ဘာစီလိုနာကတော့ ကော်တင်ညို ဘိုင်ယန်မြူးနစ်မှာ ဆက်နေသည်ဖြစ် ပရီးမီးယားလိဂ် ကလပ် တစ်သင်းကို ပြောင်းရွှေ့သည်ဖြစ်စေ သူ့ကို ခေါ်ယူပေးရင် ကစားသမားရဲ့ လုပ်ခ တစိတ်တပိုင်းကို တာဝန်ယူပေးဖို့ ပြင်ဆင်လာခဲ့ပါပြီ။

တယ်လီဂရပ်က ဖော်ပြရာမှာ လီဗာပူးကနေ ခေါ်ယူခဲ့ပြီး ဒီရာသီ ဘိုင်ယန်ကို အငှားချထားတဲ့ ကော်တင်ညိုကို လုံးဝ ဖယ်ထုတ်လိုက်ဖို့ ဘာစီလိုနာက ဆန္ဒပြင်းပြနေပါတယ်။ သူ့ကို ခေါ်ယူဖို့ ကလပ်တွေကို ကမ်းလှမ်းမှုကလည်း မအောင်မြင်ခြင်းကြောင့် လာမယ့်ရာသီ အငှားခေါ်ယူပေးရင်ကိုပဲ ကစားသမားရဲ့ လုပ်ခ ၂ သိန်းကျော်ထဲက တစိတ်တပိုင်းကို တာဝန်ယူပေးမယ့် လိုက်လျောမှုကို လုပ်လိုတာဖြစ်တယ်။

အသက် ၂၈ နှစ်အရွယ် ကွင်းလယ်လူဟာ ဒီရာသီမှာ ဘိုင်ယန်ကို အငှားထွက်နေပြီး သူ့ရဲ့ လုပ်ခ အပြည့်ကို ဘိုင်ယန်ဘက်က တာဝန်ယူပေးနေတာပါ။ ဒါပေမယ့် အပြီးသတ် ခေါ်ယူမှာ မဟုတ်သလို ကစားသမားကို ချယ်ဆီး၊ စပါး၊ ယူနိုက်တက်တို့ကလည်း အပြီးသတ် ခေါ်ယူလိုစိတ်တွေ မပြသထားပါဘူး။

၂၀၁၈ ခုနှစ်မှာ လီဗာပူးကနေ ပေါင် ၁၄၂ သန်းထိ ရောက်နိုင်တဲ့ ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားတဲ့ ကော်တင်ညိုအတွက် စွမ်းဆောင်ရည်အလိုက် ပြောင်းရွှေ့ကြေးကို ဘာကာဘက်က ပေးဖို့ ကျန်နေပါသေးတယ်။ လာမယ့်ရာသီ ကော်တင်ညိုကို ထပ်မံ အငှားချခြင်းက လုပ်ခပိုင်း သက်သာမှုတင် မကပဲ အဆိုပါ စွမ်းဆောင်ရည် အလိုက် ပြောင်းရွှေ့ကြေးတွေကိုပါ ဘာစီလိုနာကို သက်သာစေမှာပါ။

လီဗာပူးဟာ ကော်တင်ညိုကို ရောင်းထုတ်မှုကို အသုံးချပြီး ဗန်ဒိုက်ကို ဆောက်သမ်တန်ကနေ ပေါင် ၇၅ သန်း ဖြင့် ခေါ်ယူခဲ့တယ်။ ဘာစီလိုနာက ကော်တင်ညိုအပေါ် စိတ်ရှည်မှုတွေ ကုန်ခမ်းသွားတာကြောင့် ပြန်လည် ရောင်းထုတ်လိုကြောင်း ပြသလာပေမယ့် လီဗာပူးဘက်ကတော့ လုံးဝ ဝင်ရောက် လှုပ်ရှားခြင်း မရှိတာဖြစ်ပါတယ်။

ZAWGYI

ဘာစီလိုနာကေတာ့ ေကာ္တင္ညိဳ ဘိုင္ယန္ျမဴးနစ္မွာ ဆက္ေနသည္ျဖစ္ ပရီးမီးယားလိဂ္ ကလပ္ တစ္သင္းကို ေျပာင္းေရႊ႔သည္ျဖစ္ေစ သူ႔ကို ေခၚယူေပးရင္ ကစားသမားရဲ႕ လုပ္ခ တစိတ္တပိုင္းကို တာဝန္ယူေပးဖို႔ ျပင္ဆင္လာခဲ့ပါျပီ။

တယ္လီဂရပ္က ေဖာ္ျပရာမွာ လီဗာပူးကေန ေခၚယူခဲ့ျပီး ဒီရာသီ ဘိုင္ယန္ကို အငွားခ်ထားတဲ့ ေကာ္တင္ညိဳကို လံုးဝ ဖယ္ထုတ္လုိက္ဖို႔ ဘာစီလိုနာက ဆႏၵျပင္းျပေနပါတယ္။ သူ႔ကို ေခၚယူဖို႔ ကလပ္ေတြကို ကမ္းလွမ္းမႈကလည္း မေအာင္ျမင္ျခင္းေၾကာင့္ လာမယ့္ရာသီ အငွားေခၚယူေပးရင္ကိုပဲ ကစားသမားရဲ႕ လုပ္ခ ၂ သိန္းေက်ာ္ထဲက တစိတ္တပိုင္းကို တာဝန္ယူေပးမယ့္ လိုက္ေလ်ာမႈကို လုပ္လိုတာျဖစ္တယ္။

အသက္ ၂၈ ႏွစ္အရြယ္ ကြင္းလယ္လူဟာ ဒီရာသီမွာ ဘိုင္ယန္ကို အငွားထြက္ေနျပီး သူ႔ရဲ႕ လုပ္ခ အျပည့္ကို ဘိုင္ယန္ဘက္က တာဝန္ယူေပးေနတာပါ။ ဒါေပမယ့္ အျပီးသတ္ ေခၚယူမွာ မဟုတ္သလို ကစားသမားကို ခ်ယ္ဆီး၊ စပါး၊ ယူႏုိက္တက္တို႔ကလည္း အျပီးသတ္ ေခၚယူလိုစိတ္ေတြ မျပသထားပါဘူး။

၂၀၁၈ ခုႏွစ္မွာ လီဗာပူးကေန ေပါင္ ၁၄၂ သန္းထိ ေရာက္ႏုိင္တဲ့ ေျပာင္းေရႊ႔ေၾကးျဖင့္ ေခၚယူထားတဲ့ ေကာ္တင္ညိဳအတြက္ စြမ္းေဆာင္ရည္အလိုက္ ေျပာင္းေရႊ႔ေၾကးကို ဘာကာဘက္က ေပးဖို႔ က်န္ေနပါေသးတယ္။ လာမယ့္ရာသီ ေကာ္တင္ညိဳကို ထပ္မံ အငွားခ်ျခင္းက လုပ္ခပိုင္း သက္သာမႈတင္ မကပဲ အဆိုပါ စြမ္းေဆာင္ရည္ အလိုက္ ေျပာင္းေရႊ႔ေၾကးေတြကိုပါ ဘာစီလိုနာကို သက္သာေစမွာပါ။

လီဗာပူးဟာ ေကာ္တင္ညိဳကို ေရာင္းထုတ္မႈကို အသံုးခ်ျပီး ဗန္ဒိုက္ကို ေဆာက္သမ္တန္ကေန ေပါင္ ၇၅ သန္း ျဖင့္ ေခၚယူခဲ့တယ္။ ဘာစီလိုနာက ေကာ္တင္ညိဳအေပၚ စိတ္ရွည္မႈေတြ ကုန္ခမ္းသြားတာေၾကာင့္ ျပန္လည္ ေရာင္းထုတ္လိုေၾကာင္း ျပသလာေပမယ့္ လီဗာပူးဘက္ကေတာ့ လံုးဝ ဝင္ေရာက္ လႈပ္ရွားျခင္း မရွိတာျဖစ္ပါတယ္။