ဒီကနေ့ ပရီးမီးယားလိဂ် ရှယ်ယာရှင်များ အစည်းအဝေးမှာ ကလပ် ၂၀ က လိဂ်ပြန်စရေး နောက်ဆုံး မဲခွဲမှုကို အားလုံး အတည်ပြုခဲ့သလို အင်္ဂလန်လိဂ်ရဲ့ ပွဲနေ့ တာဝန်ရှိသူတွေကတော့ လိဂ်ပြန်စတင်မှုမှာ သက်မှတ် စည်းကမ်းချက်တွေကို ခွင့်ပြုပေးဖို့ သဘောတူညီခဲ့ပါတယ်။

ဒီညမှာ လီဗာပူးနဲ့ ဘလက်ဘန်းတို့ဟာ မာဆေးဆိုဒ်အတွင်း ချစ်ကြည်ရေးပွဲကစားခဲ့ပြီး လီဗာပူး ၆-၀ ဘလက်ဘန်း ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ လီဗာပူးဘက် ကီတာ၊ မာနေး၊ မီနာမီနို၊ မာတစ်၊ ဟိုဗာ၊ ကလာဆန်တို့ ဂိုးသွင်းပါတယ်။

လီဗာပူးရဲ့ အဓိက ခံစစ်မှူး ဗန်ဒိုက်ဟာ ပင်ကိုယ် သဘာဝကိုက ကြံ့ခိုင် သန်စွမ်းသူဖြစ်ပြီး ပြန်လည်ကုစားရေးတွေမှာလည်း သူများတွေလို အချိန်ယူရခြင်း မရှိတာက မနာလိုစရာပါပဲလို့ အသင်းဖော်ဟောင်းဖြစ်သူ ဆောက်တမ်တန် ခံစစ်သမား ယိုရှီဒါက မှတ်ချက်ပေးမှု လုပ်သွားပါတယ်။

အန်ဖီးကွင်းကို ယာဂင်ကလော့ပ် ဝင်ရောက်လာပြီးတဲ့နောက် လီဗာပူးအသင်းဟာ မျှတမှု အရှိဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ထားတယ်။ ဒီရာသီမှာတော့ သန့်ရှင်းစွာ ကစားမှု အရှိဆုံး အသင်းအဖြစ် ရပ်တည်နိုင်ပါတယ်။

ဒီရက်တွေထဲမှာ အင်္ဂလန်သတင်းတွေက လီဗာပူးဟာ ဘာစီလိုနာ တောင်ပံသမား ဒမ်ဘီလီကို နှစ်သက်မှုရှိတယ်ဆိုတဲ့ သတင်းတွေ ဖော်ပြနေတာက လီဗာပူးပရိသတ်တွေကြား အခြေအနေ သိလိုစိတ်တွေ ဖြစ်စေမှာပါ။

Goal သတင်းဌာနရဲ့ သတင်းထောက် Kevin Palmer က လီဗာပူးဟာ ဘာစီလိုနာ တောင်ပံသမား ဒမ်ဘီလီကို နှစ်သက်မှုရှိပေမယ့် ဒီနွေမှာ ဒမ်ဘီလီကို အပြီးသတ် မပြောနဲ့ အငှားတောင်မှ ခေါ်ယူမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

လီဗာပူးတိုက်စစ်သမား ဆာလက်ဟာ ဒဏ်ရာအခြေအနေ ကောင်းနေကြောင်း မာဆေးဆိုဒ်က ဒေသခံတွေရဲ့ တွစ်တာသတင်းကနေ သိလာရပါတယ်။ မနေ့တုန်းကပဲ လေ့ကျင့်ရေးကနေ သူ့ရဲ့ နေအိမ်ကို အပြန်မှာ ကားဆီဝင်ဖြည့်တဲ့ ဆာလက်ကို လေ့ကျင့်ရေး ဝတ်စုံအပြည့်ဖြင့် ကောင်းကောင်းမွန်မွန် အနေအထားနဲ့ မြင်ခဲ့ရတာဖြစ်ပါတယ်။

အက်သလက်တီကိုအသင်း ဥက္ကဌကတော့ ဥရောပဘောလုံးအဖွဲ့ချုပ်က ချန်ပီယံလိဂ်ကို ဘယ်လို ရှေ့ဆက်ရမယ်ဆိုတာ မသိရင် လက်ရှိ ချန်ပီယံ လီဗာပူးကို အနိုင်ယူခဲ့တဲ့ အသင်းကိုပဲ ချန်ပီယံအဖြစ်ပေးဖို့ ဟာသဖောက်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ် ဇန်နဝါရီကာလမှာ လီဗာပူးအသင်းဟာ မန်နေဂျာကလော့ပ်အတွက် အင်အားဖြည့်ပေးဖို့ ရှက်တာဒိုးနက် တိုက်စစ်သမား တက်ဆီးယာကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပါတယ်။ ယူကရိန်းဘက်က ပေါင် သန်း ၄၀ တောင်းဆိုခြင်းကြောင့် ကလော့ပ်က ဆက်မညိပဲ ရုတ်သိမ်းလိုက်ဖို့ တုန့်ပြန်ခဲ့ပါတယ်။

ဘာစီလိုနာက ချယ်ဆီးအသင်းအား ကော်တင်ညိုကို ခေါ်ယူပေးရင် ဈေးချပြီး ရောင်းပေးမယ်လို့ ကမ်းလှမ်းခဲ့သလို ကစားသမား အလိုက်ပေးမှုတွေကိုပါ ထည့်ခွင့်ပေးမယ်လို့ ညိနှိုင်းနေပါတယ်။

ZAWGYI

ဒီကေန႔ ပရီးမီးယားလိဂ္ ရွယ္ယာရွင္မ်ား အစည္းအေဝးမွာ ကလပ္ ၂၀ က လိဂ္ျပန္စေရး ေနာက္ဆံုး မဲခြဲမႈကို အားလံုး အတည္ျပဳခဲ့သလို အဂၤလန္လိဂ္ရဲ႕ ပြဲေန႔ တာဝန္ရွိသူေတြကေတာ့ လိဂ္ျပန္စတင္မႈမွာ သက္မွတ္ စည္းကမ္းခ်က္ေတြကို ခြင့္ျပဳေပးဖို႔ သေဘာတူညီခဲ့ပါတယ္။

ဒီညမွာ လီဗာပူးနဲ႔ ဘလက္ဘန္းတို႔ဟာ မာေဆးဆိုဒ္အတြင္း ခ်စ္ၾကည္ေရးပြဲကစားခဲ့ျပီး လီဗာပူး ၆-၀ ဘလက္ဘန္း ရလဒ္ ထြက္ေပၚခဲ့ပါတယ္။ လီဗာပူးဘက္ ကီတာ၊ မာေနး၊ မီနာမီႏို၊ မာတစ္၊ ဟိုဗာ၊ ကလာဆန္တို႔ ဂိုးသြင္းပါတယ္။

လီဗာပူးရဲ႕ အဓိက ခံစစ္မွဴး ဗန္ဒိုက္ဟာ ပင္ကိုယ္ သဘာဝကိုက ၾကံ႕ခိုင္ သန္စြမ္းသူျဖစ္ျပီး ျပန္လည္ကုစားေရးေတြမွာလည္း သူမ်ားေတြလို အခ်ိန္ယူရျခင္း မရွိတာက မနာလိုစရာပါပဲလို႔ အသင္းေဖာ္ေဟာင္းျဖစ္သူ ေဆာက္တမ္တန္ ခံစစ္သမား ယိုရွီဒါက မွတ္ခ်က္ေပးမႈ လုပ္သြားပါတယ္။

အန္ဖီးကြင္းကို ယာဂင္ကေလာ့ပ္ ဝင္ေရာက္လာျပီးတဲ့ေနာက္ လီဗာပူးအသင္းဟာ မွ်တမႈ အရွိဆံုးအသင္းအျဖစ္ မွတ္တမ္းဝင္ထားတယ္။ ဒီရာသီမွာေတာ့ သန္႔ရွင္းစြာ ကစားမႈ အရွိဆံုး အသင္းအျဖစ္ ရပ္တည္ႏုိင္ပါတယ္။

ဒီရက္ေတြထဲမွာ အဂၤလန္သတင္းေတြက လီဗာပူးဟာ ဘာစီလိုနာ ေတာင္ပံသမား ဒမ္ဘီလီကို ႏွစ္သက္မႈရွိတယ္ဆိုတဲ့ သတင္းေတြ ေဖာ္ျပေနတာက လီဗာပူးပရိသတ္ေတြၾကား အေျခအေန သိလိုစိတ္ေတြ ျဖစ္ေစမွာပါ။

Goal သတင္းဌာနရဲ႕ သတင္းေထာက္ Kevin Palmer က လီဗာပူးဟာ ဘာစီလိုနာ ေတာင္ပံသမား ဒမ္ဘီလီကို ႏွစ္သက္မႈရွိေပမယ့္ ဒီေႏြမွာ ဒမ္ဘီလီကို အျပီးသတ္ မေျပာနဲ႔ အငွားေတာင္မွ ေခၚယူမွာ မဟုတ္ဘူးလို႔ ေျပာဆိုလိုက္ပါတယ္။

လီဗာပူးတိုက္စစ္သမား ဆာလက္ဟာ ဒဏ္ရာအေျခအေန ေကာင္းေနေၾကာင္း မာေဆးဆိုဒ္က ေဒသခံေတြရဲ႕ တြစ္တာသတင္းကေန သိလာရပါတယ္။ မေန႔တုန္းကပဲ ေလ့က်င့္ေရးကေန သူ႔ရဲ႕ ေနအိမ္ကို အျပန္မွာ ကားဆီဝင္ျဖည့္တဲ့ ဆာလက္ကို ေလ့က်င့္ေရး ဝတ္စံုအျပည့္ျဖင့္ ေကာင္းေကာင္းမြန္မြန္ အေနအထားနဲ႔ ျမင္ခဲ့ရတာျဖစ္ပါတယ္။

အက္သလက္တီကိုအသင္း ဥကၠဌကေတာ့ ဥေရာပေဘာလံုးအဖြဲ႔ခ်ဳပ္က ခ်န္ပီယံလိဂ္ကို ဘယ္လို ေရွ႔ဆက္ရမယ္ဆိုတာ မသိရင္ လက္ရွိ ခ်န္ပီယံ လီဗာပူးကို အႏုိင္ယူခဲ့တဲ့ အသင္းကိုပဲ ခ်န္ပီယံအျဖစ္ေပးဖို႔ ဟာသေဖာက္ခဲ့ပါတယ္။

၂၀၁၆ ခုႏွစ္ ဇန္နဝါရီကာလမွာ လီဗာပူးအသင္းဟာ မန္ေနဂ်ာကေလာ့ပ္အတြက္ အင္အားျဖည့္ေပးဖို႔ ရွက္တာဒိုးနက္ တိုက္စစ္သမား တက္ဆီးယာကို ေခၚယူဖို႔ ခ်ိတ္ဆက္ခဲ့ပါတယ္။ ယူကရိန္းဘက္က ေပါင္ သန္း ၄၀ ေတာင္းဆိုျခင္းေၾကာင့္ ကေလာ့ပ္က ဆက္မညိပဲ ရုတ္သိမ္းလိုက္ဖို႔ တုန္႔ျပန္ခဲ့ပါတယ္။

ဘာစီလိုနာက ခ်ယ္ဆီးအသင္းအား ေကာ္တင္ညိဳကို ေခၚယူေပးရင္ ေစ်းခ်ျပီး ေရာင္းေပးမယ္လို႔ ကမ္းလွမ္းခဲ့သလို ကစားသမား အလိုက္ေပးမႈေတြကိုပါ ထည့္ခြင့္ေပးမယ္လို႔ ညိႏိႈင္းေနပါတယ္။