ယူအီးအက်ဖ်အေက အပြီးမသတ်သေးတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဘယ်လို ရှေ့ဆက်ရမလဲဆိုတဲ့အပေါ် အဖြေရှာမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပေမယ့် အကောင်းဆုံး အကြံကို မရသေးပါဘူး။

အမှတ်ပေးပွဲတွေကို ကစားဖို့က အဆင်ပြေပေမယ့် ဥရောပ နိုင်ငံတွေကြား အိမ်ကွင်း အဝေးကွင်း ကစားရတဲ့အခါ ကွာရန်တင်း ၁၄ ရက် ဝင်ခွင့်က ပြဿနာဖြစ်နေလို့ ခေါင်းခဲနေတဲ့ ယူအီးအက်ဖ်အေကို အက်သလက်တီကိုအသင်း ဥက္ကဌက ဟာသဖောက်မှု တစ်ခု ပြုလုပ်ခဲ့တယ်။ သူကပဲ ယူအီးအက်ဖ်အေ အနေနဲ့ ချန်ပီယံလိဂ်ကို ဘယ်လို ရှေ့ဆက်ရမယ်ဆိုတာ မသိရင် လက်ရှိ ချန်ပီယံ လီဗာပူးကို အနိုင်ယူခဲ့တဲ့ အသင်းကိုပဲ ချန်ပီယံအဖြစ်ပေးဖို့ ပြောဆိုခဲ့တာဖြစ်တယ်။

တီကိုဥက္ကဌ ဆီရီဇိုက ” ကပ်ဘေးကြောင့် ချန်ပီယံလိဂ်ကို ဆက်ပြီး မကစားနိုင်တော့ဘူးဆိုရင် လက်ရှိ ချန်ပီယံကို အနိုင်ယူသင့်တဲ့ အသင်းကပဲ ချန်ပီယံဖြစ်သင့်တာ မဟုတ်ဘူးလား။ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲက ရှူံးထွက်အဆင့်တွေ အများကြီး ကစားဖို့ ကျန်နေပါသေးတယ်။

ဥရောပ ဘောလုံးအဖွဲ့ချုပ်က မြိုပတစ်မြို့တည်းမှာတင် ပွဲစဉ်တွေကို အပြီးသတ် ကစားစေဖို့ ကြံနေတယ်။ နေရာကိုတော့ မသိရသေးဘူးပေါ့လေ။ ကပ်ဘေးရဲ့ အနေအထားကို အာဏာပိုင်တွေက လေ့လာနေဆဲဖြစ်ပြီး ဆုံးဖြတ်ချက် တစ်ခုခုကိုတော့ လုပ်ရမယ်ဆိုတာ ကျနော် သိပါတယ် ” လို့ လီဗာပူးကို အနိုင်ယူထားတဲ့ တီကိုကို ချန်ပီယံပေးလိုက်ဖို့ ဆိုခဲ့တာဖြစ်တယ်။

ဒီကနေ့မှာတော့ ပရီးမီးယားလိဂ်ကလပ် ဝတ်ဖိုဒ့်အသင်းက တီကိုဥက္ကဌရဲ့ ပြောဆိုမှုကို ပရီးမီးယားလိဂ်ကိုကော ဘယ်လို လုပ်သင့်လဲ? ဆိုပြီး ပြန်ရှယ်ခဲ့တာဖြစ်တယ်။

သူတို့ပိုစ့်အောက်မှာတော့ ပရီးမီးယားလိဂ် ပရိသတ်တွေက မှတ်ချက်မျိုးစုံ ဝင်ရေးခဲ့ကြပြီး ယူနိုက်တက် ပရိသတ် အချို့ကဆိုရင် ‘ဒီရာသီ ငါတို့က မန်စီးတီးကို သုံးကြိမ်တောင် နိုင်ထားတာ ငါတို့ကမှ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်သင့်တာ’ ဆိုတဲ့ မှတ်ချက်တွေပါ ဝင်ရေးနေခဲ့ပါတယ်။

လီဗာပူးပရိသတ် အချို့ကတော့ လာမယ့် ရာသီမှာ ဝတ်ဖိုဒ့်ကလည်း ချန်ပီယံဖြစ်နိုင်ကြောင်းနဲ့ အဲ့မတိုင်ခင်မှာတော့ တန်းဆင်းဇုန်ကနေ အရင် လွတ်အောင် လုပ်ဖို့ ပြန်လည် အကြံပြုလိုတယ်ဆိုပြီး ဝင်မှတ်ချက်ပေးနေခဲ့ကြပါတယ်။

ZAWGYI

ယူအီးအက္ဖ္ေအက အျပီးမသတ္ေသးတဲ့ ခ်န္ပီယံလိဂ္ျပိဳင္ပြဲကို ဘယ္လို ေရွ႔ဆက္ရမလဲဆိုတဲ့အေပၚ အေျဖရွာမႈေတြ ျပဳလုပ္ေနဆဲ ျဖစ္ေပမယ့္ အေကာင္းဆံုး အၾကံကို မရေသးပါဘူး။

အမွတ္ေပးပြဲေတြကို ကစားဖို႔က အဆင္ေျပေပမယ့္ ဥေရာပ ႏုိင္ငံေတြၾကား အိမ္ကြင္း အေဝးကြင္း ကစားရတဲ့အခါ ကြာရန္တင္း ၁၄ ရက္ ဝင္ခြင့္က ျပႆနာျဖစ္ေနလို႔ ေခါင္းခဲေနတဲ့ ယူအီးအက္ဖ္ေအကို အက္သလက္တီကိုအသင္း ဥကၠဌက ဟာသေဖာက္မႈ တစ္ခု ျပဳလုပ္ခဲ့တယ္။ သူကပဲ ယူအီးအက္ဖ္ေအ အေနနဲ႔ ခ်န္ပီယံလိဂ္ကို ဘယ္လို ေရွ႔ဆက္ရမယ္ဆိုတာ မသိရင္ လက္ရွိ ခ်န္ပီယံ လီဗာပူးကို အႏုိင္ယူခဲ့တဲ့ အသင္းကိုပဲ ခ်န္ပီယံအျဖစ္ေပးဖို႔ ေျပာဆိုခဲ့တာျဖစ္တယ္။

တီကိုဥကၠဌ ဆီရီဇိုက ” ကပ္ေဘးေၾကာင့္ ခ်န္ပီယံလိဂ္ကို ဆက္ျပီး မကစားႏုိင္ေတာ့ဘူးဆိုရင္ လက္ရွိ ခ်န္ပီယံကို အႏုိင္ယူသင့္တဲ့ အသင္းကပဲ ခ်န္ပီယံျဖစ္သင့္တာ မဟုတ္ဘူးလား။ ဒီရာသီ ခ်န္ပီယံလိဂ္ျပိဳင္ပြဲက ရွံဴးထြက္အဆင့္ေတြ အမ်ားၾကီး ကစားဖို႔ က်န္ေနပါေသးတယ္။

ဥေရာပ ေဘာလံုးအဖြဲ႔ခ်ဳပ္က ျမိဳပတစ္ျမိဳ႔တည္းမွာတင္ ပြဲစဥ္ေတြကို အျပီးသတ္ ကစားေစဖို႔ ၾကံေနတယ္။ ေနရာကိုေတာ့ မသိရေသးဘူးေပါ့ေလ။ ကပ္ေဘးရဲ႕ အေနအထားကို အာဏာပိုင္ေတြက ေလ့လာေနဆဲျဖစ္ျပီး ဆံုးျဖတ္ခ်က္ တစ္ခုခုကိုေတာ့ လုပ္ရမယ္ဆိုတာ က်ေနာ္ သိပါတယ္ ” လို႔ လီဗာပူးကို အႏုိင္ယူထားတဲ့ တီကိုကို ခ်န္ပီယံေပးလိုက္ဖို႔ ဆိုခဲ့တာျဖစ္တယ္။

ဒီကေန႔မွာေတာ့ ပရီးမီးယားလိဂ္ကလပ္ ဝတ္ဖိုဒ့္အသင္းက တီကိုဥကၠဌရဲ႕ ေျပာဆိုမႈကို ပရီးမီးယားလိဂ္ကိုေကာ ဘယ္လို လုပ္သင့္လဲ? ဆိုျပီး ျပန္ရွယ္ခဲ့တာျဖစ္တယ္။

သူတို႔ပိုစ့္ေအာက္မွာေတာ့ ပရီးမီးယားလိဂ္ ပရိသတ္ေတြက မွတ္ခ်က္မ်ိဳးစံု ဝင္ေရးခဲ့ၾကျပီး ယူႏုိက္တက္ ပရိသတ္ အခ်ိဳ႔ကဆိုရင္ ‘ဒီရာသီ ငါတုိ႔က မန္စီးတီးကို သံုးၾကိမ္ေတာင္ ႏုိင္ထားတာ ငါတို႔ကမွ ပရီးမီးယားလိဂ္ခ်န္ပီယံ ျဖစ္သင့္တာ’ ဆိုတဲ့ မွတ္ခ်က္ေတြပါ ဝင္ေရးေနခဲ့ပါတယ္။

လီဗာပူးပရိသတ္ အခ်ိဳ႔ကေတာ့ လာမယ့္ ရာသီမွာ ဝတ္ဖိုဒ့္ကလည္း ခ်န္ပီယံျဖစ္ႏုိင္ေၾကာင္းနဲ႔ အဲ့မတိုင္ခင္မွာေတာ့ တန္းဆင္းဇုန္ကေန အရင္ လြတ္ေအာင္ လုပ္ဖို႔ ျပန္လည္ အၾကံျပဳလိုတယ္ဆိုျပီး ဝင္မွတ္ခ်က္ေပးေနခဲ့ၾကပါတယ္။