အက်ဖ်အေဖလား စတုတ္ထအဆင့် ပြိုင်ပွဲမှာ အဓိက လူစာရင်း ထုတ်မသုံးခြင်းကြောင့် လီဗာပူးအသင်းကို အရေးယူပေးဖို့ လိဂ်ဝမ်းကလပ် ရှရူဘူရီအသင်းရဲ့ တောင်းဆိုထားမှုကို အက်ဖ်အေက ပယ်ချလိုက်ပြီ ဖြစ်ပါတယ်။
ရုရူဘူရီအသင်း အမှုဆောင်ချုပ်က လီဗာပူးဘက်က အဓိက ကစားသမားတွေ ပါဝင်တဲ့ အသင်းကို မထုတ်သုံးခဲ့ခြင်းဟာ အက်ဖ်အေဖလားပြိုင်ပွဲ စည်းကမ်းကို ချိုးဖောက်ခဲ့ခြင်းဖြစ်ကာ အဆိုပါ ဖြစ်ရပ်ကြောင့် ရုပ်သံလွှင့်ခွင့် မရခဲ့ရာက ရုပ်သံဝင်ငွေ မရခြင်းအပေါ် လီဗာပူးအသင်းဟာ တိုင်ကြားမှု လုပ်ထားခဲ့တာဖြစ်တယ်။
၂၀၁၉-၂၀၂၀ ဘောလုံးရာသီ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲအဖြစ် လိဂ်ဝမ်းကလပ် ရှရူဘူရီအသင်းနဲ့ ယှဉ်ပြိုင်ရာမှာ သရေရလဒ်ပဲ ထွက်ပေါ်ခဲ့တာကြောင့် ဒုတိယအကျော့အဖြစ် အန်ဖီးကွင်းမှာ ပြန်ကန်ပွဲ ကစားခဲ့ရပါတယ်။ ပြန်ကန်ပွဲကို မန်နေဂျာအဖြစ် ကလော့ပ် ကိုင်တွယ်ခဲ့ခြင်း မရှိသလို သူဟာ အန်ဖီးကွင်းမှာလည်း ရှိမနေခဲ့ပါဘူး။
အက်ဖ်အေ ပြန်ကန်ပွဲဟာ ဖေဖော်ဝါရီလထဲမှာ ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်ပြီး အဆိုပါ ကာလက လီဗာပူးအသင်း ဆောင်းရာသီ အနားပေးမယ့် ကာလနဲ့ တိုက်နေတာကြောင့် ပွဲစဉ် ပြဿနာဖြစ်ခဲ့တာပါ။ တစ်ရာသီလုံး နားရက်မရဖြစ်နေတဲ့ အသင်းသားတွေကို အားလပ်ရက်ပေးဖို့ ဒူးဘိုင်းကိုသွားပြီး လေ့ကျင့်ရေးတွေ လုပ်ဖို့တောင် ပယ်ဖျက်ထားတဲ့ လီဗာပူးဟာ ပြန်ကန်ပွဲအတွက်ကြောင့် အနားပေးမှုကို ပြန်ရုတ်သိမ်းခဲ့ခြင်း မရှိတာဖြစ်တယ်။
ရှရူဘူရီဟာ ပေါင် ၁ သန်းလောက် အကျိုးအမြတ်ကြီး ရဖို့ရှိခဲ့ပြီး ဒီပမာဏဟာ ဘဏ္ဍာရေးကို ကြီးကြီးမားမား အထောက်အကူပေးနိုင်ကာ ၎င်းတို့ကလပ်ရဲ့ အခက်အခဲတွေကို ပြေလည်စေမှာပါ။ ဒါပေမယ့် လီဗာပူးက အဓိကအသင်းကို မသုံးခြင်းကြောင့် ပြန်ကန်ပွဲအတွက် ရုပ်သံလွှင့်ခွင့် မရဖြစ်ခဲ့ပြီး ရုပ်သံဌာနတွေက လီဗာပူးပွဲကို ထုတ်လွှင့်ခြင်း မပြုဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်။
အဆိုပါ ဖြစ်ရပ်အတွက် တိုင်ကြားမှုဟာ ၄ လအကြာမှာ ဆုံးဖြတ်ချက် ထွက်လာခဲ့တာဖြစ်ပြီး အက်ဖ်အေကတော့ ဆက်လက် စုံစမ်းဖို့ကော အရေးယူဖို့ပါ မရှိဘူးဆိုပြီး ပယ်ချခဲ့တာဖြစ်ပါတယ်။
ZAWGYI
အက္ဖ္ေအဖလား စတုတၳအဆင့္ ျပိဳင္ပြဲမွာ အဓိက လူစာရင္း ထုတ္မသံုးျခင္းေၾကာင့္ လီဗာပူးအသင္းကို အေရးယူေပးဖို႔ လိဂ္ဝမ္းကလပ္ ရွရူဘူရီအသင္းရဲ႕ ေတာင္းဆိုထားမႈကို အက္ဖ္ေအက ပယ္ခ်လိုက္ျပီ ျဖစ္ပါတယ္။
ရုရူဘူရီအသင္း အမႈေဆာင္ခ်ဳပ္က လီဗာပူးဘက္က အဓိက ကစားသမားေတြ ပါဝင္တဲ့ အသင္းကို မထုတ္သံုးခဲ့ျခင္းဟာ အက္ဖ္ေအဖလားျပိဳင္ပြဲ စည္းကမ္းကို ခ်ိဳးေဖာက္ခဲ့ျခင္းျဖစ္ကာ အဆိုပါ ျဖစ္ရပ္ေၾကာင့္ ရုပ္သံလႊင့္ခြင့္ မရခဲ့ရာက ရုပ္သံဝင္ေငြ မရျခင္းအေပၚ လီဗာပူးအသင္းဟာ တိုင္ၾကားမႈ လုပ္ထားခဲ့တာျဖစ္တယ္။
၂၀၁၉-၂၀၂၀ ေဘာလံုးရာသီ အက္ဖ္ေအဖလား စတုတၳအဆင့္ပြဲအျဖစ္ လိဂ္ဝမ္းကလပ္ ရွရူဘူရီအသင္းနဲ႔ ယွဥ္ျပိဳင္ရာမွာ သေရရလဒ္ပဲ ထြက္ေပၚခဲ့တာေၾကာင့္ ဒုတိယအေက်ာ့အျဖစ္ အန္ဖီးကြင္းမွာ ျပန္ကန္ပြဲ ကစားခဲ့ရပါတယ္။ ျပန္ကန္ပြဲကို မန္ေနဂ်ာအျဖစ္ ကေလာ့ပ္ ကိုင္တြယ္ခဲ့ျခင္း မရွိသလို သူဟာ အန္ဖီးကြင္းမွာလည္း ရွိမေနခဲ့ပါဘူး။
အက္ဖ္ေအ ျပန္ကန္ပြဲဟာ ေဖေဖာ္ဝါရီလထဲမွာ ယွဥ္ျပိဳင္ခဲ့ရျခင္းျဖစ္ျပီး အဆိုပါ ကာလက လီဗာပူးအသင္း ေဆာင္းရာသီ အနားေပးမယ့္ ကာလနဲ႔ တိုက္ေနတာေၾကာင့္ ပြဲစဥ္ ျပႆနာျဖစ္ခဲ့တာပါ။ တစ္ရာသီလံုး နားရက္မရျဖစ္ေနတဲ့ အသင္းသားေတြကို အားလပ္ရက္ေပးဖို႔ ဒူးဘိုင္းကိုသြားျပီး ေလ့က်င့္ေရးေတြ လုပ္ဖို႔ေတာင္ ပယ္ဖ်က္ထားတဲ့ လီဗာပူးဟာ ျပန္ကန္ပြဲအတြက္ေၾကာင့္ အနားေပးမႈကို ျပန္ရုတ္သိမ္းခဲ့ျခင္း မရွိတာျဖစ္တယ္။
ရွရူဘူရီဟာ ေပါင္ ၁ သန္းေလာက္ အက်ိဳးအျမတ္ၾကီး ရဖို႔ရွိခဲ့ျပီး ဒီပမာဏဟာ ဘ႑ာေရးကို ၾကီးၾကီးမားမား အေထာက္အကူေပးႏုိင္ကာ ၄င္းတို႔ကလပ္ရဲ႕ အခက္အခဲေတြကို ေျပလည္ေစမွာပါ။ ဒါေပမယ့္ လီဗာပူးက အဓိကအသင္းကို မသံုးျခင္းေၾကာင့္ ျပန္ကန္ပြဲအတြက္ ရုပ္သံလႊင့္ခြင့္ မရျဖစ္ခဲ့ျပီး ရုပ္သံဌာနေတြက လီဗာပူးပြဲကို ထုတ္လႊင့္ျခင္း မျပဳဖို႔ ဆံုးျဖတ္ခဲ့ၾကတာျဖစ္တယ္။
အဆိုပါ ျဖစ္ရပ္အတြက္ တိုင္ၾကားမႈဟာ ၄ လအၾကာမွာ ဆံုးျဖတ္ခ်က္ ထြက္လာခဲ့တာျဖစ္ျပီး အက္ဖ္ေအကေတာ့ ဆက္လက္ စံုစမ္းဖို႔ေကာ အေရးယူဖို႔ပါ မရွိဘူးဆိုျပီး ပယ္ခ်ခဲ့တာျဖစ္ပါတယ္။