ဘွန်ဒက်လီဂါသတင်းထောက် Christian Falk က ဟာသာဘာလင် ကွင်းလယ်လူ ဂရုဂျစ်ဟာ နွေမှာ လီဗာပူးအသင်းထံ ပြန်လိုကြောင်း သတင်းပေးထားပါတယ်။
မာဆေးဆိုဒ်ကို ပြန်ရောက်တဲ့အခါ မန်နေဂျာကလော့ပ်နဲ့ ဂရုဂျစ်တို့ဟာ အနာဂတ်ကိစ္စတွေကို ဆွေးနွေးကြမှာဖြစ်ပြီး ရာသီကြို မတိုင်ခင်မှာ ဆုံးဖြတ်ချက်တွေ ပြုလုပ်ကြမှာပါ။ အီတလီကလပ် လာဇီယိုကတော့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မှာ လူစာရင်း အင်အားဖြည့်ဖို့ ရည်ရွယ်နေပြီး ဂရုဂျစ်ကို စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။
ဂျာမနီလိဂ်မှာ ကွင်းလယ်လူတစ်ဦးအဖြစ် ပြောင်းလဲကစားနေတဲ့ ဂရုဂျစ်က ဒီရာသီ ပြိုင်ပွဲ ၂၇ ပွဲ ကစားပြီး ၆ ဂိုး သွင်းယူထားပါတယ်။ လီဗာပူးဘက်က လာမယ့်ရာသီမှာ ဂရုဂျစ်ကို ထပ်မံ အငှားချခြင်းထက် မှန်ကန်တဲ့ ပြောင်းရွှေ့ကြေးရရင် ရောင်းထုတ်တာမျိုးပဲ လုပ်ဖွယ်ရှိတယ်။ ဂရုဂျစ်ဟာ တန်ကြေးသိပ်မကြီးတဲ့ ကစားသမားဖြစ်ခြင်းကြောင့် လာဇီယိုဘက်က စိတ်ဝင်စားလာတာလို့ သိရပါတယ်။
အရေးကြီးဆုံးကတော့ ဘွန်ဒက်လီဂါပြီးရင် ဂရုဂျစ်ဟာ လီဗာပူးကိုပဲ ပြန်လာမှာဖြစ်ပြီး ဆွေးနွေးမှုတွေ အရင် လုပ်ဦးမှာဖြစ်တယ်။ ဆားဘီးယားသားဟာ အသက် ၂၄ နှစ်ရှိပြီဖြစ်ပြီး သူ့ရဲ့ ဈေးကွက်တန်ကြေးက ကိုရိုနာကပ်ဘေးနောက်ပိုင်းမှာ ပေါင် ၁၃ သန်း ဝန်းကျင်ဖြစ်ပါတယ်။ အဲ့သည်ဈေးနဲ့တော့ လီဗာပူးဘက်က ရောင်းထုတ်မှာ မဟုတ်ဘူးလို့ ယူဆရတယ်။
လီဗာပူးဟာ မနေ့ကပဲ ဝါရင့် ကွင်းလယ်လူ လယ်လာနာကို ရာသီအကုန်ထိ အသင်းမှာ ဆက်ရှိနေဖို့ သက်တမ်းတိုးခဲ့ပါတယ်။ အမှတ်ပေးဖလားကို အတူကိုင်မြောက်ခွင့်ရမယ့် အဆိုပါ ကာလတို စာချုပ်အပြီးမှာ လယ်လာနာက လီဗာပူးကနေ ထွက်ခွာသွားမှာဖြစ်တယ်။
စာချုပ်အလွတ်နဲ့ လယ်လာနာကို ခေါ်ယူဖို့ လက်စတာက စိတ်ဝင်စားမှု အမြင့်ဆုံးဖြစ်ပြီး မန်နေဂျာ ဘရန်ဒန် ရော်ဂျာက လယ်လာနာကို စာချုပ်ကောင်းတစ်စောင် ပေးဖို့ ပြင်ဆင်ထားပြီလို့ သိရပါတယ်။ လက်စတာဟာလည်း လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခြေအနေကောင်းနေတဲ့ အသင်းဖြစ်ပါတယ်။
ZAWGYI
ဘြန္ဒက္လီဂါသတင္းေထာက္ Christian Falk က ဟာသာဘာလင္ ကြင္းလယ္လူ ဂရုဂ်စ္ဟာ ေႏြမွာ လီဗာပူးအသင္းထံ ျပန္လိုေၾကာင္း သတင္းေပးထားပါတယ္။
မာေဆးဆိုဒ္ကို ျပန္ေရာက္တဲ့အခါ မန္ေနဂ်ာကေလာ့ပ္နဲ႔ ဂရုဂ်စ္တို႔ဟာ အနာဂတ္ကိစၥေတြကို ေဆြးေႏြးၾကမွာျဖစ္ျပီး ရာသီၾကိဳ မတိုင္ခင္မွာ ဆံုးျဖတ္ခ်က္ေတြ ျပဳလုပ္ၾကမွာပါ။ အီတလီကလပ္ လာဇီယိုကေတာ့ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္မွာ လူစာရင္း အင္အားျဖည့္ဖို႔ ရည္ရြယ္ေနျပီး ဂရဳဂ်စ္ကို စိတ္ဝင္စားလာတယ္လို႔ သိရပါတယ္။
ဂ်ာမနီလိဂ္မွာ ကြင္းလယ္လူတစ္ဦးအျဖစ္ ေျပာင္းလဲကစားေနတဲ့ ဂရုဂ်စ္က ဒီရာသီ ျပိဳင္ပြဲ ၂၇ ပြဲ ကစားျပီး ၆ ဂိုး သြင္းယူထားပါတယ္။ လီဗာပူးဘက္က လာမယ့္ရာသီမွာ ဂရုဂ်စ္ကို ထပ္မံ အငွားခ်ျခင္းထက္ မွန္ကန္တဲ့ ေျပာင္းေရႊ႔ေၾကးရရင္ ေရာင္းထုတ္တာမ်ိဳးပဲ လုပ္ဖြယ္ရွိတယ္။ ဂရုဂ်စ္ဟာ တန္ေၾကးသိပ္မၾကီးတဲ့ ကစားသမားျဖစ္ျခင္းေၾကာင့္ လာဇီယိုဘက္က စိတ္ဝင္စားလာတာလို႔ သိရပါတယ္။
အေရးၾကီးဆံုးကေတာ့ ဘြန္ဒက္လီဂါျပီးရင္ ဂရုဂ်စ္ဟာ လီဗာပူးကိုပဲ ျပန္လာမွာျဖစ္ျပီး ေဆြးေႏြးမႈေတြ အရင္ လုပ္ဦးမွာျဖစ္တယ္။ ဆားဘီးယားသားဟာ အသက္ ၂၄ ႏွစ္ရွိျပီျဖစ္ျပီး သူ႔ရဲ႕ ေစ်းကြက္တန္ေၾကးက ကိုရိုနာကပ္ေဘးေနာက္ပိုင္းမွာ ေပါင္ ၁၃ သန္း ဝန္းက်င္ျဖစ္ပါတယ္။ အဲ့သည္ေစ်းနဲ႔ေတာ့ လီဗာပူးဘက္က ေရာင္းထုတ္မွာ မဟုတ္ဘူးလို႔ ယူဆရတယ္။
လီဗာပူးဟာ မေန႔ကပဲ ဝါရင့္ ကြင္းလယ္လူ လယ္လာနာကို ရာသီအကုန္ထိ အသင္းမွာ ဆက္ရွိေနဖို႔ သက္တမ္းတိုးခဲ့ပါတယ္။ အမွတ္ေပးဖလားကို အတူကိုင္ေျမာက္ခြင့္ရမယ့္ အဆိုပါ ကာလတို စာခ်ဳပ္အျပီးမွာ လယ္လာနာက လီဗာပူးကေန ထြက္ခြာသြားမွာျဖစ္တယ္။
စာခ်ဳပ္အလြတ္နဲ႔ လယ္လာနာကို ေခၚယူဖို႔ လက္စတာက စိတ္ဝင္စားမႈ အျမင့္ဆံုးျဖစ္ျပီး မန္ေနဂ်ာ ဘရန္ဒန္ ေရာ္ဂ်ာက လယ္လာနာကို စာခ်ဳပ္ေကာင္းတစ္ေစာင္ ေပးဖို႔ ျပင္ဆင္ထားျပီလို႔ သိရပါတယ္။ လက္စတာဟာလည္း လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ အေျခအေနေကာင္းေနတဲ့ အသင္းျဖစ္ပါတယ္။