ဘာစီလိုနာကတော့ ကော်တင်ညို ဘိုင်ယန်မြူးနစ်မှာ ဆက်နေသည်ဖြစ် ပရီးမီးယားလိဂ် ကလပ် တစ်သင်းကို ပြောင်းရွှေ့သည်ဖြစ်စေ သူ့ကို ခေါ်ယူပေးရင် ကစားသမားရဲ့ လုပ်ခ တစိတ်တပိုင်းကို တာဝန်ယူပေးဖို့ ပြင်ဆင်လာခဲ့ပါပြီ။

ဒီအပတ်မှာပဲ လူငယ်လေး အိုဝင်ဘက်ကို လီဗာပူးအသင်းက ပရို စာချုပ်ချုပ်လိုက်တဲ့အကြောင်း အသင်းဝဘ်ဆိုဒ်က ကြေညာထားပါတယ်။ ဂန္တဝင်ကြီး အီရန်ရှပ်က ‘မင်းရဲ့ ပရိုစာချပ်အတွက် ဂုဏ်ယူပါတယ်’ လို့ သူ့ရဲ့ တွစ်တာမှာ အိုဝင်ဘက်အကြောင်း ဖော်ပြရာက သူတို့ရဲ့ တူဝရီး တော်စပ်မှုကို ပရိသတ်တွေ သိခွင့်ရခဲ့ပါတယ်။

ပြင်သစ်ကလပ် ပီအက်ဂျီက ဗန်ဒိုက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေသော်လည်း နယ်သာလန်သားကတော့ လီဗာပူးနဲ့ပဲ သစ္စာရှိရှိ ဆက်လက် လက်တွဲလိုတာကြောင့် ပြင်သစ်ကလပ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပါလိမ့်မယ်။

မာဆေးဆိုဒ် ဒါဘီပွဲမှာ လီဗာပူးအသင်း ပရီးမီးယားလိဂ်ကို အောင်မြင်ခဲ့ပါက အဲဗာတန်အသင်းဟာ အဝတ်လဲခန်း အသုံးပြုခွင့်ကို ပိတ်ပင်ထားဆဲဖြစ်လို့ လီဗာပူးအသင်းသားတွေ အောင်ပွဲခံမှုကို ဂူဒီဆင်ပက်ခ်က ကားပါကင်မှာ လုပ်ရမယ်လို့ သိရပါတယ်။

အန်ဖီးကွင်းထဲမှာ အသင်းနဲ့ ပရိသတ်တွေ အတူတကွ အောင်ပွဲခံမှုကို မျှော်လင့်နေတဲ့ လီဗာပူးပရိသတ်တွေအတွက် စိတ်ဝင်စားစရာ သတင်းတစ်ခုကတော့ ဥရောပလိဂ်ပြိုင်ပွဲကြီးဖြစ်တဲ့ လာလီဂါမှာ ပွဲတွေထဲ ပရိသတ် ဝင်ခွင့်ပေးမှု အမိန့်ကို စပိန်အစိုးရက ဇွန်လ ၂၉ ရက်နေ့မှာ ချမှတ်သွားနိုင်ပါတယ်။

လီဗာပူးကစားသမားဟောင်း ဂလင်းဂျွန်ဆင်က ဟန်ဒိုနဲ့ ဆွာရက်စ်ဟာ လေ့ကျင့်ရေးမှာ ထိပ်တိုက်တွေ့မှုတစ်ခု ဖြစ်ခဲ့ဖူးပြီး အဆိုပါ ဖြစ်ရပ် နောက်ပိုင်းမှာတော့ ဟန်ဒိုနဲ့ ဆွာရက်စ်က အတော်လေး ရင်းနှီးတဲ့ အသင်းဖော်တွေ ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ကွင်းလယ်လူ ဂရုဂျစ် ဒီနွေမှာ အန်ဖီးကို ပြန်လာမယ်ဆိုတဲ့ သတင်းက သေချာခဲ့ပါပြီ။ ဟာသာဘာလင်ကို နှစ်ရာသီ အငှားနဲ့ သွားကစားနေတဲ့ ဆားဘီးယားသားကို ဒီလအကုန်မှာပဲ အန်ဖီးထံ ပြန်လာဖို့ လီဗာပူးဘက်က တာဝန်ရှိသူတွေက ဆုံးဖြတ်ချက် ချခဲ့ပြီဖြစ်တယ်။

ဘလက်ဘန်းနဲ့ပွဲမှာ ဂိုးသွင်းခဲ့တဲ့ ကလာဆန်နဲ့ ပက်သက်ပြီး ကလော့ပ်က ” ကလာဆန်ရဲ့ ဂိုးက သိပ်ကောင်းပါတယ်။ ဂိုးကြောင့်တင် မဟုတ်ပါဘူး သူ ဝင်လာပြီးနောက်ပိုင်း အခြေအနေတွေကို ခင်ဗျားတို့လည်း မြင်မှာပဲလေ။ ပထမဆုံး ပေးမှုက တိုက်စစ်သမား နှစ်ဦးကြားထဲကို ဖြစ်ပါတယ်။ နံပါတ် ၆ နေရာမှာ သူက တည်ငြိမ်တယ်၊ လှည့်ထွက်ပြီး ဘောလုံးတွေ ထွက်အောင် ပေးနိုင်စွမ်းရှိတယ်။ ” လို့ ချီးကျူးခဲ့ပါတယ်။

ZAWGYI

ဘာစီလိုနာကေတာ့ ေကာ္တင္ညိဳ ဘိုင္ယန္ျမဴးနစ္မွာ ဆက္ေနသည္ျဖစ္ ပရီးမီးယားလိဂ္ ကလပ္ တစ္သင္းကို ေျပာင္းေရႊ႔သည္ျဖစ္ေစ သူ႔ကို ေခၚယူေပးရင္ ကစားသမားရဲ႕ လုပ္ခ တစိတ္တပိုင္းကို တာဝန္ယူေပးဖို႔ ျပင္ဆင္လာခဲ့ပါျပီ။

ဒီအပတ္မွာပဲ လူငယ္ေလး အိုဝင္ဘက္ကို လီဗာပူးအသင္းက ပရို စာခ်ဳပ္ခ်ဳပ္လိုက္တဲ့အေၾကာင္း အသင္းဝဘ္ဆိုဒ္က ေၾကညာထားပါတယ္။ ဂႏၱဝင္ၾကီး အီရန္ရွပ္က ‘မင္းရဲ႕ ပရိုစာခ်ပ္အတြက္ ဂုဏ္ယူပါတယ္’ လို႔ သူ႔ရဲ႕ တြစ္တာမွာ အိုဝင္ဘက္အေၾကာင္း ေဖာ္ျပရာက သူတို႔ရဲ႕ တူဝရီး ေတာ္စပ္မႈကို ပရိသတ္ေတြ သိခြင့္ရခဲ့ပါတယ္။

ျပင္သစ္ကလပ္ ပီအက္ဂ်ီက ဗန္ဒိုက္ကို ေခၚယူဖို႔ စိတ္ဝင္စားေနေသာ္လည္း နယ္သာလန္သားကေတာ့ လီဗာပူးနဲ႔ပဲ သစၥာရွိရွိ ဆက္လက္ လက္တြဲလိုတာေၾကာင့္ ျပင္သစ္ကလပ္ရဲ႕ ကမ္းလွမ္းမႈကို ျငင္းဆန္ပါလိမ့္မယ္။

မာေဆးဆိုဒ္ ဒါဘီပြဲမွာ လီဗာပူးအသင္း ပရီးမီးယားလိဂ္ကို ေအာင္ျမင္ခဲ့ပါက အဲဗာတန္အသင္းဟာ အဝတ္လဲခန္း အသံုးျပဳခြင့္ကို ပိတ္ပင္ထားဆဲျဖစ္လို႔ လီဗာပူးအသင္းသားေတြ ေအာင္ပြဲခံမႈကို ဂူဒီဆင္ပက္ခ္က ကားပါကင္မွာ လုပ္ရမယ္လို႔ သိရပါတယ္။

အန္ဖီးကြင္းထဲမွာ အသင္းနဲ႔ ပရိသတ္ေတြ အတူတကြ ေအာင္ပြဲခံမႈကို ေမွ်ာ္လင့္ေနတဲ့ လီဗာပူးပရိသတ္ေတြအတြက္ စိတ္ဝင္စားစရာ သတင္းတစ္ခုကေတာ့ ဥေရာပလိဂ္ျပိဳင္ပြဲၾကီးျဖစ္တဲ့ လာလီဂါမွာ ပြဲေတြထဲ ပရိသတ္ ဝင္ခြင့္ေပးမႈ အမိန္႔ကို စပိန္အစိုးရက ဇြန္လ ၂၉ ရက္ေန႔မွာ ခ်မွတ္သြားႏုိင္ပါတယ္။

လီဗာပူးကစားသမားေဟာင္း ဂလင္းဂၽြန္ဆင္က ဟန္ဒိုနဲ႔ ဆြာရက္စ္ဟာ ေလ့က်င့္ေရးမွာ ထိပ္တိုက္ေတြ႔မႈတစ္ခု ျဖစ္ခဲ့ဖူးျပီး အဆိုပါ ျဖစ္ရပ္ ေနာက္ပိုင္းမွာေတာ့ ဟန္ဒိုနဲ႔ ဆြာရက္စ္က အေတာ္ေလး ရင္းႏွီးတဲ့ အသင္းေဖာ္ေတြ ျဖစ္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။

ကြင္းလယ္လူ ဂရုဂ်စ္ ဒီေႏြမွာ အန္ဖီးကို ျပန္လာမယ္ဆိုတဲ့ သတင္းက ေသခ်ာခဲ့ပါျပီ။ ဟာသာဘာလင္ကို ႏွစ္ရာသီ အငွားနဲ႔ သြားကစားေနတဲ့ ဆားဘီးယားသားကို ဒီလအကုန္မွာပဲ အန္ဖီးထံ ျပန္လာဖို႔ လီဗာပူးဘက္က တာဝန္ရွိသူေတြက ဆံုးျဖတ္ခ်က္ ခ်ခဲ့ျပီျဖစ္တယ္။

ဘလက္ဘန္းနဲ႔ပြဲမွာ ဂိုးသြင္းခဲ့တဲ့ ကလာဆန္နဲ႔ ပက္သက္ျပီး ကေလာ့ပ္က ” ကလာဆန္ရဲ႕ ဂိုးက သိပ္ေကာင္းပါတယ္။ ဂိုးေၾကာင့္တင္ မဟုတ္ပါဘူး သူ ဝင္လာျပီးေနာက္ပိုင္း အေျခအေနေတြကို ခင္ဗ်ားတို႔လည္း ျမင္မွာပဲေလ။ ပထမဆံုး ေပးမႈက တိုက္စစ္သမား ႏွစ္ဦးၾကားထဲကို ျဖစ္ပါတယ္။ နံပါတ္ ၆ ေနရာမွာ သူက တည္ျငိမ္တယ္၊ လွည့္ထြက္ျပီး ေဘာလံုးေတြ ထြက္ေအာင္ ေပးႏုိင္စြမ္းရွိတယ္။ ” လို႔ ခ်ီးက်ဴးခဲ့ပါတယ္။