လီဗာပူးရဲ့ အဓိက ခံစစ်မှူး ဗန်ဒိုက်နဲ့ ပက်သက်ပြီး အသင်းဖော်ဟောင်းဖြစ်သူ ဆောက်တမ်တန် ခံစစ်သမား ယိုရှီဒါက မှတ်ချက်ပေးမှုတွေ လုပ်သွားပါတယ်။

သူတို့ နှစ်ဦးဟာ ဆောက်တမ်တန်အသင်းမှာ အတူတွဲဘက် ကစားခဲ့ကြတာဖြစ်ပြီး ဗန်ဒိုက်က ထိပ်တန်း ခံစစ်သမားဖြစ်ကာ သူဟာ ပိုကောင်းတဲ့ အသင်းကို ပြောင်းဖို့ ရည်မှန်းချက်အတိုင်း လုပ်ဆောင်နိုင်ခဲ့တယ်လို့ ယိုရှီဒါက မြင်ပါတယ်။

ယိုရှီဒါက ” ဟော်လန်က Groningen မှာတည်းက သူ့ကို ကျနော် သိပါတယ်။ သူက အဲ့တည်းက ရုပ်ပိုင်းဆိုင်ရာမှာ ကြီးမား ကြံ့ခိုင်နေခဲ့တာဖြစ်တယ်။ ဒါပေမယ့်လို့ နည်းစနစ်ပိုင်း အရည်အချင်းတွေမှာ တိုးတက်မှု လိုအပ်နေခဲ့တာမျိုးပေါ့။

ဆောက်သမ်တန်မှာ ကျနေ်ာတို့ တွေ့ဆုံကြတော့ သူက ကစားသမားကောင်း ဖြစ်နေပါပြီ။ လူတိုင်းကလည်း ဗန်ဒိုက်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခံစစ်မှူးတွေထဲက တစ်ဦးအဖြစ် သတိထားမိနေကြပြီ။ အဲ့နောက် သူက ပိုကောင်းတဲ့ အသင်းကို ပြောင်းရွှေ့သွားတော့တာပါပဲ။ ” လို့ ပြောခဲ့တယ်။

ဗန်ဒိုက်နဲ့ ယိုရှီဒါတို့ဟာ ဆောက်သမ်တန်မှာ အတူ တွဲကစားခဲ့ဖူးတာကြောင့် နယ်သာလန်သားအကြောင်း ယိုရှီဒါက စိတ်ဝင်စားဖွယ် ဆက်ပြောပါတယ်။ ဗန်ဒိုက်ဟာ အသင်းဖော်တွေကို မနာလိုမှုတွေ ဖြစ်စေတဲ့ အကြောင်းရင်းကို ယိုရှီဒါက ပြောပြခဲ့တာ ဖြစ်တယ်။

” တစ်ခါတစ်လေမှာ ကျနော် သူ့ကို မနာလို ဖြစ်မိပါတယ်။ ဘာလို့လည်းဆိုတော့ လေ့ကျင့်ရေးအပြီး ကျနေ်ာတို့ gym သွားပြီဆိုရင် ပထမဆုံး အိမ်ပြန်သွားတဲ့သူက သူဖြစ်နေတာကို မှန်တံခါးကနေ လမ်းမြင်နေရတယ်။

သူက gym မှာ အချိန်အကြာကြီး လေ့ကျင့်ဖို့ မလိုသလို၊ ပြန်လည် အားဖြည့်မှုတွေကိုလည်း သူများတွေလို အချိန်အကြာကြီး လုပ်ဖို့ မလိုပါဘူး။ ပင်ကိုယ် သဘာဝကိုက ဗန်ဒိုက်က သန်မာပါတယ်။ သူက အခြားသူတွေထက် ပိုမြန်တယ်၊ နည်းစနစ်ပိုကောင်းတယ်၊ ခေါင်းဆောင်မှုလည်း ရှိပါတယ် ” လို့ ဂျပန်သားကြီးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးရဲ႕ အဓိက ခံစစ္မွဴး ဗန္ဒိုက္နဲ႔ ပက္သက္ျပီး အသင္းေဖာ္ေဟာင္းျဖစ္သူ ေဆာက္တမ္တန္ ခံစစ္သမား ယိုရွီဒါက မွတ္ခ်က္ေပးမႈေတြ လုပ္သြားပါတယ္။

သူတို႔ ႏွစ္ဦးဟာ ေဆာက္တမ္တန္အသင္းမွာ အတူတြဲဘက္ ကစားခဲ့ၾကတာျဖစ္ျပီး ဗန္ဒိုက္က ထိပ္တန္း ခံစစ္သမားျဖစ္ကာ သူဟာ ပိုေကာင္းတဲ့ အသင္းကို ေျပာင္းဖို႔ ရည္မွန္းခ်က္အတိုင္း လုပ္ေဆာင္ႏုိင္ခဲ့တယ္လို႔ ယိုရွီဒါက ျမင္ပါတယ္။

ယိုရွီဒါက ” ေဟာ္လန္က Groningen မွာတည္းက သူ႔ကို က်ေနာ္ သိပါတယ္။ သူက အဲ့တည္းက ရုပ္ပိုင္းဆိုင္ရာမွာ ၾကီးမား ၾကံ႔ခိုင္ေနခဲ့တာျဖစ္တယ္။ ဒါေပမယ့္လို႔ နည္းစနစ္ပိုင္း အရည္အခ်င္းေတြမွာ တိုးတက္မႈ လိုအပ္ေနခဲ့တာမ်ိဳးေပါ့။

ေဆာက္သမ္တန္မွာ က်ေန္ာတုိ႔ ေတြ႔ဆံုၾကေတာ့ သူက ကစားသမားေကာင္း ျဖစ္ေနပါျပီ။ လူတိုင္းကလည္း ဗန္ဒိုက္က ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး ခံစစ္မွဴးေတြထဲက တစ္ဦးအျဖစ္ သတိထားမိေနၾကျပီ။ အဲ့ေနာက္ သူက ပိုေကာင္းတဲ့ အသင္းကို ေျပာင္းေရႊ႔သြားေတာ့တာပါပဲ။ ” လို႔ ေျပာခဲ့တယ္။

ဗန္ဒိုက္နဲ႔ ယိုရွီဒါတို႔ဟာ ေဆာက္သမ္တန္မွာ အတူ တြဲကစားခဲ့ဖူးတာေၾကာင့္ နယ္သာလန္သားအေၾကာင္း ယိုရွီဒါက စိတ္ဝင္စားဖြယ္ ဆက္ေျပာပါတယ္။ ဗန္ဒိုက္ဟာ အသင္းေဖာ္ေတြကို မနာလိုမႈေတြ ျဖစ္ေစတဲ့ အေၾကာင္းရင္းကို ယိုရွီဒါက ေျပာျပခဲ့တာ ျဖစ္တယ္။

” တစ္ခါတစ္ေလမွာ က်ေနာ္ သူ႔ကို မနာလို ျဖစ္မိပါတယ္။ ဘာလို႔လည္းဆိုေတာ့ ေလ့က်င့္ေရးအျပီး က်ေန္ာတို႔ gym သြားျပီဆိုရင္ ပထမဆံုး အိမ္ျပန္သြားတဲ့သူက သူျဖစ္ေနတာကို မွန္တံခါးကေန လမ္းျမင္ေနရတယ္။

သူက gym မွာ အခ်ိန္အၾကာၾကီး ေလ့က်င့္ဖို႔ မလိုသလို၊ ျပန္လည္ အားျဖည့္မႈေတြကိုလည္း သူမ်ားေတြလို အခ်ိန္အၾကာၾကီး လုပ္ဖို႔ မလိုပါဘူး။ ပင္ကိုယ္ သဘာဝကိုက ဗန္ဒိုက္က သန္မာပါတယ္။ သူက အျခားသူေတြထက္ ပိုျမန္တယ္၊ နည္းစနစ္ပိုေကာင္းတယ္၊ ေခါင္းေဆာင္မႈလည္း ရွိပါတယ္ ” လို႔ ဂ်ပန္သားၾကီးက ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။