ဒီရက်တွေထဲမှာ အင်္ဂလန်သတင်းတွေက လီဗာပူးဟာ ဘာစီလိုနာ တောင်ပံသမား ဒမ်ဘီလီကို နှစ်သက်မှုရှိတယ်ဆိုတဲ့ သတင်းတွေ ဖော်ပြနေတာက လီဗာပူးပရိသတ်တွေကြား အခြေအနေ သိလိုစိတ်တွေ ဖြစ်စေမှာပါ။

Goal သတင်းဌာနရဲ့ သတင်းထောက် Kevin Palmer က တော့ လီဗာပူးဟာ ဒီနွေမှာ ဒမ်ဘီလီကို အပြီးသတ် မပြောနဲ့ အငှားတောင်မှ ခေါ်ယူမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ သူက မန်နေဂျာကလော့ပ်က ကစားသမားရဲ့ အရည်အချင်းကို နှစ်သက်တယ်ဆိုတာတော့ မှန်ကန်ကြောင်း အတည်ပြုခဲ့ပါတယ်။

Kevin Palmer က ပြောရာမှာ ” ဘာစီလိုနာ ကစားသမား ဒမ်ဘီလီက လီဗာပူးကို ပြောင်းရွှေ့မယ်ဆိုတဲ့ ကောလဟာလ သတင်းတွေ ဆက်ထွက်နေပေမယ့် ဖယ်ထုတ်လိုက်ပါတော့။ ယာဂင်ကလော့ပ်က ဒမ်ဘီလီကို နှစ်သက် သဘောကျမှုရှိပါတယ်။ ဒါပေမယ့် ဘဏ္ဍာရေး ကိစ္စတွေပါတဲ့ အပြောင်းအရွှေ့ အလားအလာမှာတော့ အငှားနဲ့တောင်မှ ဒီရာသီမှာ ခေါ်ယူဖို့ မဖြစ်နိုင်ပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

မန်နေဂျာကလော့ပ်ဟာ ၂၀၁၇ ခုနှစ်တုန်းက ခေါ်ယူဖို့ ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့တဲ့ ဒမ်ဘီလီကို အခုချိန်ထိ နှစ်သက်နေဆဲဖြစ်တယ်။ ဒေါ့မွန်မှာ အလုပ်တွဲလုပ်ခွင့် မရခဲ့တဲ့ ပြင်သစ်သားကို လီဗာပူးထံ ခေါ်ယူဖို့အား ယာဂင်ကလောပ့်က စိတ်ဝင်စားခဲ့ပါတယ်။ ဒါကြောင့် ဘာကာက ရောင်းထုတ်လိုတဲ့ ဒမ်ဘီလီကို ခေါ်ယူရေးကို လီဗာပူးက ဝင်ပါလိမ့်မယ်လို့ သတင်းတွေက ခန့်မှန်း ဖော်ပြနေခဲ့တာပါ။

နေမာနေရာ အစားဝင်မှုအဖြစ် ဘာစီလိုနာကို ယူရို ၁၀၅ သန်းဖြင့် ပြောင်းခဲ့တဲ့ ဒမ်ဘီလီဟာ ပြိုင်ပွဲစုံ ၇၄ ပွဲ ကစားထားတယ်။ ဒီရာသီဟာ ပြင်သစ်သားရဲ့ တတိယမြောက် လာလီဂါ ဘောလုံးရာသီဖြစ်ပြီး သူဟာ ဒဏ်ရာ ၉ ကြိမ်ထိ ရထားပါတယ်။ ကလော့ပ်က ဒမ်ဘီလီရဲ့ အရည်အချင်းကို အထင်ကြီးပေမယ့် ကစားသမားက သူ့ရဲ့ နည်းစနစ်ကို လိုက်နိုင်မယ်လို့ မယုံကြည်ဘူးလို့ သိရပါတယ်။

ZAWGYI

ဒီရက္ေတြထဲမွာ အဂၤလန္သတင္းေတြက လီဗာပူးဟာ ဘာစီလိုနာ ေတာင္ပံသမား ဒမ္ဘီလီကို ႏွစ္သက္မႈရွိတယ္ဆိုတဲ့ သတင္းေတြ ေဖာ္ျပေနတာက လီဗာပူးပရိသတ္ေတြၾကား အေျခအေန သိလိုစိတ္ေတြ ျဖစ္ေစမွာပါ။

Goal သတင္းဌာနရဲ႕ သတင္းေထာက္ Kevin Palmer က ေတာ့ လီဗာပူးဟာ ဒီေႏြမွာ ဒမ္ဘီလီကို အျပီးသတ္ မေျပာနဲ႔ အငွားေတာင္မွ ေခၚယူမွာ မဟုတ္ဘူးလို႔ ေျပာဆိုလိုက္ပါတယ္။ သူက မန္ေနဂ်ာကေလာ့ပ္က ကစားသမားရဲ႕ အရည္အခ်င္းကို ႏွစ္သက္တယ္ဆိုတာေတာ့ မွန္ကန္ေၾကာင္း အတည္ျပဳခဲ့ပါတယ္။

Kevin Palmer က ေျပာရာမွာ ” ဘာစီလိုနာ ကစားသမား ဒမ္ဘီလီက လီဗာပူးကို ေျပာင္းေရႊ႔မယ္ဆိုတဲ့ ေကာလဟာလ သတင္းေတြ ဆက္ထြက္ေနေပမယ့္ ဖယ္ထုတ္လုိက္ပါေတာ့။ ယာဂင္ကေလာ့ပ္က ဒမ္ဘီလီကို ႏွစ္သက္ သေဘာက်မႈရွိပါတယ္။ ဒါေပမယ့္ ဘ႑ာေရး ကိစၥေတြပါတဲ့ အေျပာင္းအေရႊ႔ အလားအလာမွာေတာ့ အငွားနဲ႔ေတာင္မွ ဒီရာသီမွာ ေခၚယူဖို႔ မျဖစ္ႏုိင္ပါဘူး ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

မန္ေနဂ်ာကေလာ့ပ္ဟာ ၂၀၁၇ ခုႏွစ္တုန္းက ေခၚယူဖို႔ ၾကိဳးစားခဲ့ျပီး မေအာင္ျမင္ခဲ့တဲ့ ဒမ္ဘီလီကို အခုခ်ိန္ထိ ႏွစ္သက္ေနဆဲျဖစ္တယ္။ ေဒါ့မြန္မွာ အလုပ္တြဲလုပ္ခြင့္ မရခဲ့တဲ့ ျပင္သစ္သားကို လီဗာပူးထံ ေခၚယူဖို႔အား ယာဂင္ကေလာပ့္က စိတ္ဝင္စားခဲ့ပါတယ္။ ဒါေၾကာင့္ ဘာကာက ေရာင္းထုတ္လိုတဲ့ ဒမ္ဘီလီကို ေခၚယူေရးကို လီဗာပူးက ဝင္ပါလိမ့္မယ္လို႔ သတင္းေတြက ခန္႔မွန္း ေဖာ္ျပေနခဲ့တာပါ။

ေနမာေနရာ အစားဝင္မႈအျဖစ္ ဘာစီလိုနာကို ယူရို ၁၀၅ သန္းျဖင့္ ေျပာင္းခဲ့တဲ့ ဒမ္ဘီလီဟာ ျပိဳင္ပြဲစံု ၇၄ ပြဲ ကစားထားတယ္။ ဒီရာသီဟာ ျပင္သစ္သားရဲ႕ တတိယေျမာက္ လာလီဂါ ေဘာလံုးရာသီျဖစ္ျပီး သူဟာ ဒဏ္ရာ ၉ ၾကိမ္ထိ ရထားပါတယ္။ ကေလာ့ပ္က ဒမ္ဘီလီရဲ႕ အရည္အခ်င္းကို အထင္ၾကီးေပမယ့္ ကစားသမားက သူ႔ရဲ႕ နည္းစနစ္ကို လိုက္ႏုိင္မယ္လို႔ မယံုၾကည္ဘူးလို႔ သိရပါတယ္။