မနေ့ညက ယှဉ်ပြိုင်ကစားတဲ့ ဘလက်ဘန်းနဲ့ ပွဲမှာတော့ ကလော့ပ်အကြိုက် ကွင်းလယ်လူ ကလာဆန်ဟာ သွင်းဂိုး ၁ ဂိုး ရယူနိုင်ခဲ့ပါတယ်။

ကလာဆန်ဟာ စီနီယာအဆင့်မှာ ကာတစ်ဂျုံးတို့လို နာမည် မထွက်ပေမယ့် ကလော့ပ် နှစ်သက်ရတဲ့ ကွင်းလယ်ဆိုတာကိုတော့ သိထားရတာပါ။ ကွင်းလယ်မှာ နည်းစနစ်ပိုင်း ကောင်းမွန်သူလို့ နာမည်ကြီးပြီး ကလော့ပ်က သူ့ကို နံပါတ် ၆ နေရာမှာ ကစားနေစေပါတယ်။

ပွဲနဲ့ ပက်သက်ပြီး ကလော့ပ်က ” ကလာဆန်ရဲ့ ဂိုးက သိပ်ကောင်းပါတယ်။ ဂိုးကြောင့်တင် မဟုတ်ပါဘူး သူ ဝင်လာပြီးနောက်ပိုင်း အခြေအနေတွေကို ခင်ဗျားတို့လည်း မြင်မှာပဲလေ။ ပထမဆုံး ပေးမှုက တိုက်စစ်သမား နှစ်ဦးကြားထဲကို ဖြစ်ပါတယ်။ နံပါတ် ၆ နေရာမှာ သူက တည်ငြိမ်တယ်၊ လှည့်ထွက်ပြီး ဘောလုံးတွေ ထွက်အောင် ပေးနိုင်စွမ်းရှိတယ်။

လူငယ်တွေကို အများကြီး သင်ပေးလို့ရပြီး သူတို့ဆီကလည်း အများကြီး ပြန်ရနိုင်ပါတယ်။ လိုက်တန် ကလာဆန်က ကောင်းမွန်ခဲ့သလို ဂျိတ်ကိန်းကလည်း တကယ်ကို ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။

အခြားသော ကောင်လေးတွေထဲမှာ ဆပ် (ဗန်ဒန်ဘယ်ရာ) ကလည်း ဗဟိုခံစစ်နေရာ ထူးချွန်တယ်။ ကျနေ်ာတို့မှာ ခံစစ်မှူး လေးဦးထိ ရှိနေတော့ သူက ဘေးထွက်နေရတာပေါ့။ ဒါပေမယ့် လေ့ကျင့်ရေးမှာ သိပ်ကောင်းပါတယ်။ သူ့လိုပဲ ကီဂျာနာ (ဟိုဗာ) ကလည်း ဗဟိုခံစစ်မှာကော ညာအစွန်မှာပါ သိပ်ကောင်းပါတယ်။

ဟာဗေး၊ ကာတစ်နဲ့ နီကိုးတို့ ကစားတာကတော့ ဘယ်လောက်ကောင်းလဲ ခင်ဗျားတို့ မြင်ကြမှာပါ။ သူတို့အားလုံး အတော်လေး ကောင်းပါတယ်။ ဝင်လာတယ်၊ ကောင်းကောင်းကစားတယ်၊ သူတို့ ကျနေ်ာတို့နဲ့အတူ ရှိနေပြီး အသင်းနဲ့ လေ့ကျင့်နေတယ်။ ကျနေ်ာတို့ရဲ့ ကစားဟန်က ကစားသမားတွေကို လုံခြုံစိတ်ချရတယ်လို့ ခံစားရစေတယ်။ လူတိုင်းက ခုခံမှုကို အတူလုပ်တော့ တစ်ယောက်ထဲ ဧရိယာအကျယ်ကြီးကို ကာကွယ်နေရတယ်လို့ မခစားရပါဘူး။

ဒါက လူငယ်တွေနဲ့ ပက်သက်ပြီး ကျနော်ရဲ့ သဘောတွေ့မှု ဖြစ်ပါတယ်။ ယေဆာ (လာရိုစီ) ကလည်း သိပ်ကောင်းပါတယ်။ ဒီတော့ ကျနေ်ာတို့အတွက် သူတို့တွေရဲ့ တောက်ပမှုက သိပ်ကောင်းလှပါတယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

မေန႔ညက ယွဥ္ျပိဳင္ကစားတဲ့ ဘလက္ဘန္းနဲ႔ ပြဲမွာေတာ့ ကေလာ့ပ္အၾကိဳက္ ကြင္းလယ္လူ ကလာဆန္ဟာ သြင္းဂိုး ၁ ဂိုး ရယူႏုိင္ခဲ့ပါတယ္။

ကလာဆန္ဟာ စီနီယာအဆင့္မွာ ကာတစ္ဂ်ံဳးတို႔လို နာမည္ မထြက္ေပမယ့္ ကေလာ့ပ္ ႏွစ္သက္ရတဲ့ ကြင္းလယ္ဆိုတာကိုေတာ့ သိထားရတာပါ။ ကြင္းလယ္မွာ နည္းစနစ္ပိုင္း ေကာင္းမြန္သူလို႔ နာမည္ၾကီးျပီး ကေလာ့ပ္က သူ႔ကို နံပါတ္ ၆ ေနရာမွာ ကစားေနေစပါတယ္။

ပြဲနဲ႔ ပက္သက္ျပီး ကေလာ့ပ္က ” ကလာဆန္ရဲ႕ ဂိုးက သိပ္ေကာင္းပါတယ္။ ဂိုးေၾကာင့္တင္ မဟုတ္ပါဘူး သူ ဝင္လာျပီးေနာက္ပိုင္း အေျခအေနေတြကို ခင္ဗ်ားတို႔လည္း ျမင္မွာပဲေလ။ ပထမဆံုး ေပးမႈက တိုက္စစ္သမား ႏွစ္ဦးၾကားထဲကို ျဖစ္ပါတယ္။ နံပါတ္ ၆ ေနရာမွာ သူက တည္ျငိမ္တယ္၊ လွည့္ထြက္ျပီး ေဘာလံုးေတြ ထြက္ေအာင္ ေပးႏုိင္စြမ္းရွိတယ္။

လူငယ္ေတြကို အမ်ားၾကီး သင္ေပးလို႔ရျပီး သူတို႔ဆီကလည္း အမ်ားၾကီး ျပန္ရႏုိင္ပါတယ္။ လိုက္တန္ ကလာဆန္က ေကာင္းမြန္ခဲ့သလို ဂ်ိတ္ကိန္းကလည္း တကယ္ကို ေကာင္းေကာင္း ကစားႏုိင္ခဲ့ပါတယ္။

အျခားေသာ ေကာင္ေလးေတြထဲမွာ ဆပ္ (ဗန္ဒန္ဘယ္ရာ) ကလည္း ဗဟိုခံစစ္ေနရာ ထူးခၽြန္တယ္။ က်ေန္ာတို႔မွာ ခံစစ္မွဴး ေလးဦးထိ ရွိေနေတာ့ သူက ေဘးထြက္ေနရတာေပါ့။ ဒါေပမယ့္ ေလ့က်င့္ေရးမွာ သိပ္ေကာင္းပါတယ္။ သူ႔လိုပဲ ကီဂ်ာနာ (ဟိုဗာ) ကလည္း ဗဟိုခံစစ္မွာေကာ ညာအစြန္မွာပါ သိပ္ေကာင္းပါတယ္။

ဟာေဗး၊ ကာတစ္နဲ႔ နီကိုးတို႔ ကစားတာကေတာ့ ဘယ္ေလာက္ေကာင္းလဲ ခင္ဗ်ားတို႔ ျမင္ၾကမွာပါ။ သူတို႔အားလံုး အေတာ္ေလး ေကာင္းပါတယ္။ ဝင္လာတယ္၊ ေကာင္းေကာင္းကစားတယ္၊ သူတို႔ က်ေန္ာတုိ႔နဲ႔အတူ ရွိေနျပီး အသင္းနဲ႔ ေလ့က်င့္ေနတယ္။ က်ေန္ာတို႔ရဲ႕ ကစားဟန္က ကစားသမားေတြကို လံုျခံဳစိတ္ခ်ရတယ္လို႔ ခံစားရေစတယ္။ လူတိုင္းက ခုခံမႈကို အတူလုပ္ေတာ့ တစ္ေယာက္ထဲ ဧရိယာအက်ယ္ၾကီးကို ကာကြယ္ေနရတယ္လို႔ မခစားရပါဘူး။

ဒါက လူငယ္ေတြနဲ႔ ပက္သက္ျပီး က်ေနာ္ရဲ႕ သေဘာေတြ႔မႈ ျဖစ္ပါတယ္။ ေယဆာ (လာရိုစီ) ကလည္း သိပ္ေကာင္းပါတယ္။ ဒီေတာ့ က်ေန္ာတုိ႔အတြက္ သူတို႔ေတြရဲ႕ ေတာက္ပမႈက သိပ္ေကာင္းလွပါတယ္ ” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။