ချယ်ဆီးကွင်းလယ်လူဟောင်း မီခေးက လီဗာပူးတိုက်စစ်သမား ဆာလက်ရဲ့ တိုးတက်မှုနဲ့ တောက်ပလာမှုက သူ့ကို အံ့အားသင့်စေခဲ့တယ်လို့ ဝန်ခံလိုက်ပါတယ်။

၂၀၁၄ မှာ ဘေဆယ်ကနေ ချယ်ဆီးကို ပြောင်းခဲ့တဲ့ ဆာလက်ဟာ စတမ်းဖိုဒ့်ဘရစ်မှာ နှစ်ရာသီ ကျင်လယ်ခဲ့သူပါ။ ၂၀၁၅ မှာ ဖီအိုရင်တီးနားကို အငှားထွက်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘောလုံးရာသီကိုတော့ ရိုးမားမှာ ကစားခဲ့တယ်။ ၂၀၁၆ မှာတော့ သူက ရိုးမားကို အပြီးသတ် ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။

၂၀၁၇ မှာတော့ မန်နေဂျာကလော့ပ်ရဲ့ ခေါ်ယူမှုနဲ့ သူက လီဗာပူးကို ပြန်ပြောင်းလာခဲ့တယ်။ အဲ့ကတည်းက ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို နှစ်ကြိမ် အနိုင်ရထားသလို ချန်ပီယံလိဂ်၊ ယူအီးအက်ဖ်အေ စူပါဖလားနဲ့ ကလပ်ကမ္ဘာဖလားတို့ကို အနိုင်ရထားခဲ့တယ်။ ဆာလက်ဟာ ဘလွန်းဒီအော့ဆုမှာလည်း ထိပ်ဆုံး ၁၀ ဦးစားရင်းကို နှစ်နှစ်ဆက်တိုက် ပါဝင်လာခဲ့ပါတယ်။

ဆာလက်ရဲ့ အသင်းဖော် ဖြစ်ခဲ့ဖူးတဲ့ မီခေးက အီဂျစ်သားဟာ စည်းကမ်းရှိပြီး ခင်မင်ဖို့ကောင်းတဲ့ အပြုအမှုတွေကြောင့် ချယ်ဆီးမှာ လူချစ်လူခင် များခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခုလို ကမ္ဘာထိပ်တန်း ကစားသမားတစ်ဦး ဖြစ်လာမယ်လို့တော့ သူ မထင်ခဲ့မိကြောင်း ဝန်ခံခဲ့တယ်။

မီခေးက ပြောရာမှာ ” ဆာလက် ချယ်ဆီးကို ရောက်လာတော့ သူက လူငယ်ကစားသမားပါ။ ကောင်းမွန်တဲ့ အကျင့်စရိုက် ရှိတာကြောင့် လူတိုင်းက သူ့ကို ချစ်ခင်ကြတယ်။ သူက အတော်လေး စည်းကမ်းရှိပါတယ်။ ကျနေ်ာတို့ ခင်မင်ခဲ့ကြပြီး ပျော်ပျော်ရွှင်ရွှင်ပဲ စကားတွေ အများကြီး ပြောဖြစ်ခဲ့တယ်။ သူက သူငယ်ချင်းကောင်း တစ်ဦးလည်း ဖြစ်တယ်။

သူ့ရဲ့ တိုးတက်လာမှုအပေါ်မှာ ကျနော် မျှော်လင့်ထားခဲ့ပါတယ်။ ဒါပေမယ့် ရိုးရိုးသားသား ပြောရမယ်ဆိုရင် ဒီလောက် အဆင့်ထိ သူတိုးတက်လာမယ်လို့ ကျနော် မထင်ခဲ့ရိုး အမှန်ပါပဲ ” လို့ ဖွင့်ဟခဲ့တာဖြစ်တယ်။

ZAWGYI

ခ်ယ္ဆီးကြင္းလယ္လူေဟာင္း မီေခးက လီဗာပူးတိုက္စစ္သမား ဆာလက္ရဲ႕ တိုးတက္မႈနဲ႔ ေတာက္ပလာမႈက သူ႔ကို အံ့အားသင့္ေစခဲ့တယ္လို႔ ဝန္ခံလိုက္ပါတယ္။

၂၀၁၄ မွာ ေဘဆယ္ကေန ခ်ယ္ဆီးကို ေျပာင္းခဲ့တဲ့ ဆာလက္ဟာ စတမ္းဖိုဒ့္ဘရစ္မွာ ႏွစ္ရာသီ က်င္လယ္ခဲ့သူပါ။ ၂၀၁၅ မွာ ဖီအိုရင္တီးနားကို အငွားထြက္ခဲ့ျပီး ၂၀၁၅-၂၀၁၆ ေဘာလံုးရာသီကိုေတာ့ ရိုးမားမွာ ကစားခဲ့တယ္။ ၂၀၁၆ မွာေတာ့ သူက ရိုးမားကို အျပီးသတ္ ေျပာင္းေရႊ႔ခဲ့သူ ျဖစ္ပါတယ္။

၂၀၁၇ မွာေတာ့ မန္ေနဂ်ာကေလာ့ပ္ရဲ႕ ေခၚယူမႈနဲ႔ သူက လီဗာပူးကို ျပန္ေျပာင္းလာခဲ့တယ္။ အဲ့ကတည္းက ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆုကို ႏွစ္ၾကိမ္ အႏုိင္ရထားသလို ခ်န္ပီယံလိဂ္၊ ယူအီးအက္ဖ္ေအ စူပါဖလားနဲ႔ ကလပ္ကမၻာဖလားတို႔ကို အႏုိင္ရထားခဲ့တယ္။ ဆာလက္ဟာ ဘလြန္းဒီေအာ့ဆုမွာလည္း ထိပ္ဆံုး ၁၀ ဦးစားရင္းကို ႏွစ္ႏွစ္ဆက္တိုက္ ပါဝင္လာခဲ့ပါတယ္။

ဆာလက္ရဲ႕ အသင္းေဖာ္ ျဖစ္ခဲ့ဖူးတဲ့ မီေခးက အီဂ်စ္သားဟာ စည္းကမ္းရွိျပီး ခင္မင္ဖို႔ေကာင္းတဲ့ အျပဳအမႈေတြေၾကာင့္ ခ်ယ္ဆီးမွာ လူခ်စ္လူခင္ မ်ားခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ အခုလို ကမၻာထိပ္တန္း ကစားသမားတစ္ဦး ျဖစ္လာမယ္လို႔ေတာ့ သူ မထင္ခဲ့မိေၾကာင္း ဝန္ခံခဲ့တယ္။

မီေခးက ေျပာရာမွာ ” ဆာလက္ ခ်ယ္ဆီးကို ေရာက္လာေတာ့ သူက လူငယ္ကစားသမားပါ။ ေကာင္းမြန္တဲ့ အက်င့္စရိုက္ ရွိတာေၾကာင့္ လူတိုင္းက သူ႔ကို ခ်စ္ခင္ၾကတယ္။ သူက အေတာ္ေလး စည္းကမ္းရွိပါတယ္။ က်ေန္ာတို႔ ခင္မင္ခဲ့ၾကျပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ပဲ စကားေတြ အမ်ားၾကီး ေျပာျဖစ္ခဲ့တယ္။ သူက သူငယ္ခ်င္းေကာင္း တစ္ဦးလည္း ျဖစ္တယ္။

သူ႔ရဲ႕ တိုးတက္လာမႈအေပၚမွာ က်ေနာ္ ေမွ်ာ္လင့္ထားခဲ့ပါတယ္။ ဒါေပမယ့္ ရိုးရိုးသားသား ေျပာရမယ္ဆိုရင္ ဒီေလာက္ အဆင့္ထိ သူတိုးတက္လာမယ္လို႔ က်ေနာ္ မထင္ခဲ့ရိုး အမွန္ပါပဲ ” လို႔ ဖြင့္ဟခဲ့တာျဖစ္တယ္။