ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံ မန်စီးတီးအသင်းက ဒီရာသီ ၎င်းတို့ အိမ်ကွင်းကို လီဗာပူးအသင်း ရောက်သွားခဲ့လို့ ချန်ပီယံဖြစ်နေခဲ့ရင် ဂုဏ်ပြုမှု လုပ်ပေးမယ်လို့ သိရပါတယ်။

လီဗာပူးဟာ နှစ်ပေါင်း ၃၀ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို တစ်ကျော့ပြန် အနိုင်ယူဖို့ ပွဲ ၂ ပွဲကို အနိုင်ယူဖို့ပဲ လိုအပ်တာပါ။ လီဗာပူးအသင်းရဲ့ လာမယ့် ပွဲတွေထဲမှာ အဲဗာတန်ကော ပဲလေစ့်ပွဲကပါ ချန်ပီယံဖြစ်နိုင်ချေရှိတဲ့ ပွဲတွေအဖြစ် ပါဝင်နေပါတယ်။

မန်စီးတီးက လာမယ့် ဗုဒ္ဓဟူးနေ့မှာ အာဆင်နယ်ကို ဧည့်ခံပြီး အရေးနိမ့်ခဲ့ရင် အဲဗာတန်ကို အနိုင်ယူရုံနဲ့ လီဗာပူးအသင်း ချန်ပီယံဖြစ်မှာ ဖြစ်တယ်။ မဟုတ်ရင်တော့ အဲဗာတန်ကော ပဲလေစ့်ကိုပါ အနိုင်ယူပြီးမှ လီဗာပူး ချန်ပီယံဖြစ်ပါမယ်။ အဆိုပါ နှစ်ပွဲအပြီးမှာ လီဗာပူးဟာ မန်စီးတီးကွင်းထံ သွားရောက်ရမှာဖြစ်ပြီး ဒီရာသီ ချန်ပီယံဖြစ်ပြီး ဖြစ်နေမှာပါ။

ဇူလိုင်လ ၃ ရက်နေ့မှာ ယှဉ်ပြိုင်မယ့် မန်စီးတီးနဲ့ လီဗာပူးပွဲဟာ ဘယ်ကွင်းမှာ ကစားရမလဲဆိုတာကိုတော့ အတည်ပြုထားခြင်း မရှိပါဘူး။ လီဗာပူးဒေသခံ အဖွဲ့အစည်းကတော့ အီသီဟတ်မှာပဲ ယှဉ်ပြိုင်ကြဖို့ တောင်းဆိုထားတယ်။ အီသီဟတ်မှာပဲ ကစားရမယ်ဆိုရင် မန်စီးတီးက ချန်ပီယံသစ် လီဗာပူးကို ဂုဏ်ပြုပေးဖို့ အဆင်သင့် ဖြစ်နေမယ်လို့ သိရတယ်။

သို့သော်လည်း ဂုဏ်ပြုမှု လုပ်ပေးမယ့် အကြောင်းက တရားဝင် ဆွေးနွေးမှု ဖြစ်မလာသေးပါဘူး။ ကလပ်နှစ်သင်းဟာ ပထမဆုံး နှစ်ပွဲကို အရင်ဆုံး ကစားကြဖို့နဲ့ မန်စီးတီးနဲ့ပွဲအတွက် အိမ်ကွင်း ကိစ္စတွေကို အဓိက ရွေးချယ်ရဦးမှာဖြစ်တယ်။

ပရီးမီးယားလိဂ်မှာ ထိပ်တန်းအသင်းကြား ဂုဏ်ပြုမှု လုပ်ပေးတဲ့အထဲမှာ နာမည်ကြီးတာတွေကတော့ ၂၀၁၃ ခုနှစ်မှာ ယူနိုက်တက်ကို ပြိုင်ဘက် အာဆင်နယ်က ဂုဏ်ပြု ကြိုဆိုမှု၊ ၂၀၁၅ မှာ စတမ်းဖိုဒ့်ဘရစ်ကို သွားကစားစဉ် လီဗာပူးအသင်းသားတွေက ချန်ပီယံ ချယ်ဆီးကို ဂုဏ်ပြုပေးမှုတွေတော့ ရှိခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ရဲ႕ လက္ရွိ ခ်န္ပီယံ မန္စီးတီးအသင္းက ဒီရာသီ ၄င္းတို႔ အိမ္ကြင္းကို လီဗာပူးအသင္း ေရာက္သြားခဲ့လို႔ ခ်န္ပီယံျဖစ္ေနခဲ့ရင္ ဂုဏ္ျပဳမႈ လုပ္ေပးမယ္လို႔ သိရပါတယ္။

လီဗာပူးဟာ ႏွစ္ေပါင္း ၃၀ ေဝးကြာေနတဲ့ အမွတ္ေပးဖလားကို တစ္ေက်ာ့ျပန္ အႏုိင္ယူဖို႔ ပြဲ ၂ ပြဲကို အႏုိင္ယူဖို႔ပဲ လိုအပ္တာပါ။ လီဗာပူးအသင္းရဲ႕ လာမယ့္ ပြဲေတြထဲမွာ အဲဗာတန္ေကာ ပဲေလစ့္ပြဲကပါ ခ်န္ပီယံျဖစ္ႏုိင္ေခ်ရွိတဲ့ ပြဲေတြအျဖစ္ ပါဝင္ေနပါတယ္။

မန္စီးတီးက လာမယ့္ ဗုဒၶဟူးေန႔မွာ အာဆင္နယ္ကို ဧည့္ခံျပီး အေရးနိမ့္ခဲ့ရင္ အဲဗာတန္ကို အႏုိင္ယူရံုနဲ႔ လီဗာပူးအသင္း ခ်န္ပီယံျဖစ္မွာ ျဖစ္တယ္။ မဟုတ္ရင္ေတာ့ အဲဗာတန္ေကာ ပဲေလစ့္ကိုပါ အႏုိင္ယူျပီးမွ လီဗာပူး ခ်န္ပီယံျဖစ္ပါမယ္။ အဆိုပါ ႏွစ္ပြဲအျပီးမွာ လီဗာပူးဟာ မန္စီးတီးကြင္းထံ သြားေရာက္ရမွာျဖစ္ျပီး ဒီရာသီ ခ်န္ပီယံျဖစ္ျပီး ျဖစ္ေနမွာပါ။

ဇူလိုင္လ ၃ ရက္ေန႔မွာ ယွဥ္ျပိဳင္မယ့္ မန္စီးတီးနဲ႔ လီဗာပူးပြဲဟာ ဘယ္ကြင္းမွာ ကစားရမလဲဆိုတာကိုေတာ့ အတည္ျပဳထားျခင္း မရွိပါဘူး။ လီဗာပူးေဒသခံ အဖြဲ႔အစည္းကေတာ့ အီသီဟတ္မွာပဲ ယွဥ္ျပိဳင္ၾကဖို႔ ေတာင္းဆိုထားတယ္။ အီသီဟတ္မွာပဲ ကစားရမယ္ဆိုရင္ မန္စီးတီးက ခ်န္ပီယံသစ္ လီဗာပူးကို ဂုဏ္ျပဳေပးဖို႔ အဆင္သင့္ ျဖစ္ေနမယ္လို႔ သိရတယ္။

သို႔ေသာ္လည္း ဂုဏ္ျပဳမႈ လုပ္ေပးမယ့္ အေၾကာင္းက တရားဝင္ ေဆြးေႏြးမႈ ျဖစ္မလာေသးပါဘူး။ ကလပ္ႏွစ္သင္းဟာ ပထမဆံုး ႏွစ္ပြဲကို အရင္ဆံုး ကစားၾကဖို႔နဲ႔ မန္စီးတီးနဲ႔ပြဲအတြက္ အိမ္ကြင္း ကိစၥေတြကို အဓိက ေရြးခ်ယ္ရဦးမွာျဖစ္တယ္။

ပရီးမီးယားလိဂ္မွာ ထိပ္တန္းအသင္းၾကား ဂုဏ္ျပဳမႈ လုပ္ေပးတဲ့အထဲမွာ နာမည္ၾကီးတာေတြကေတာ့ ၂၀၁၃ ခုႏွစ္မွာ ယူႏုိက္တက္ကို ျပိဳင္ဘက္ အာဆင္နယ္က ဂုဏ္ျပဳ ၾကိဳဆိုမႈ၊ ၂၀၁၅ မွာ စတမ္းဖိုဒ့္ဘရစ္ကို သြားကစားစဥ္ လီဗာပူးအသင္းသားေတြက ခ်န္ပီယံ ခ်ယ္ဆီးကို ဂုဏ္ျပဳေပးမႈေတြေတာ့ ရွိခဲ့တာ ျဖစ္ပါတယ္။