လီဗာပူးတိုက်စစ်သမား ဆာလက်ဟာ ဒဏ်ရာအခြေအနေ ကောင်းနေကြောင်း မာဆေးဆိုဒ်က ဒေသခံတွေရဲ့ တွစ်တာသတင်းကနေ သိလာရပါတယ်။

မနေ့တုန်းကပဲ ဆာလက်ဟာ လေ့ကျင့်ရေးကနေ သူ့ရဲ့ နေအိမ်ကို အပြန်မှာ ကားဓါတ်ဆီ ဝင်ထည့်တုန်းက အနားမှာ ဓါတ်ဆီဖြည့်နေတဲ့ ကားတွေအားလုံးအတွက် ဆီဖိုးကိုပါ တစ်ပါးတည်း ပေးသွားခဲ့တာပါ။ အဲ့သည်မှာ ဆာလက်ကို လေ့ကျင့်ရေး ဝတ်စုံအပြည့်ဖြင့် ကောင်းကောင်းမွန်မွန် အနေအထားနဲ့ မြင်ခဲ့ရတာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဒုတိယမြောက် ပွဲကြီး ကစားမှုအဖြစ် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာပဲ အန်ဖီးကွင်းမှာ 11v11 ခွဲကစားမှုကို ထပ်လုပ်သွားခဲ့ပါတယ်။ ရလဒ်က ၁-၀ ဖြစ်ပြီး မာနေးက ဂိုးသွင်းယူခဲ့တယ်လို့ သိရတယ်။ ဒီပွဲမှာတော့ ရော်ဘတ်ဆန်၊ ဆာလက်၊ အတ်ဒရီယန်တို့ သုံးဦးထိ ပွဲကို လွဲချော်ထားပါကြောင်း သိခဲ့ရတာဖြစ်တယ်။

သူတို့ သုံးဦး မပါခြင်းက အသေးစား ဒဏ်ရာကြောင့် ဖြစ်မယ်လို့ ယူဆရတယ်။ ပထမပွဲစဉ်တုန်းက ဝိုက်နယ်ဒမ် ဒဏ်ရာအသေးစား ရထားတာကြောင့် ပါဝင် ကစားခွင့် မရခဲ့ဘဲ နောက်ပိုင်း လေ့ကျင့်ရေးမှာတော့ ပြန်ပါခဲ့တယ်။

ပိုထူးခြားတာက လီဗာပူးအသင်းဟာ လေ့ကျင့်ရေး ပြန်စတင်ကတည်းက လေ့ကျင့်ရေး ပုံရိပ်တွေကို အမြဲတမ်း တင်ပေးလေ့ ရှိပေမယ့် ဇွန်လ ၅ ရက်နေ့တည်းက လေ့ကျင့်ရေးပုံတွေကော ဗီဒီယိုတွေပါ အသစ် ထပ်မြင်ရခြင်း မရှိတာဖြစ်တယ်။ ဒါကြောင့် အသင်းသားတွေထဲမှာ တစ်ခုခုဖြစ်နေကြတာ ရှိလားဆိုပြီး စိတ်ပူနေတဲ့ ပရိသတ်တွေလည်း များနေပါတယ်။

ဇွန်လ ၂၁ ရက်နေ့မှာတော့ လီဗာပူးဟာ ပရီးမီးယားလိဂ်ပွဲအဖြစ် အဲဗာတန်ကို အဝေးကွင်းအဖြစ် ဂူဒီဆင်ပါက်ခ်မှာ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္သမား ဆာလက္ဟာ ဒဏ္ရာအေျခအေန ေကာင္းေနေၾကာင္း မာေဆးဆိုဒ္က ေဒသခံေတြရဲ႕ တြစ္တာသတင္းကေန သိလာရပါတယ္။

မေန႔တုန္းကပဲ ဆာလက္ဟာ ေလ့က်င့္ေရးကေန သူ႔ရဲ႕ ေနအိမ္ကို အျပန္မွာ ကားဓါတ္ဆီ ဝင္ထည့္တုန္းက အနားမွာ ဓါတ္ဆီျဖည့္ေနတဲ့ ကားေတြအားလံုးအတြက္ ဆီဖိုးကိုပါ တစ္ပါးတည္း ေပးသြားခဲ့တာပါ။ အဲ့သည္မွာ ဆာလက္ကို ေလ့က်င့္ေရး ဝတ္စံုအျပည့္ျဖင့္ ေကာင္းေကာင္းမြန္မြန္ အေနအထားနဲ႔ ျမင္ခဲ့ရတာျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ဒုတိယေျမာက္ ပြဲၾကီး ကစားမႈအျဖစ္ ျပီးခဲ့တဲ့ တနဂၤေႏြေန႔မွာပဲ အန္ဖီးကြင္းမွာ 11v11 ခြဲကစားမႈကို ထပ္လုပ္သြားခဲ့ပါတယ္။ ရလဒ္က ၁-၀ ျဖစ္ျပီး မာေနးက ဂိုးသြင္းယူခဲ့တယ္လို႔ သိရတယ္။ ဒီပြဲမွာေတာ့ ေရာ္ဘတ္ဆန္၊ ဆာလက္၊ အတ္ဒရီယန္တို႔ သံုးဦးထိ ပြဲကို လြဲေခ်ာ္ထားပါေၾကာင္း သိခဲ့ရတာျဖစ္တယ္။

သူတို႔ သံုးဦး မပါျခင္းက အေသးစား ဒဏ္ရာေၾကာင့္ ျဖစ္မယ္လို႔ ယူဆရတယ္။ ပထမပြဲစဥ္တုန္းက ဝိုက္နယ္ဒမ္ ဒဏ္ရာအေသးစား ရထားတာေၾကာင့္ ပါဝင္ ကစားခြင့္ မရခဲ့ဘဲ ေနာက္ပိုင္း ေလ့က်င့္ေရးမွာေတာ့ ျပန္ပါခဲ့တယ္။

ပိုထူးျခားတာက လီဗာပူးအသင္းဟာ ေလ့က်င့္ေရး ျပန္စတင္ကတည္းက ေလ့က်င့္ေရး ပံုရိပ္ေတြကို အျမဲတမ္း တင္ေပးေလ့ ရွိေပမယ့္ ဇြန္လ ၅ ရက္ေန႔တည္းက ေလ့က်င့္ေရးပံုေတြေကာ ဗီဒီယိုေတြပါ အသစ္ ထပ္ျမင္ရျခင္း မရွိတာျဖစ္တယ္။ ဒါေၾကာင့္ အသင္းသားေတြထဲမွာ တစ္ခုခုျဖစ္ေနၾကတာ ရွိလားဆိုျပီး စိတ္ပူေနတဲ့ ပရိသတ္ေတြလည္း မ်ားေနပါတယ္။

ဇြန္လ ၂၁ ရက္ေန႔မွာေတာ့ လီဗာပူးဟာ ပရီးမီးယားလိဂ္ပြဲအျဖစ္ အဲဗာတန္ကို အေဝးကြင္းအျဖစ္ ဂူဒီဆင္ပါက္ခ္မွာ ယွဥ္ျပိဳင္ကစားရဖို႔ ရွိေနပါတယ္။