UNICODE – လီဗာပူးကွင်းလယ်လူ ဝိုက်နယ်ဒမ်က အသင်းဖော်တွေထဲမှာ တောင်းဆိုမှု သိပ်များပြီး အသင်းအတွက် အပြည့်အဝ အာရုံစိုက်တဲ့ အသင်းဖော် နှစ်ဦးအကြောင်း ထုတ်ပြောလာပါတယ်။
ဂီနီက ပြောရာမှာ “ အရမ်းကောင်းတဲ့ ဦးဆောင်မှုရှိတဲ့ ကစားသမား အနည်းငယ်နဲ့ တွဲကစားဖူးပါတယ်။ ကီဗင် စထရူးမန်းနဲ့ ဂျော်ဒန် ဟန်ဒါဆန်တို့လို ကစားသမားတွေပေါ့။ နောက်ပြီး မက် ဗန်ဗွန်မယ်ပေါ့။ သူတို့ သုံးဦးထဲက တစ်ဦးကို ရွေးဆိုရင်တော့ ဟန်ဒါဆန်ကို ရွေးလိုပါတယ်။
ကွင်းထဲမှာ ဟန်ဒါဆန်ရဲ့ တတွတ်တွတ် မှာကြားနေမှုတွေက စိတ်တိုဖို့ ကောင်းပါတယ်။ ဒါပေမယ့် သူဒါကို ဘာလို့ လုပ်နေရသလဲဆိုတာကို စဉ်းစားမိရင် ဒါက အသင်းနဲ့ ကိုယ်ကို ကူညီဖို့ ကြိုးစားနေတယ်ဆိုတာ မြင်လိမ့်မယ်။ ဒါကြောင့်လည်း ဟန်ဒါဆန်လိုနဲ့ တွဲကစားရတာကို ကျနေ်ာတို့ ပျော်ပြီး အသိအမှတ် ပြုရတာဖြစ်ပါတယ်။ ” လို့ဖြစ်တယ်။
သူကိုယ်တိုင်ကလည်း လီဗာပူးနဲ့ နယ်သာလန်ရဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်တဲ့ ဂီနီဟာ ဟန်ဒါဆန် နည်းတူ စံနမူနာအဖြစ် ထားရတဲ့ အသင်းဖော် တစ်ဦး ရှိပါသေးတယ်။ သူကတော့ ဘယ်တော့မှ မရပ်တဲ့ မီလ်နာကြီးပဲ ဖြစ်ပါတယ်။
ဂီနီက ဆက်ပြီး ပြောရာမှာ “ မီလ်နာရဲ့ ကစားအားက မယုံနိုင်စရာကြီးပါ။ ပွဲထဲမှာကော လေ့ကျင့်ရေးမှာပါ သူ ဘယ်လောက်ထိ ကြံ့ခိုင်ပြီး ကစားနိုင်သလဲဆိုတာကို ကျနော် မြင်နေရတယ်။ သူ့လို အဆင့်ကို ရောက်နိုင်ဖို့ကို မျှော်လင့်ထားပါတယ်။
သူက ဘယ်တော့မှ မရပ်ဘူး။ သူနဲ့ ရင်ဆိုင်ကစားရတာကလည်း အရမ်း ခက်ခဲတယ် ဘာလို့လည်းဆိုတော့ မီလ်နာက အစွမ်းကုန် ပေးဆပ်ဖို့ကို ဘယ်တော့မှ တွန့်တိုတဲ့ ကစားသမား မဟုတ်လို့ပါပဲ။ ဒီတော့ ကိုယ်က ရာနှုန်းပြည့် အာရုံမစိုက်ရင်၊ အချိန်ပြည့် အာရုံမစိုက်ရင် သူ့ကို အရေးနိမ့်မှာပဲ သိပ်ကို မာကျော ခက်ခဲတဲ့ ပြိုင်ဘက်ကောင်းတစ်ဦးပါ ” လို့ ပြောဆိုခဲ့တာဖြစ်တယ်။
ဟန်ဒါဆန်နဲ့ မီလ်နာတို့ဟာ လီဗာပူးအသင်းရဲ့ အဝတ်လဲခန်းမှာ တောင်းဆိုမှု သိပ်များတဲ့ စီနီယာတွေဖြစ်ပြီး အသင်းဖော်တွေကို လုံ့ဆော်ပေးဖို့လည်း အမြဲတမ်း အဆင်သင့် ရှိနေကြသူတွေပါ။ သူတို့ရဲ့ အမူအကျင့် ကောင်းတွေက လူငယ်တွေအတွက် စံနမူနာဖြစ်သလို လီဗာပူးကိုလည်း ကိုယ်စားပြုတဲ့အထိ ထူးချွန်ကြသူတွေ ဖြစ်ကြပါတယ်။
ZAWGYI – လီဗာပူးကြင္းလယ္လူ ဝိုက္နယ္ဒမ္က အသင္းေဖာ္ေတြထဲမွာ ေတာင္းဆိုမႈ သိပ္မ်ားျပီး အသင္းအတြက္ အျပည့္အဝ အာရံုစိုက္တဲ့ အသင္းေဖာ္ ႏွစ္ဦးအေၾကာင္း ထုတ္ေျပာလာပါတယ္။
ဂီနီက ေျပာရာမွာ “ အရမ္းေကာင္းတဲ့ ဦးေဆာင္မႈရွိတဲ့ ကစားသမား အနည္းငယ္နဲ႔ တြဲကစားဖူးပါတယ္။ ကီဗင္ စထရူးမန္းနဲ႔ ေဂ်ာ္ဒန္ ဟန္ဒါဆန္တို႔လို ကစားသမားေတြေပါ့။ ေနာက္ျပီး မက္ ဗန္ဗြန္မယ္ေပါ့။ သူတို႔ သံုးဦးထဲက တစ္ဦးကို ေရြးဆိုရင္ေတာ့ ဟန္ဒါဆန္ကို ေရြးလိုပါတယ္။
ကြင္းထဲမွာ ဟန္ဒါဆန္ရဲ႕ တတြတ္တြတ္ မွာၾကားေနမႈေတြက စိတ္တိုဖို႔ ေကာင္းပါတယ္။ ဒါေပမယ့္ သူဒါကို ဘာလို႔ လုပ္ေနရသလဲဆိုတာကို စဥ္းစားမိရင္ ဒါက အသင္းနဲ႔ ကိုယ္ကို ကူညီဖို႔ ၾကိဳးစားေနတယ္ဆိုတာ ျမင္လိမ့္မယ္။ ဒါေၾကာင့္လည္း ဟန္ဒါဆန္လိုနဲ႔ တြဲကစားရတာကို က်ေန္ာတုိ႔ ေပ်ာ္ျပီး အသိအမွတ္ ျပဳရတာျဖစ္ပါတယ္။ ” လို႔ျဖစ္တယ္။
သူကိုယ္တုိင္ကလည္း လီဗာပူးနဲ႔ နယ္သာလန္ရဲ႕ ေခါင္းေဆာင္ေတြထဲက တစ္ဦးျဖစ္တဲ့ ဂီနီဟာ ဟန္ဒါဆန္ နည္းတူ စံနမူနာအျဖစ္ ထားရတဲ့ အသင္းေဖာ္ တစ္ဦး ရွိပါေသးတယ္။ သူကေတာ့ ဘယ္ေတာ့မွ မရပ္တဲ့ မီလ္နာၾကီးပဲ ျဖစ္ပါတယ္။
ဂီနီက ဆက္ျပီး ေျပာရာမွာ “ မီလ္နာရဲ႕ ကစားအားက မယံုႏုိင္စရာၾကီးပါ။ ပြဲထဲမွာေကာ ေလ့က်င့္ေရးမွာပါ သူ ဘယ္ေလာက္ထိ ၾကံ႕ခိုင္ျပီး ကစားႏုိင္သလဲဆိုတာကို က်ေနာ္ ျမင္ေနရတယ္။ သူ႔လို အဆင့္ကို ေရာက္ႏုိင္ဖို႔ကို ေမွ်ာ္လင့္ထားပါတယ္။
သူက ဘယ္ေတာ့မွ မရပ္ဘူး။ သူနဲ႔ ရင္ဆိုင္ကစားရတာကလည္း အရမ္း ခက္ခဲတယ္ ဘာလို႔လည္းဆိုေတာ့ မီလ္နာက အစြမ္းကုန္ ေပးဆပ္ဖို႔ကို ဘယ္ေတာ့မွ တြန္႔တိုတဲ့ ကစားသမား မဟုတ္လို႔ပါပဲ။ ဒီေတာ့ ကိုယ္က ရာႏႈန္းျပည့္ အာရံုမစိုက္ရင္၊ အခ်ိန္ျပည့္ အာရံုမစိုက္ရင္ သူ႔ကို အေရးနိမ့္မွာပဲ သိပ္ကို မာေက်ာ ခက္ခဲတဲ့ ျပိဳင္ဘက္ေကာင္းတစ္ဦးပါ ” လို႔ ေျပာဆိုခ့ဲတာျဖစ္တယ္။
ဟန္ဒါဆန္နဲ႔ မီလ္နာတို႔ဟာ လီဗာပူးအသင္းရဲ႕ အဝတ္လဲခန္းမွာ ေတာင္းဆိုမႈ သိပ္မ်ားတဲ့ စီနီယာေတြျဖစ္ျပီး အသင္းေဖာ္ေတြကို လံု႔ေဆာ္ေပးဖို႔လည္း အျမဲတမ္း အဆင္သင့္ ရွိေနၾကသူေတြပါ။ သူတို႔ရဲ႕ အမူအက်င့္ ေကာင္းေတြက လူငယ္ေတြအတြက္ စံနမူနာျဖစ္သလို လီဗာပူးကိုလည္း ကိုယ္စားျပဳတဲ့အထိ ထူးခၽြန္ၾကသူေတြ ျဖစ္ၾကပါတယ္။