ဇွန်လ ၂၁ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် အဲဗာတန်နဲ့ လီဗာပူးတို့ရဲ့ မာဆေးဆိဒ် ဒါဘီပွဲကို မူလအတိုင်း အဲဗာတန်အိမ်ကွင်း ဂူဒီဆင်ပက်ခ်မှာ ကစားခွင့်ပေးဖို့ သဘောတူညီခဲ့ပြီဖြစ်ပါတယ်။

အကယ်လို့ အစောပိုင်းမှာ ယှဉ်ပြိုင်မယ့် မန်စီးတီးနဲ့ အာဆင်နယ်ပွဲမှာ ဂန်းနားတို့ အနိုင်ရခဲ့မယ်ဆိုရင် အဲဗာတန်နဲ့ပွဲက လီဗာပူး ပရီးမီးယားလိဂ်ဖလား အနိုင်ရနိုင်တဲ့ အဆုံးအဖြတ်ပွဲ ဖြစ်သွားနိုင်တာပါ။ ဒီဟာ လီဗာပူးမြို့အတွင်း ပွဲဆူမှုတွေ ဖြစ်သွားနိုင်ပေမယ့်လည်း အခြားသော ကြားကွင်းထပ်ရွှေ့မှာ မဟုတ်ဘဲ ဂူဒီဆင်ပက်ခ်မှာ ကစားခွင့် ပေးမှာဖြစ်ပါတယ်။

လက်ရှိ အဲဗာတန်အသင်းကိုတော့ မန်နေဂျာယာဂင်ကလော့ပ်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေဖြစ်သူ ကားလိုစ် အန်ဆယ်လော့တီက တာဝန်ယူနေပါတယ်။ သူတို့နှစ်ဦးက အတော်လေး ခင်မင်ကြသူတွေဖြစ်ပြီး ကလော့ပ်ကတော့ အီတလီသားကြီးက တကယ် မြေခွေးကြီးလို့ အားရပါးရ ညွှန်းဆိုထားဖူးပါတယ်။

ကလော့ပ်က ” ကားလိုကို ကျနော် သဘောကျတယ်၊ သူကို အရမ်းလည်း လေးစားတယ်။ သူက ကမ္ဘာထိပ်တန်း ကစားသမားဖြစ်ခဲ့သလို ကမ္ဘာအဆင့် မန်နေဂျာတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဂျာမနီမှာ ကျနေ်ာတို့ ပြောတတ်သလိုပေါ့။ သူက သိပ်တော်တဲ့ မြေခွေးကြီးဖြစ်ပါတယ်။

ကျနေ်ာတို့အကြောင်း အကောင်းတွေပဲ ပြောလိမ့်မယ်၊ ကျနော်နဲ့ ပက်သက်ပြီး ပွဲမတိုင်ခင်မှာ ကောင်းတာတွေပဲ ရွှေး ပြောလိမ့်မယ်။ အဲ့တာတွေက ကြားရတာတော့ သိပ်ကောင်းတာပေါ့။ ဒါပေမယ့် နည်းစနစ်မှာတော့ သူက အကြာကြီး လုပ်လာခဲ့တာလေ။ ကျနော် နည်းစနစ်ကောင်းတွေ မထုတ်နိုင်ဖို့ သူ ကြိုးစားလိမ့်မယ်။ တကယ် စိန်ခေါ်မှုတွေအတွက် ကျနော်က အဆင်သင့်ပါပဲ ” လို့ ဆိုထားခဲ့ဖူးတာ ဖြစ်ပါတယ်။

အန်ဆယ်လော့တီဟာ ဝါရင့် မန်နေဂျာတစ်ဦးဖြစ်သလို အပြောအဆို ပါးနပ်ပြီး နည်းစနစ် ကြွယ်ဝသူဖြစ်တယ်။ မကြာခင်မှာ သူဟာ လီဗာပူးနဲ့ ပက်သက်ပြီး အကောင်းတွေ ထုတ်ပြောလာတော့မှာ ဖြစ်ပေမယ့် ဒီမြေခွေးအိုက မာဆေးဆိုဒ် ဒါဘီကို အလျော့ပေးဖို့ ဝင်လာမှာတော့ မဟုတ်ပါဘူ။

ZAWGYI

ဇြန္လ ၂၁ ရက္ေန႔မွာ ယွဥ္ျပိဳင္ကစားမယ့္ အဲဗာတန္နဲ႔ လီဗာပူးတို႔ရဲ႕ မာေဆးဆိဒ္ ဒါဘီပြဲကို မူလအတိုင္း အဲဗာတန္အိမ္ကြင္း ဂူဒီဆင္ပက္ခ္မွာ ကစားခြင့္ေပးဖို႔ သေဘာတူညီခဲ့ျပီျဖစ္ပါတယ္။

အကယ္လို႔ အေစာပိုင္းမွာ ယွဥ္ျပိဳင္မယ့္ မန္စီးတီးနဲ႔ အာဆင္နယ္ပြဲမွာ ဂန္းနားတို႔ အႏုိင္ရခဲ့မယ္ဆိုရင္ အဲဗာတန္နဲ႔ပြဲက လီဗာပူး ပရီးမီးယားလိဂ္ဖလား အႏုိင္ရႏုိင္တဲ့ အဆံုးအျဖတ္ပြဲ ျဖစ္သြားႏုိင္တာပါ။ ဒီဟာ လီဗာပူးျမိဳ႔အတြင္း ပြဲဆူမႈေတြ ျဖစ္သြားႏုိင္ေပမယ့္လည္း အျခားေသာ ၾကားကြင္းထပ္ေရႊ႔မွာ မဟုတ္ဘဲ ဂူဒီဆင္ပက္ခ္မွာ ကစားခြင့္ ေပးမွာျဖစ္ပါတယ္။

လက္ရွိ အဲဗာတန္အသင္းကိုေတာ့ မန္ေနဂ်ာယာဂင္ကေလာ့ပ္ရဲ႕ ရင္းႏွီးတဲ့ မိတ္ေဆြျဖစ္သူ ကားလိုစ္ အန္ဆယ္ေလာ့တီက တာဝန္ယူေနပါတယ္။ သူတို႔ႏွစ္ဦးက အေတာ္ေလး ခင္မင္ၾကသူေတြျဖစ္ျပီး ကေလာ့ပ္ကေတာ့ အီတလီသားၾကီးက တကယ္ ေျမေခြးၾကီးလို႔ အားရပါးရ ညႊန္းဆိုထားဖူးပါတယ္။

ကေလာ့ပ္က ” ကားလိုကို က်ေနာ္ သေဘာက်တယ္၊ သူကို အရမ္းလည္း ေလးစားတယ္။ သူက ကမၻာထိပ္တန္း ကစားသမားျဖစ္ခဲ့သလို ကမၻာအဆင့္ မန္ေနဂ်ာတစ္ဦးလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ ဂ်ာမနီမွာ က်ေန္ာတို႔ ေျပာတတ္သလိုေပါ့။ သူက သိပ္ေတာ္တဲ့ ေျမေခြးၾကီးျဖစ္ပါတယ္။

က်ေန္ာတို႔အေၾကာင္း အေကာင္းေတြပဲ ေျပာလိမ့္မယ္၊ က်ေနာ္နဲ႔ ပက္သက္ျပီး ပြဲမတိုင္ခင္မွာ ေကာင္းတာေတြပဲ ေရႊး ေျပာလိမ့္မယ္။ အဲ့တာေတြက ၾကားရတာေတာ့ သိပ္ေကာင္းတာေပါ့။ ဒါေပမယ့္ နည္းစနစ္မွာေတာ့ သူက အၾကာၾကီး လုပ္လာခဲ့တာေလ။ က်ေနာ္ နည္းစနစ္ေကာင္းေတြ မထုတ္ႏုိင္ဖို႔ သူ ၾကိဳးစားလိမ့္မယ္။ တကယ္ စိန္ေခၚမႈေတြအတြက္ က်ေနာ္က အဆင္သင့္ပါပဲ ” လို႔ ဆိုထားခဲ့ဖူးတာ ျဖစ္ပါတယ္။

အန္ဆယ္ေလာ့တီဟာ ဝါရင့္ မန္ေနဂ်ာတစ္ဦးျဖစ္သလို အေျပာအဆို ပါးနပ္ျပီး နည္းစနစ္ ၾကြယ္ဝသူျဖစ္တယ္။ မၾကာခင္မွာ သူဟာ လီဗာပူးနဲ႔ ပက္သက္ျပီး အေကာင္းေတြ ထုတ္ေျပာလာေတာ့မွာ ျဖစ္ေပမယ့္ ဒီေျမေခြးအိုက မာေဆးဆိုဒ္ ဒါဘီကို အေလ်ာ့ေပးဖို႔ ဝင္လာမွာေတာ့ မဟုတ္ပါဘူ။