လီဗာပူးခံစစ်မှူး ဗန်ဒိုက်ဟာ ကလပ်နဲ့ ညိနှိုင်းမှုတွေ တရားဝင် မစသေးပေမယ့် စာချုပ်သစ်ကိစ္စကို စကားပြောဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
ပြင်သစ်ကလပ် ပီအက်ဂျီက ဗန်ဒိုက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေသော်လည်း နယ်သာလန်သားကတော့ လီဗာပူးနဲ့ပဲ သစ္စာရှိရှိ ဆက်လက် လက်တွဲလိုတာကြောင့် ပြင်သစ်ကလပ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပါလိမ့်မယ်။ ဝါရင့် ခံစစ်မှူးကြီး သီယေဂို ဆေးဗားကို လက်လွတ်တော့မယ့် ပီအက်ဂျီက ထိပ်တန်း ခံစစ်မှူးတစ်ဦးကို ခေါ်ယူဖို့ရာမှာ ဗန်ဒိုက်ကို နှစ်သက်နေတာပါ။
ပီအက်ဂျီအသင်းဟာ နေရာစုံမှာ အင်အားတောင့်နေပေမယ့် ချန်ပီယံလိဂ် အောင်မြင်ဖို့အတွက် ဗန်ဒိုက်လို ကစားသမားကို အားဖြည့်ဖို့ လိုတယ်လို့ ယူဆနေတာဖြစ်တယ်။ လီဗာပူးဘက်ကတော့ ဗန်ဒိုက်ကို ကလပ်စံချိန်တင် လုပ်ခနဲ့အတူ အနည်းဆုံး ၅ နှစ် ရှိမယ့် သက်တမ်းတိုးကိစ္စကို ဘောလုံးရာသီ အကုန်မှာ စတင် ညိနှိုင်းသွားမှာ ဖြစ်ပါတယ်။
နောက်ထပ် သတင်းကတော့ ကွင်းလယ်လူ ဂရုဂျစ် ဒီနွေမှာ အန်ဖီးကို ပြန်လာမယ်ဆိုတဲ့ သတင်းက သေချာခဲ့ပါပြီ။ ဟာသာဘာလင်ကို နှစ်ရာသီ အငှားနဲ့ သွားကစားနေတဲ့ ဆားဘီးယားသားကို ဒီလအကုန်မှာပဲ အန်ဖီးထံ ပြန်လာဖို့ လီဗာပူးဘက်က တာဝန်ရှိသူတွေက ဆုံးဖြတ်ချက် ချခဲ့ပြီဖြစ်တယ်။
ဂရုဂျစ်နဲ့ ဟာသာဘာလင်တို့ဟာ ဇွန်လ ၃၀ ရက်နေ့ထိပဲ စာချုပ်ရှိထားခဲ့ကာ အဆိုပါ နောက်ပိုင်းမှာ လီဗာပူးကို ပြန်လာပါမယ်။ ပိုမို ပြည့်စုံတဲ့ ကွင်းလယ်လူအဖြစ် မဲဝုဒ်ကို ရောက်လာမယ့် ဂရုဂျစ်ဟာ အားလပ်ရက်ရမှာ မဟုတ်ဘဲ လီဗာပူး စီနီယာအသင်းနဲ့ လေ့ကျင့်ရေးတွေ ဆက်ဝင်ရမှာပါ။
ရာသီဝက်မှာ မှတ်ပုံတင်ထားခြင်း မရှိတာကြောင့် ပွဲနေ့တွေမှာ ပါဝင်ကစားရမှာ မဟုတ်ပေမယ့် နောက်နှစ်ရာသီ လီဗာပူးမှာ ပါဝင်ခွင့်အတွက် ဂရုဂျစ်က အခွင့်အရေး ရသွားမှာ ဖြစ်ပါတယ်။
ZAWGYI
လီဗာပူးခံစစ္မွဴး ဗန္ဒိုက္ဟာ ကလပ္နဲ႔ ညိႏိႈင္းမႈေတြ တရားဝင္ မစေသးေပမယ့္ စာခ်ဳပ္သစ္ကိစၥကို စကားေျပာဖို႔ ဆႏၵရွိေနတယ္လို႔ သိရပါတယ္။
ျပင္သစ္ကလပ္ ပီအက္ဂ်ီက ဗန္ဒိုက္ကို ေခၚယူဖို႔ စိတ္ဝင္စားေနေသာ္လည္း နယ္သာလန္သားကေတာ့ လီဗာပူးနဲ႔ပဲ သစၥာရွိရွိ ဆက္လက္ လက္တြဲလိုတာေၾကာင့္ ျပင္သစ္ကလပ္ရဲ႕ ကမ္းလွမ္းမႈကို ျငင္းဆန္ပါလိမ့္မယ္။ ဝါရင့္ ခံစစ္မွဴးၾကီး သီေယဂို ေဆးဗားကို လက္လြတ္ေတာ့မယ့္ ပီအက္ဂ်ီက ထိပ္တန္း ခံစစ္မွဴးတစ္ဦးကို ေခၚယူဖို႔ရာမွာ ဗန္ဒိုက္ကို ႏွစ္သက္ေနတာပါ။
ပီအက္ဂ်ီအသင္းဟာ ေနရာစံုမွာ အင္အားေတာင့္ေနေပမယ့္ ခ်န္ပီယံလိဂ္ ေအာင္ျမင္ဖို႔အတြက္ ဗန္ဒိုက္လို ကစားသမားကို အားျဖည့္ဖို႔ လိုတယ္လို႔ ယူဆေနတာျဖစ္တယ္။ လီဗာပူးဘက္ကေတာ့ ဗန္ဒိုက္ကို ကလပ္စံခ်ိန္တင္ လုပ္ခနဲ႔အတူ အနည္းဆံုး ၅ ႏွစ္ ရွိမယ့္ သက္တမ္းတိုးကိစၥကို ေဘာလံုးရာသီ အကုန္မွာ စတင္ ညိႏိႈင္းသြားမွာ ျဖစ္ပါတယ္။
ေနာက္ထပ္ သတင္းကေတာ့ ကြင္းလယ္လူ ဂရုဂ်စ္ ဒီေႏြမွာ အန္ဖီးကို ျပန္လာမယ္ဆိုတဲ့ သတင္းက ေသခ်ာခဲ့ပါျပီ။ ဟာသာဘာလင္ကို ႏွစ္ရာသီ အငွားနဲ႔ သြားကစားေနတဲ့ ဆားဘီးယားသားကို ဒီလအကုန္မွာပဲ အန္ဖီးထံ ျပန္လာဖို႔ လီဗာပူးဘက္က တာဝန္ရွိသူေတြက ဆံုးျဖတ္ခ်က္ ခ်ခဲ့ျပီျဖစ္တယ္။
ဂရုဂ်စ္နဲ႔ ဟာသာဘာလင္တို႔ဟာ ဇြန္လ ၃၀ ရက္ေန႔ထိပဲ စာခ်ဳပ္ရွိထားခဲ့ကာ အဆိုပါ ေနာက္ပိုင္းမွာ လီဗာပူးကို ျပန္လာပါမယ္။ ပိုမို ျပည့္စံုတဲ့ ကြင္းလယ္လူအျဖစ္ မဲဝုဒ္ကို ေရာက္လာမယ့္ ဂရုဂ်စ္ဟာ အားလပ္ရက္ရမွာ မဟုတ္ဘဲ လီဗာပူး စီနီယာအသင္းနဲ႔ ေလ့က်င့္ေရးေတြ ဆက္ဝင္ရမွာပါ။
ရာသီဝက္မွာ မွတ္ပံုတင္ထားျခင္း မရွိတာေၾကာင့္ ပြဲေန႔ေတြမွာ ပါဝင္ကစားရမွာ မဟုတ္ေပမယ့္ ေနာက္ႏွစ္ရာသီ လီဗာပူးမွာ ပါဝင္ခြင့္အတြက္ ဂရုဂ်စ္က အခြင့္အေရး ရသြားမွာ ျဖစ္ပါတယ္။