ဇွန်လ ၂၁ ရက် တနင်္ဂနွေမှာ ယှဉ်ပြိုင်ကစားမယ့် အဲဗာတန်နဲ့ လီဗာပူးပွဲကို မူလအတိုင်း ဂူဒီဆင်ပက်ခ်မှာ ကစားခွင့်မရရင် စိန့်မေရီကွင်းမှာ ပြောင်းရွှေ့ ကစားမယ်လို့ သိရပါတယ်။
ပရီးမီးယားလိဂ်က လက်ကျန် ၉၂ ပွဲမှာ သက်ဆိုင်ရာ အိမ်ကွင်းပွဲတွေ မကစားနိုင်တဲ့အခါ ကြားကွင်းအဖြစ် အသုံးပြုဖို့ စပါးကွင်းနဲ့ လက်စတာရဲ့ ကင်းပါဝါကွင်းတွေကို ရွေးချယ်ထားပါတယ်။ လုံခြုံရေးအတွက် လိုအပ်လာရင် အသုံးပြုဖို့ဖြစ်ပြီး ရွှေ့ဆိုင်းတဲ့ ဘယ်ပွဲမဆို အဆိုပါ ကွင်းတွေမှာ ကစားဖို့ ရည်ရွယ်ခြင်းဖြစ်တယ်။
ရဲအဖွဲ့က မန်စီးတီး v လီဗာပူး၊ မန်စီးတီး v နယူးကာဆယ်၊ ယူနိုက်တက် v ရှက်ဖီး၊ နယူးကာဆယ် v လီဗာပူး၊ အဲဗာတန် v လီဗာပူးပွဲနဲ့အတူ လီဗာပူးအသင်း အမှတ်ပေးဖလား အနိုင်ရမယ့်ပွဲဆိုတဲ့ ပွဲစဉ် ၆ ပွဲကို ကြားကွင်းမှာ ရွှေ့ကစားစေဖို့ တောင်းဆိုထားခြင်း ဖြစ်တယ်။
ဒါပေမယ့် ကြားကွင်းကို အရေးပေါ်ကိစ္စတွေမှ သုံးသင်းကြောင့် ပရီးမီးယားလိဂ် ကလပ်တွေက အကြံပြုခဲ့ကြသလို မာဆေးဆိုဒ်ကနေ လက်စတာကို ကားမောင်းသွားခြင်း၊ လန်ဒန်ကို ရထားနဲ့ သွားခြင်းတွေထက် ဆောက်သမ်တန်ကို လေကြောင်းနဲ့ သွားတာက ပိုမို လွယ်ကူမြန်ဆန်ကာ စိတ်ချရမယ်ဆိုတဲ့ အမြင်ကြောင့် စိန့်မေရီကို ရွေးချယ်လာခြင်းလို့ သိရပါတယ်။
ပရီးမီးယားလိဂ် ပြန်စမယ့် ပထမပတ်အတွက် ပွဲစဉ်အားလုံး ကြေညာထားရာမှာ အဲဗာတန်နဲ့ လီဗာပူးပွဲ တစ်ပွဲတည်းကိုပဲ ကစားမယ့်ကွင်း မကြေညာသေးတာဖြစ်တယ်။ လီဗာပူးမြို့တော်ဝန်ကတော့ ဂူဒီဆင်ပက်ခ်မှာ ကစားနိုင်တယ်လို့ ခွင့်ပေးထားပြီး ဒေသခံ ရဲအဖွဲ့ကလည်း ထောက်ခံထားပေမယ့် လိဂ်တာဝန်ရှိသူတွေက ရွေးချယ်မှု မလုပ်ရသေးပါဘူး။
ZAWGYI
ဇြန္လ ၂၁ ရက္ တနဂၤေႏြမွာ ယွဥ္ျပိဳင္ကစားမယ့္ အဲဗာတန္နဲ႔ လီဗာပူးပြဲကို မူလအတိုင္း ဂူဒီဆင္ပက္ခ္မွာ ကစားခြင့္မရရင္ စိန္႔ေမရီကြင္းမွာ ေျပာင္းေရႊ႔ ကစားမယ္လို႔ သိရပါတယ္။
ပရီးမီးယားလိဂ္က လက္က်န္ ၉၂ ပြဲမွာ သက္ဆုိင္ရာ အိမ္ကြင္းပြဲေတြ မကစားႏုိင္တဲ့အခါ ၾကားကြင္းအျဖစ္ အသံုးျပဳဖို႔ စပါးကြင္းနဲ႔ လက္စတာရဲ႕ ကင္းပါဝါကြင္းေတြကို ေရြးခ်ယ္ထားပါတယ္။ လံုျခံဳေရးအတြက္ လိုအပ္လာရင္ အသံုးျပဳဖို႔ျဖစ္ျပီး ေရႊ႔ဆိုင္းတဲ့ ဘယ္ပြဲမဆို အဆိုပါ ကြင္းေတြမွာ ကစားဖို႔ ရည္ရြယ္ျခင္းျဖစ္တယ္။
ရဲအဖြဲ႔က မန္စီးတီး v လီဗာပူး၊ မန္စီးတီး v နယူးကာဆယ္၊ ယူႏိုက္တက္ v ရွက္ဖီး၊ နယူးကာဆယ္ v လီဗာပူး၊ အဲဗာတန္ v လီဗာပူးပြဲနဲ႔အတူ လီဗာပူးအသင္း အမွတ္ေပးဖလား အႏုိင္ရမယ့္ပြဲဆိုတဲ့ ပြဲစဥ္ ၆ ပြဲကို ၾကားကြင္းမွာ ေရႊ႔ကစားေစဖို႔ ေတာင္းဆိုထားျခင္း ျဖစ္တယ္။
ဒါေပမယ့္ ၾကားကြင္းကို အေရးေပၚကိစၥေတြမွ သံုးသင္းေၾကာင့္ ပရီးမီးယားလိဂ္ ကလပ္ေတြက အၾကံျပဳခဲ့ၾကသလို မာေဆးဆိုဒ္ကေန လက္စတာကို ကားေမာင္းသြားျခင္း၊ လန္ဒန္ကို ရထားနဲ႔ သြားျခင္းေတြထက္ ေဆာက္သမ္တန္ကို ေလေၾကာငး္နဲ႔ သြားတာက ပိုမို လြယ္ကူျမန္ဆန္ကာ စိတ္ခ်ရမယ္ဆိုတဲ့ အျမင္ေၾကာင့္ စိန္႔ေမရီကို ေရြးခ်ယ္လာျခင္းလို႔ သိရပါတယ္။
ပရီးမီးယားလိဂ္ ျပန္စမယ့္ ပထမပတ္အတြက္ ပြဲစဥ္အားလံုုး ေၾကညာထားရာမွာ အဲဗာတန္နဲ႔ လီဗာပူးပြဲ တစ္ပြဲတည္းကိုပဲ ကစားမယ့္ကြင္း မေၾကညာေသးတာျဖစ္တယ္။ လီဗာပူးျမိဳ႕ေတာ္ဝန္ကေတာ့ ဂူဒီဆင္ပက္ခ္မွာ ကစားႏုိင္တယ္လို႔ ခြင့္ေပးထားျပီး ေဒသခံ ရဲအဖြဲ႔ကလည္း ေထာက္ခံထားေပမယ့္ လိဂ္တာဝန္ရွိသူေတြက ေရြးခ်ယ္မႈ မလုပ္ရေသးပါဘူး။