လီဗာပူးကစားသမားဟောင်းကြီး ကာရေဂါက လက်ရှိ အသင်းခေါင်းဆောင် ဟန်ဒိုရဲ့ စိတ်ဓါတ်ပိုင်း မာကျောမှုကို ပြောပြခဲ့ရာမှာ ဟန်ဒိုနဲ့ ဆွာရက်စ်တို့ လေ့ကျင့်ရေးကွင်းမှာ ထိပ်တိုက်တွေ့ခဲ့တယ်ဆိုတဲ့အကြောင်း ပါဝင်ခဲ့ပါတယ်။
အဆိုပါကိစ္စကို ခံစစ်သမားဟောင်း ဂလင်းဂျွန်ဆင်က ထပ်မံ ပြောပြလာခဲ့ပြီး ဒီဖြစ်ရပ်ကပဲ ဟန်ဒိုကို လီဗာပူး အဝတ်လဲခန်းက လေးစားမှု ရှိခဲ့တဲ့ အကြောင်းရင်းတွေထဲက တစ်ခုလို့ ပြောပြခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဟန်ဒိုနဲ့ ဆွာရက်စ်က အတော်လေး ရင်းနှီးတဲ့ အသင်းဖော်တွေ ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်မှာ ဟန်ဒါဆန်ဟာ ဆန်းဒါးလန်းကနေ လီဗာပူးကို ပြောင်းလာခဲ့တယ်။ သူဟာ ၂၀၁၅ ခုနှစ်မှာတော့ ဂျရတ်ရဲ့ ဆက်ခံသူ ဖြစ်လာခဲ့ပြီး ပရိသတ်တွေရဲ့ အနိမ်ခံ ကစားသမားအဖြစ်ကနေ လေးစားခံ အသင်းခေါင်းဆောင်တစ်ဦးအဖြစ် ကိုယ်တိုင် ကြိုးစားခဲ့သူလည်း ဖြစ်ပါတယ်။
ဟန်ဒါဆန်က လီဗာပူးကို စရောက်လာတုန်းက လိုအပ်ချက်တွေ သိပ်များခဲ့ပါတယ်။ ဆန်းဒါးလန်းရဲ့ အကောင်းဆုံး လူငယ် ဖြစ်ခဲ့ပေမယ့် လီဗာပူးမှာ ဂျရတ်၊ ဆွာရက်စ်တို့နဲ့ တွဲဘက် ကစားရာမှာ လိုအပ်ချက်တွေ ရှိခဲ့တာပါ။ သူ့ရဲ့ တန်ကြေးကြောင့် သူ့ကို စောင့်ကြည့်တဲ့ အသင်းဖော်တွေ များခဲ့ပြီး ဟန်ဒိုက လေ့ကျင့်ရေးမှာ အတော် ကြိုးစားတဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ဟန်ဒိုက ဘောလုံးပေးရာမှာ မကြာခဏ အမှားတွေ များခဲ့တယ်။ သူက တွဲဘက် ကစားသမားတွေ လိုအပ်သလို ဘောလုံးပေးမှုမျိုး မလုပ်နိုင်ပဲ လွဲချော်မှုတွေ မကြာခဏ ဖြစ်ခဲ့တယ်။ အဲ့သည်မှာ အသင်းဖော်တွေက တစ်ချိန်လုံး မှားနေတာပဲဆိုတဲ့ အကြည့်တွေကို ရင်ဆိုင်ခဲ့ရတယ်။
ကာရေဂါ၊ ဂျွန်ဆင်နဲ့ ဂျရတ်လို့ အင်္ဂလန်အသင်းဖော် စီနီယာတွေက စိတ်အေးအေးထားဖို့ အမှားတွေနည်းအောင် ကြိုးစားဖို့ အားပေးခဲ့ကြတယ်။ တစ်ရက် လေ့ကျင့်ရေးမှာ ဟန်ဒိုနဲ့ ဆွာရက်စ်တို့က ဘောလုံးပေးကြစဉ် အမှားဖြစ်ခဲ့ပြီး ဆွာရက်စ်က ဟန်ဒိုကို စိတ်ပျက်ကြောင်း အပြုအမှုကို လွန်လွန်ကျူးကျူး လုပ်ရာမှာ ဟန်ဒိုက ချက်ခြင်း တုန့်ပြန်မှုတစ်ခု ပြန်လုပ်ခဲ့တယ်။ ကိုယ်ထိ လက်ရောက် အဆင့်ထိတော့ မရောက်ခဲ့ပါဘူး။
ဒီဖြစ်ရပ်ကပဲ ဆွာရက်စ်နဲ့ ဟန်ဒိုကြား အချင်းချင်း လေးစားမှု ရစေခဲ့သလို နောက်ပိုင်းမှာ လီဗာပူးအသင်းဖော်တွေကလည်း ဟန်ဒိုကို လေးစားမှုပေးတဲ့ ကိစ္စ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကလပ်ရဲ့ အကောင်းဆုံး ကစားသမားဖြစ်ရင်တောင် ကိုယ်ကို မလေးစားရင် ပြန်တုန့်မှာပဲဆိုတဲ့ ဟန်ဒိုရဲ့ စိတ်ဓါတ်ဟာ အသင်းမှာ အခြေကျဖို့ အဓိက အကြောင်းရင်း ဖြစ်စေခဲ့တယ်လို့ ကစားသမားဟောင်းကြီးတွေက ပြောပြခဲ့ကြပါတယ်။
ZAWGYI
လီဗာပူးကစားသမားေဟာင္းၾကီး ကာေရဂါက လက္ရွိ အသင္းေခါင္းေဆာင္ ဟန္ဒိုရဲ႕ စိတ္ဓါတ္ပိုင္း မာေက်ာမႈကို ေျပာျပခဲ့ရာမွာ ဟန္ဒိုနဲ႔ ဆြာရက္စ္တို႔ ေလ့က်င့္ေရးကြင္းမွာ ထိပ္တိုက္ေတြ႔ခဲ့တယ္ဆိုတဲ့အေၾကာင္း ပါဝင္ခဲ့ပါတယ္။
အဆိုပါကိစၥကို ခံစစ္သမားေဟာင္း ဂလင္းဂၽြန္ဆင္က ထပ္မံ ေျပာျပလာခဲ့ျပီး ဒီျဖစ္ရပ္ကပဲ ဟန္ဒိုကို လီဗာပူး အဝတ္လဲခန္းက ေလးစားမႈ ရွိခဲ့တဲ့ အေၾကာင္းရင္းေတြထဲက တစ္ခုလို႔ ေျပာျပခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ဟန္ဒိုနဲ႔ ဆြာရက္စ္က အေတာ္ေလး ရင္းႏွီးတဲ့ အသင္းေဖာ္ေတြ ျဖစ္ခဲ့ၾကတာ ျဖစ္ပါတယ္။
၂၀၁၁ ခုႏွစ္မွာ ဟန္ဒါဆန္ဟာ ဆန္းဒါးလန္းကေန လီဗာပူးကို ေျပာင္းလာခဲ့တယ္။ သူဟာ ၂၀၁၅ ခုႏွစ္မွာေတာ့ ဂ်ရတ္ရဲ႕ ဆက္ခံသူ ျဖစ္လာခဲ့ျပီး ပရိသတ္ေတြရဲ႕ အနိမ္ခံ ကစားသမားအျဖစ္ကေန ေလးစားခံ အသင္းေခါင္းေဆာင္တစ္ဦးအျဖစ္ ကိုယ္တိုင္ ၾကိဳးစားခဲ့သူလည္း ျဖစ္ပါတယ္။
ဟန္ဒါဆန္က လီဗာပူးကို စေရာက္လာတုန္းက လိုအပ္ခ်က္ေတြ သိပ္မ်ားခဲ့ပါတယ္။ ဆန္းဒါးလန္းရဲ႕ အေကာင္းဆံုး လူငယ္ ျဖစ္ခဲ့ေပမယ့္ လီဗာပူးမွာ ဂ်ရတ္၊ ဆြာရက္စ္တို႔နဲ႔ တြဲဘက္ ကစားရာမွာ လိုအပ္ခ်က္ေတြ ရွိခဲ့တာပါ။ သူ႔ရဲ႕ တန္ေၾကးေၾကာင့္ သူ႔ကို ေစာင့္ၾကည့္တဲ့ အသင္းေဖာ္ေတြ မ်ားခဲ့ျပီး ဟန္ဒိုက ေလ့က်င့္ေရးမွာ အေတာ္ ၾကိဳးစားတဲ့ ကစားသမားျဖစ္ခဲ့ပါတယ္။
ဒါေပမယ့္ ဟန္ဒိုက ေဘာလံုးေပးရာမွာ မၾကာခဏ အမွားေတြ မ်ားခဲ့တယ္။ သူက တြဲဘက္ ကစားသမားေတြ လိုအပ္သလို ေဘာလံုးေပးမႈမ်ိဳး မလုပ္ႏုိင္ပဲ လြဲေခ်ာ္မႈေတြ မၾကာခဏ ျဖစ္ခဲ့တယ္။ အဲ့သည္မွာ အသင္းေဖာ္ေတြက တစ္ခ်ိန္လံုး မွားေနတာပဲဆိုတဲ့ အၾကည့္ေတြကို ရင္ဆိုင္ခ့ဲရတယ္။
ကာေရဂါ၊ ဂၽြန္ဆင္နဲ႔ ဂ်ရတ္လို႔ အဂၤလန္အသင္းေဖာ္ စီနီယာေတြက စိတ္ေအးေအးထားဖို႔ အမွားေတြနည္းေအာင္ ၾကိဳးစားဖို႔ အားေပးခဲ့ၾကတယ္။ တစ္ရက္ ေလ့က်င့္ေရးမွာ ဟန္ဒိုနဲ႔ ဆြာရက္စ္တို႔က ေဘာလံုးေပးၾကစဥ္ အမွားျဖစ္ခဲ့ျပီး ဆြာရက္စ္က ဟန္ဒိုကို စိတ္ပ်က္ေၾကာင္း အျပဳအမႈကို လြန္လြန္က်ဴးက်ဴး လုပ္ရာမွာ ဟန္ဒိုက ခ်က္ျခင္း တုန္႔ျပန္မႈတစ္ခု ျပန္လုပ္ခဲ့တယ္။ ကိုယ္ထိ လက္ေရာက္ အဆင့္ထိေတာ့ မေရာက္ခဲ့ပါဘူး။
ဒီျဖစ္ရပ္ကပဲ ဆြာရက္စ္နဲ႔ ဟန္ဒိုၾကား အခ်င္းခ်င္း ေလးစားမႈ ရေစခဲ့သလို ေနာက္ပိုင္းမွာ လီဗာပူးအသင္းေဖာ္ေတြကလည္း ဟန္ဒိုကို ေလးစားမႈေပးတဲ့ ကိစၥ ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ ကလပ္ရဲ႕ အေကာင္းဆံုး ကစားသမားျဖစ္ရင္ေတာင္ ကိုယ္ကို မေလးစားရင္ ျပန္တုန္႔မွာပဲဆိုတဲ့ ဟန္ဒိုရဲ႕ စိတ္ဓါတ္ဟာ အသင္းမွာ အေျခက်ဖို႔ အဓိက အေၾကာင္းရင္း ျဖစ္ေစခဲ့တယ္လို႔ ကစားသမားေဟာင္းၾကီးေတြက ေျပာျပခဲ့ၾကပါတယ္။