပါးခဲ့ပါတယ္။ ဒါေပမယ့္ အီဂ်စ္သားက စေရာက္တဲ့ ေဘာလံုးရာသီ က စလို႔ ဂိုးေတြ ဆက္တိုက္သြင္းျပီး အဂၤလန္မွာ အစြမ္းျပေနခဲ့ပါတယ္။

ေပါင္ ၃၇ သန္း က ထိုကာလမွာေတာ့ ကစားသမား တစ္ဦးအတြက္ ၀န္ထုတ္၀န္ပိုး အနည္းနဲ႕အမ်ားေတာ့ ရွိခဲ့ျပီး ေဘာလံုးေ၀ဖန္ေရးသမား အမ်ားစုလည္း ဆာလက္ က တိမ္ျမဳပ္သြားမယ္ ယူဆခဲ့ၾကတာပါ။ ဒါေပမယ့္ ဆာလက္ကေတာ့ ေရာက္စကထက္ ပိုမိုသာ တိုးတက္လာခဲ့ျပီး အဆံုးသတ္ပိုင္းမွာလည္း ပိုမို ေကာင္းမြန္လာခဲ့ပါတယ္။

အီဂ်စ္ လက္ေရြးစင္ အသင္း နည္းျပေဟာင္း ျဖစ္တဲ့ ေဘာ့ပ္ ဘရက္ဒေလကေတာ့ ဆာလက္ဟာ နာမည္ေက်ာ္ ဘလြန္းဒီေအာ ၆ ဆု ရွင္ လီယြန္နယ္ မက္ဆီေၾကာင့္ ပိုမို တိုးတက္လာတာလို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

” ဆာလက္က က က်ေနာ္ အီဂ်စ္အသင္းကေန ထြက္ခြာျပီး ေနာက္ပိုင္း အမ်ားၾကီး ပို တိုးတက္လာတယ္။ သူက တကယ့္ ကစားသမား ေကာင္းပါ။ က်ေနာ္ သူနဲ႕ အတူရွိတုန္းက မက္ဆီကို ေသခ်ာ ေလ့လာေစာင့္ၾကည့္ဖို႔ မွာခဲ့တယ္။ ဒါက သူ႔ေျခစြမ္းကို သိသိသာသာ တိုးတက္ေစလိမ့္မယ္ ေျပာခဲ့တယ္ သူက က်ေနာ့္ အၾကံကို လိုက္နာခဲ့တယ္။

အဲဒီတုန္းက သူ႔ကို က်ေနာ့္ တိုက္စစ္မွာ အေထာင္ ပိုလိုက္ပါ ကစားေစဖို႔ လုပ္ခဲ့တယ္။ သူ႔ ျမန္နႈန္းေၾကာင့္ေလ။ အခုကေတာ့ ကမၻာ့ အေကာင္းဆံုး ကစားသမားေတြထဲ သူ ပါေနပါျပီ။ ဆာလက္မွာက မက္ဆီနဲ႕ ဆင္တူတဲ့ အရာေတြ ရွိတယ္။ မက္ဆီလို တည္ျငိမ္တဲ့ ေျခစြမ္းမ်ိဳးေတာ့ သူ ထိန္းထားဖို႔ လိုတယ္။

ဆာလက္က တကယ့္ အဆံုးသတ္ ေကာင္းတဲ့ တိုက္စစ္မွဴးဆိုတာ ျမင္ၾကရပါျပီ။ မက္ဆီကေတာ့ လံုး၀ ျပီးျပည့္စံုေနျပီေပါ့။ ဆာလက္က ေဘာလံုးလည္း ေကာင္းေကာင္းေပးနုိင္တယ္။ ဂိုးသြင္းဖို႔ေတာ့ နည္းနည္း ေလာဘရွိတာေပါ့။ ” လို႔ ဘရက္ဒေလ က တပည့္ေဟာင္း ဆာလက္ အေၾကာင္း သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

လီဗာပူးအသင္းထံ မေရာက္စဥ္က တစ္ရာသီတည္း သြင္းဂိုး ၂၀ ေက်ာ္ေအာင္ မသြင္းခဲ့ဖူးတဲ့ ဆာလက္ဟာ လီဗာပူးေရာက္ျပီးေနာက္မွာေတာ့ ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆုမ်ား သိမ္းပိုက္ကာ သိသိသာသာ ေတာက္ပလာခဲ့တာ အမွန္ပဲ ျဖစ္ပါတယ္။