အန်ဖီးကွင်းကို ယာဂင်ကလော့ပ် ဝင်ရောက်လာပြီးတဲ့နောက် လီဗာပူးအသင်းဟာ မျှတမှု အရှိဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ထားတယ်။ ဒီရာသီမှာတော့ သန့်ရှင်းစွာ ကစားမှု အရှိဆုံး အသင်းအဖြစ် ရပ်တည်နိုင်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အသန့်ရှင်းဆုံး အသင်းက ဘာလို့ လီဗာပူးဖြစ်သလဲဆိုတာကို ရှင်းပြပါမယ်။

ဒီရာသီ စတင်ကတည်းက လီဗာပူးဟာ ပြစ်ဒဏ်အနည်းဆုံးအဖြစ် အဝါကဒ် ၂၆ ကဒ်ပဲ ရထားသလို အနီကဒ် ၁ ကဒ်သာ ပြသခံထားရပါတယ်။ လီဗာပူးဟာ အခြားအသင်းတွေအပေါ် ပြစ်ဒဏ်ကျူးလွန်မှု အနည်းဆုံးလည်းဖြစ်ပြီး ၂၄၂ ကြိမ်ပဲ ရှိထားပါတယ်။

ဘောလုံးပိုင်ဆိုင်မှု များခြင်းကြောင့် ပြိုင်ဘက်ကို ပြစ်ဒဏ် မကျူးလွန်တာလို့ ပြိုင်ဘက်တွေ ဝင်ထောက်ဖို့ကလည်း မဖြစ်နိုင်ပါဘူး။ မန်စီးတီးဟာ ဘောလုံးပိုင်ဆိုင်မှုမှာ လီဗာပူးယူထားတဲ့ ပျှမ်းမျှ ၆၃% ထက် ပိုများတဲ့ ၆၆% တောင် ယူထားနိုင်ပေမယ့် သူတို့ဟာ အဝါကဒ် ၄၉ ကဒ်နဲ့ အနီကဒ် ၃ ကဒ် ပြသခံရသလို ပြစ်ဒဏ်ကျူးလွန်မှုပေါင်း ၂၈၃ ကြိမ်ရှိပါတယ်။

ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို စောဒက မတက်ဖို့က မန်နေဂျာကလော့ပ်နဲ့ နည်းပြအဖွဲ့ဝင်တွေ ပြင်းပြင်းထန်ထန် တားမြစ်ထားတဲ့ စည်းကမ်းပိုင်းဖြစ်တယ်။ လီဗာပူးအသင်းသားတွေဟာ ကွင်းထဲမှာ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ကို အတင်းလိုက်ငြင်းခြင်းကြောင့် အဝါကဒ်ပြခံရမှု တစ်ကြိမ်မှ မရှိပါဘူး။

လီဗာပူးအသင်း ကျူးလွန်တဲ့ ပြစ်ဒဏ်တွေက ကိုယ်အသင်းဘက်ခြမ်းမှာထက် ပြိုင်ဘက်တိုက်စစ်ပိုင်းမှာ ပိုများပါတယ်။ ဒါဟာ ဂိုးပေးရမှာ စိုးရိမ်လို့ ပြိုင်ဘက်ကို ထိခိုက်စေခြင်းထက် တိုက်စစ်ဆင်ပြီး ဘောလုံးရလိုစိတ်ကြောင့် ပြစ်ဒဏ်ကျူးလွန်မိတာ ပိုများတယ်ဆိုတဲ့ အချက်ပါပဲ။

လီဗာပူးဟာ အချိန်ဆွဲခြင်းကြောင့် အဝါကဒ် သုံးကြိမ် ပြသခံထားရပါတယ်။ တစ်ကြိမ်က ဂိုးသွင်းအပြီး ဆာလက် အကျီချွတ် အောင်ပွဲခံခြင်းကြောင့်ပါ၊ တစ်ကြိမ်ကတော့ မာနေး ဟန်ဆောင်လဲချတယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ဖြစ်ပါတယ်။

ZAWGYI

အန္ဖီးကြင္းကို ယာဂင္ကေလာ့ပ္ ဝင္ေရာက္လာျပီးတဲ့ေနာက္ လီဗာပူးအသင္းဟာ မွ်တမႈ အရွိဆံုးအသင္းအျဖစ္ မွတ္တမ္းဝင္ထားတယ္။ ဒီရာသီမွာေတာ့ သန္႔ရွင္းစြာ ကစားမႈ အရွိဆံုး အသင္းအျဖစ္ ရပ္တည္ႏုိင္ပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ အသန္႔ရွင္းဆံုး အသင္းက ဘာလို႔ လီဗာပူးျဖစ္သလဲဆိုတာကို ရွင္းျပပါမယ္။

ဒီရာသီ စတင္ကတည္းက လီဗာပူးဟာ ျပစ္ဒဏ္အနည္းဆံုးအျဖစ္ အဝါကဒ္ ၂၆ ကဒ္ပဲ ရထားသလို အနီကဒ္ ၁ ကဒ္သာ ျပသခံထားရပါတယ္။ လီဗာပူးဟာ အျခားအသင္းေတြအေပၚ ျပစ္ဒဏ္က်ဴးလြန္မႈ အနည္းဆံုးလည္းျဖစ္ျပီး ၂၄၂ ၾကိမ္ပဲ ရွိထားပါတယ္။

ေဘာလံုးပိုင္ဆုိင္မႈ မ်ားျခင္းေၾကာင့္ ျပိဳင္ဘက္ကို ျပစ္ဒဏ္ မက်ဴးလြန္တာလို႔ ျပိဳင္ဘက္ေတြ ဝင္ေထာက္ဖို႔ကလည္း မျဖစ္ႏုိင္ပါဘူး။ မန္စီးတီးဟာ ေဘာလံုးပိုင္ဆုိင္မႈမွာ လီဗာပူးယူထားတဲ့ ပွ်မ္းမွ် ၆၃% ထက္ ပိုမ်ားတဲ့ ၆၆% ေတာင္ ယူထားႏုိင္ေပမယ့္ သူတို႔ဟာ အဝါကဒ္ ၄၉ ကဒ္နဲ႔ အနီကဒ္ ၃ ကဒ္ ျပသခံရသလို ျပစ္ဒဏ္က်ဴးလြန္မႈေပါင္း ၂၈၃ ၾကိမ္ရွိပါတယ္။

ကြင္းလယ္ဒိုင္ရဲ႕ ဆံုးျဖတ္ခ်က္ကို ေစာဒက မတက္ဖို႔က မန္ေနဂ်ာကေလာ့ပ္နဲ႔ နည္းျပအဖြဲ႔ဝင္ေတြ ျပင္းျပင္းထန္ထန္ တားျမစ္ထားတဲ့ စည္းကမ္းပိုင္းျဖစ္တယ္။ လီဗာပူးအသင္းသားေတြဟာ ကြင္းထဲမွာ ဒိုင္ေတြရဲ႕ ဆံုးျဖတ္ခ်က္ကို အတင္းလိုက္ျငင္းျခင္းေၾကာင့္ အဝါကဒ္ျပခံရမႈ တစ္ၾကိမ္မွ မရွိပါဘူး။

လီဗာပူးအသင္း က်ဴးလြန္တဲ့ ျပစ္ဒဏ္ေတြက ကိုယ္အသင္းဘက္ျခမ္းမွာထက္ ျပိဳင္ဘက္တိုက္စစ္ပိုင္းမွာ ပိုမ်ားပါတယ္။ ဒါဟာ ဂိုးေပးရမွာ စိုးရိမ္လို႔ ျပိဳင္ဘက္ကို ထိခိုက္ေစျခင္းထက္ တိုက္စစ္ဆင္ျပီး ေဘာလံုးရလိုစိတ္ေၾကာင့္ ျပစ္ဒဏ္က်ဴးလြန္မိတာ ပိုမ်ားတယ္ဆိုတဲ့ အခ်က္ပါပဲ။

လီဗာပူးဟာ အခ်ိန္ဆြဲျခင္းေၾကာင့္ အဝါကဒ္ သံုးၾကိမ္ ျပသခံထားရပါတယ္။ တစ္ၾကိမ္က ဂိုးသြင္းအျပီး ဆာလက္ အက်ီခၽြတ္ ေအာင္ပြဲခံျခင္းေၾကာင့္ပါ၊ တစ္ၾကိမ္ကေတာ့ မာေနး ဟန္ေဆာင္လဲခ်တယ္ဆိုတဲ့ စြပ္စြဲခ်က္ေၾကာင့္ ျဖစ္ပါတယ္။