၂၀၂၁ ခုနှစ် အာဖရိကဖလားဟာ ကိုရိုနာ ကပ်ဘေးနောက်ပိုင်း လက်ရွေးစင်ပြိုင်ပွဲတွေ မရေရာမှုနဲ့အတူ ၂၀၂၂ ခုနှစ်ထိ နောက်ဆုတ်သွားဖို့ ရှိနေကြောင်း လီဗာပူးသတင်းထောက် Simon Hughes က သတင်းပေးလာပါတယ်။
၂၀၁၉ ခုနှစ် အာဖရိကဖလားကို နွေမှာ ကစားခဲ့ပေမယ့် ၂၀၂၁ ခုနှစ် ဖလားကိုတော့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီကြားမှာ ကစားဖို့ စီစဉ်ခဲ့တာပါ။ အဆိုပါ ကာလဟာ ဥရောပမှာ ကလပ်ပွဲတွေ အရှိန်မြင့်နေတဲ့ အချိန်ဖြစ်ပါတယ်။ လီဗာပူးက အာဖရိက ကစားသမားတွေဖြစ်တဲ့ ဆာလက်၊ ဆာဒီယိုမာနေးနဲ့ နာဘီ ကီတာတို့ကို လက်လွတ်ပေးရမှာပါ။
သက်ဆိုင်ရာ လက်ရွေးစင်တွေရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ သူတို့ကို လက်လွတ်ရမှာက ထိုးနှက်ချက် ဖြစ်တာကြောင့် မန်နေဂျာကလော့ပ်ဟာ အစားထိုးဖို့ ကစားသမား ရှာဖွေခဲ့ပြီး တီမိုဝါနာကို ဦးစားပေးအဖြစ် သက်မှတ်ခဲ့တာဖြစ်တယ်။ ဒါပေမယ့် ပြောင်းလဲလာတဲ့ အနေအထားမှာ လာမယ့်ရာသီအတွက် တိုက်စစ်သမားတွေကို လက်လွတ်ရမှာ မဟုတ်ခြင်းကလည်း ဝါနာ အပြောင်းအရွှေ့ မဖြစ်ခဲ့ခြင်းရဲ့ အဓိက အကြောင်းရင်း ဖြစ်လာပါတယ်။
အာဖရိကဖလားကို ကျင်းပဖို့ရာ ရာသီဥတု အဆင်ပြေဆုံးဖြစ်တဲ့ ဖေဖော်ဝါရီလို ကာလကို ကစားဖို့ပဲ ရည်ရွယ်ခဲ့တာဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွင်း လုံးဝ ကစားဖို့ အဆင်မပြေတော့ပါဘူး။ ဒါကြောင့် ၂၀၂၂ ခုနှစ်ရဲ့ နိုဝင်ဘာလ ၂၁ ရက်ကနေ ဒီဇင်ဘာလ ၁၈ ရက်နေ့ကို ရွှေ့ဆိုင်းဖို့ ပြင်ဆင်နေတယ်။
၂၀၂၂ မှာ ကမ္ဘာဖလားပြိုင်ပွဲ ကစားဖို့ ရှိနေတာကြောင့် ကမ္ဘာဖလားသည် ဦးစားပေးဖြစ်ပြီး အဲ့နောက်ပိုင်းမှ အာဖရိကဖလားပြိုင်ပွဲကို စီစဉ်မျာ ဖြစ်ပါတယ်။ လီဗာပူးအတွက်ကတော့ ကိုရိုနာကပ်ဘေးကြောင့် ရိုက်ခတ်လာမယ့် အခြေအနေ အရပ်ရပ်ကို ရင်ဆိုင်ရမယ့် ကာလမှာ ဆာလက်နဲ့ မာနေးကို ဆက်ထိန်းထားနိုင်မှာက သတင်းကြီးတစ်ခုပဲ ဖြစ်ပါတယ်။
ZAWGYI
၂၀၂၁ ခုႏွစ္ အာဖရိကဖလားဟာ ကိုရိုနာ ကပ္ေဘးေနာက္ပိုင္း လက္ေရြးစင္ျပိဳင္ပြဲေတြ မေရရာမႈနဲ႔အတူ ၂၀၂၂ ခုႏွစ္ထိ ေနာက္ဆုတ္သြားဖို႔ ရွိေနေၾကာင္း လီဗာပူးသတင္းေထာက္ Simon Hughes က သတင္းေပးလာပါတယ္။
၂၀၁၉ ခုႏွစ္ အာဖရိကဖလားကို ေႏြမွာ ကစားခဲ့ေပမယ့္ ၂၀၂၁ ခုႏွစ္ ဖလားကိုေတာ့ ဇန္နဝါရီနဲ႔ ေဖေဖာ္ဝါရီၾကားမွာ ကစားဖို႔ စီစဥ္ခဲ့တာပါ။ အဆိုပါ ကာလဟာ ဥေရာပမွာ ကလပ္ပြဲေတြ အရွိန္ျမင့္ေနတဲ့ အခ်ိန္ျဖစ္ပါတယ္။ လီဗာပူးက အာဖရိက ကစားသမားေတြျဖစ္တဲ့ ဆာလက္၊ ဆာဒီယိုမာေနးနဲ႔ နာဘီ ကီတာတို႔ကို လက္လြတ္ေပးရမွာပါ။
သက္ဆိုင္ရာ လက္ေရြးစင္ေတြရဲ႕ အဓိက ကစားသမားေတြျဖစ္တဲ့ သူတို႔ကို လက္လြတ္ရမွာက ထိုးႏွက္ခ်က္ ျဖစ္တာေၾကာင့္ မန္ေနဂ်ာကေလာ့ပ္ဟာ အစားထိုးဖို႔ ကစားသမား ရွာေဖြခဲ့ျပီး တီမိုဝါနာကို ဦးစားေပးအျဖစ္ သက္မွတ္ခဲ့တာျဖစ္တယ္။ ဒါေပမယ့္ ေျပာင္းလဲလာတဲ့ အေနအထားမွာ လာမယ့္ရာသီအတြက္ တိုက္စစ္သမားေတြကို လက္လြတ္ရမွာ မဟုတ္ျခင္းကလည္း ဝါနာ အေျပာင္းအေရႊ႔ မျဖစ္ခဲ့ျခင္းရဲ႕ အဓိက အေၾကာင္းရင္း ျဖစ္လာပါတယ္။
အာဖရိကဖလားကို က်င္းပဖို႔ရာ ရာသီဥတု အဆင္ေျပဆံုးျဖစ္တဲ့ ေဖေဖာ္ဝါရီလို ကာလကို ကစားဖို႔ပဲ ရည္ရြယ္ခဲ့တာျဖစ္ျပီး ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီအတြင္း လံုးဝ ကစားဖို႔ အဆင္မေျပေတာ့ပါဘူး။ ဒါေၾကာင့္ ၂၀၂၂ ခုႏွစ္ရဲ႕ ႏိုဝင္ဘာလ ၂၁ ရက္ကေန ဒီဇင္ဘာလ ၁၈ ရက္ေန႔ကို ေရႊ႔ဆိုင္းဖို႔ ျပင္ဆင္ေနတယ္။
၂၀၂၂ မွာ ကမၻာဖလားျပိဳင္ပြဲ ကစားဖို႔ ရွိေနတာေၾကာင့္ ကမၻာဖလားသည္ ဦးစားေပးျဖစ္ျပီး အဲ့ေနာက္ပိုင္းမွ အာဖရိကဖလားျပိဳင္ပြဲကို စီစဥ္မ်ာ ျဖစ္ပါတယ္။ လီဗာပူးအတြက္ကေတာ့ ကိုရိုနာကပ္ေဘးေၾကာင့္ ရိုက္ခတ္လာမယ့္ အေျခအေန အရပ္ရပ္ကို ရင္ဆိုင္ရမယ့္ ကာလမွာ ဆာလက္နဲ႔ မာေနးကို ဆက္ထိန္းထားႏုိင္မွာက သတင္းၾကီးတစ္ခုပဲ ျဖစ္ပါတယ္။