၂၀၁၆ ခုနှစ် ဇန်နဝါရီကာလမှာ လီဗာပူးအသင်းဟာ ရှက်တာဒိုးနက် တိုက်စစ်သမား တက်ဆီးယာကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပါတယ်။ မန်နေဂျာကလော့ပ် လီဗာပူးကို ရောက်လာပြီး လပိုင်းအကြာမှာပဲ အပြောင်းအရွှေ့ ခေါ်ယူမှုဖြစ်ဖို့ နီးစပ်ခဲ့တာပါ။
အဆိုပါ အပြောင်းအရွှေ့ကိစ္စ ညိနှိုင်းမှုလုပ်နိုင်ဖို့ ဖလော်ရီဒါက FSG ရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးဟာ အင်္ဂလန်ကိုတောင် လာရောက်ခဲ့သေးတာဖြစ်တယ်။ ဈေးနှုန်း ညိနှိုင်းရာမှာတော့ လီဗာပူးဘက်က ပေါင် ၂၄.၆ သန်းနဲ့ ကမ်းလှမ်းခဲ့ပြီး ယူကရိန်းကလပ်က ပေါင် ၄၀ သန်း တောင်းဆိုခဲ့ပါတယ်။
ဘရာဇီးရဲ့ တောက်ပတဲ့ အနာဂတ်ပိုင်ရှင် တိုက်စစ်သမားကို ခေါ်ယူပေးဖို့ FSG ဘက်က ဆန္ဒရှိပေမယ့် သူ့အတွက် တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးက မြင့်မားလွန်းတယ်ဆိုကာ ကလော့ပ်ကိုယ်တိုင်က ပယ်ချခဲ့တာဖြစ်တယ်။ နောက်ပိုင်းမှာ တက်ဆီးယာဟာ တရုတ်ကလပ်ကို ပြောင်းခဲ့ပါတယ်။
လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က ပြောပြရာမှာ “ ၂၀၁၆ ဇန်နဝါရီမှာ ရှက်တာဒိုးနက်ရဲ့ အဲလက်စ် တက်ဆီးယာဟာ ကလော့ပ်လက်ထက် ပထမဆုံးသော ခေါ်ယူမှုကြီးဖြစ်ဖို့ နီးစပ်ခဲ့ပါတယ်။ လီဗာပူးဘက်က ဘရာဇီးတိုက်စစ်သမားအတွက် ပေါင် ၂၄.၆ သန်းနဲ့ ဆွေးနွေးမှု လုပ်ခဲ့ပြီး ကလပ်ဘက်က အားကစားဒါရိုက်တာ အိုင်ရီက ရှက်တာဒိုးနက် လေ့ကျင့်ရေးဆင်းနေတဲ့ ဖရော်ရီဒါကိုတောင် သွားရောက် ညိနှိုင်းခဲ့ပါတယ်။
ရှက်တာဒိုးနက်ဘက်က သူ့တို့ ကစားသမားအတွက် ပေါင် ၄၀ သန်းတောင်းခဲ့တယ်။ အဲ့တုန်းက FSG က ကလော့ပ် တောင်းဆိုတာကို လက်မခံခဲ့ဘူးလို့ ဆိုခဲ့ကြပေမယ့် တကယ်တမ်းကတော့ အဲ့သည် ပြောင်းရွှေ့ကြေးက မတန်ဘူးဆိုပြီး ကလော့ပ်ကိုယ်တိုင်က ရုတ်သိမ်းဖို့ စေခိုင်းခဲ့တာပါ။
လီဗာပူးပိုင်ရှင်တွေက အပြောင်းအရွှေ့ကို သန်း ၄၀ နဲ့လည်း ခေါ်ပေးလိုတယ်။ ဒါပေမယ့် ရှက်တာက တောင်းဆိုမှုတွေ သိပ်များလာတယ်။ အဲ့သည်မှာ မန်နေဂျာကလော့ပ်က ‘သူတို့တောင်းဆိုတာ အဓိပ္ပာယ်မရှိတာပဲ၊ တက်ဆီးယာက အဲ့လောက်တန်တဲ့ ကစားသမားလည်း မဟုတ်ပါဘူး’ ဆိုပြီး ဆက်မညိနဲ့တော့လို့ ငြင်းဆန်ခဲ့တယ် အဲ့တာနဲ့ပဲ ပြောင်းရွှေ့ကြေး ညိနှိုင်းမရပဲ အေရီက အိမ်ပြန်ခဲ့ရတာပေါ့။ ” လို့ သူက ရှင်းပြခဲ့ပါတယ်။
၂၀၁၆ ခုနှစ်က ကျော်ကြားလှတဲ့ အဲလက်စ် တက်ဆီးယာရဲ့ အပြောင်းအရွှေ့ ဇာတ်လမ်းက အဲ့လိုနဲ့ပဲ ပျက်ခဲ့ရတာဖြစ်တယ်။ ကော်တင်ညို၊ ဖာမင်နို၊ တက်ဆီးယာဆိုတဲ့ ဘရာဇီး သုံးဦးတွဲတိုက်စစ်ဖြစ်ဖို့ စိတ်ကူးယဉ်ခဲ့ကြတဲ့ လီဗာပူးပရိသတ်တွေ အဲ့သည်ကာလကို ပြန်ပြီး အမှတ်ရမိကြလိမ့်မယ်လို့ ယူဆမိပါတယ်။
ZAWGYI
၂၀၁၆ ခုႏွစ္ ဇန္နဝါရီကာလမွာ လီဗာပူးအသင္းဟာ ရွက္တာဒိုးနက္ တိုက္စစ္သမား တက္ဆီးယာကို ေခၚယူဖို႔ ခ်ိတ္ဆက္ခဲ့ပါတယ္။ မန္ေနဂ်ာကေလာ့ပ္ လီဗာပူးကို ေရာက္လာျပီး လပိုင္းအၾကာမွာပဲ အေျပာင္းအေရႊ႔ ေခၚယူမႈျဖစ္ဖို႔ နီးစပ္ခဲ့တာပါ။
အဆုိပါ အေျပာင္းအေရႊ႔ကိစၥ ညိႏိႈင္းမႈလုပ္ႏုိင္ဖို႔ ဖေလာ္ရီဒါက FSG ရဲ႕ တာဝန္ရွိ ပုဂၢိဳလ္တစ္ဦးဟာ အဂၤလန္ကိုေတာင္ လာေရာက္ခဲ့ေသးတာျဖစ္တယ္။ ေစ်းႏႈန္း ညိႏိႈင္းရာမွာေတာ့ လီဗာပူးဘက္က ေပါင္ ၂၄.၆ သန္းနဲ႔ ကမ္းလွမ္းခဲ့ျပီး ယူကရိန္းကလပ္က ေပါင္ ၄၀ သန္း ေတာင္းဆိုခဲ့ပါတယ္။
ဘရာဇီးရဲ႕ ေတာက္ပတဲ့ အနာဂတ္ပိုင္ရွင္ တုိက္စစ္သမားကို ေခၚယူေပးဖို႔ FSG ဘက္က ဆႏၵရွိေပမယ့္ သူ႔အတြက္ ေတာင္းဆိုတဲ့ ေျပာင္းေရႊ႔ေၾကးက ျမင့္မားလြန္းတယ္ဆိုကာ ကေလာ့ပ္ကိုယ္တိုင္က ပယ္ခ်ခဲ့တာျဖစ္တယ္။ ေနာက္ပိုင္းမွာ တက္ဆီးယာဟာ တရုတ္ကလပ္ကို ေျပာင္းခဲ့ပါတယ္။
လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္က ေျပာျပရာမွာ “ ၂၀၁၆ ဇန္နဝါရီမွာ ရွက္တာဒိုးနက္ရဲ႕ အဲလက္စ္ တက္ဆီးယာဟာ ကေလာ့ပ္လက္ထက္ ပထမဆံုးေသာ ေခၚယူမႈၾကီးျဖစ္ဖို႔ နီးစပ္ခဲ့ပါတယ္။ လီဗာပူးဘက္က ဘရာဇီးတိုက္စစ္သမားအတြက္ ေပါင္ ၂၄.၆ သန္းနဲ႔ ေဆြးေႏြးမႈ လုပ္ခဲ့ျပီး ကလပ္ဘက္က အားကစားဒါရိုက္တာ အိုင္ရီက ရွက္တာဒိုးနက္ ေလ့က်င့္ေရးဆင္းေနတဲ့ ဖေရာ္ရီဒါကိုေတာင္ သြားေရာက္ ညိႏိႈင္းခဲ့ပါတယ္။
ရွက္တာဒိုးနက္ဘက္က သူ႔တို႔ ကစားသမားအတြက္ ေပါင္ ၄၀ သန္းေတာင္းခဲ့တယ္။ အဲ့တုန္းက FSG က ကေလာ့ပ္ ေတာင္းဆိုတာကို လက္မခံခဲ့ဘူးလို႔ ဆိုခဲ့ၾကေပမယ့္ တကယ္တမ္းကေတာ့ အဲ့သည္ ေျပာင္းေရႊ႔ေၾကးက မတန္ဘူးဆိုျပီး ကေလာ့ပ္ကိုယ္တုိင္က ရုတ္သိမ္းဖို႔ ေစခိုင္းခဲ့တာပါ။
လီဗာပူးပိုင္ရွင္ေတြက အေျပာင္းအေရႊ႔ကို သန္း ၄၀ နဲ႔လည္း ေခၚေပးလိုတယ္။ ဒါေပမယ့္ ရွက္တာက ေတာင္းဆိုမႈေတြ သိပ္မ်ားလာတယ္။ အဲ့သည္မွာ မန္ေနဂ်ာကေလာ့ပ္က ‘သူတို႔ေတာင္းဆိုတာ အဓိပၸာယ္မရွိတာပဲ၊ တက္ဆီးယာက အဲ့ေလာက္တန္တဲ့ ကစားသမားလည္း မဟုတ္ပါဘူး’ ဆိုျပီး ဆက္မညိနဲ႔ေတာ့လို႔ ျငင္းဆန္ခဲ့တယ္ အဲ့တာနဲ႔ပဲ ေျပာင္းေရႊ႔ေၾကး ညိႏိႈင္းမရပဲ ေအရီက အိမ္ျပန္ခဲ့ရတာေပါ့။ ” လို႔ သူက ရွင္းျပခဲ့ပါတယ္။
၂၀၁၆ ခုႏွစ္က ေက်ာ္ၾကားလွတဲ့ အဲလက္စ္ တက္ဆီးယာရဲ႕ အေျပာင္းအေရႊ႔ ဇာတ္လမ္းက အဲ့လိုနဲ႔ပဲ ပ်က္ခဲ့ရတာျဖစ္တယ္။ ေကာ္တင္ညိဳ၊ ဖာမင္ႏို၊ တက္ဆီးယာဆိုတဲ့ ဘရာဇီး သံုးဦးတြဲတိုက္စစ္ျဖစ္ဖို႔ စိတ္ကူးယဥ္ခဲ့ၾကတဲ့ လီဗာပူးပရိသတ္ေတြ အဲ့သည္ကာလကို ျပန္ျပီး အမွတ္ရမိၾကလိမ့္မယ္လို႔ ယူဆမိပါတယ္။