ဒီရာသီ ဘက်ဆစ်တက်ကို အငှားထွက်နေတဲ့ ဂိုးသမား ကားရီးယက်က နောက်ရာသီမှာတော့ လီဗာပူးအသင်းမှာ ဆက်နေပြီး အခွင့်အရေးကို ကြိုးစားရှာမယ်လို့ ထုတ်ပြောလိုက်ပါတယ်။
ကားရီးယက်ဟာ ဘက်ဆစ်တက်နဲ့ နှစ်ရာသီ အငှားစာချုပ် ပြည့်မယ့် လာမယ့်လမှာ မဲဝုဒ်ကို ပြန်လာမှာဖြစ်တယ်။ ၂၀၁၈ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အိပ်မက်ဆိုးတွေ ရှိခဲ့တဲ့ ကားရီးယက်စ်ဟာ လီဗာပူးမှာ ဒုတိယဂိုးသမား နေရာက ကြိုးစားခွင့်ရှိနေဆဲလို့ ယုံကြည်နေတယ်။ သူဟာ လီဗာပူးနဲ့ နှစ်နှစ်စာချုပ် ကျန်ရှိနေပါသေးတယ်။
ကားရီးယက်စ်က ” ကျနော် အသင်းပြောင်းခဲ့မယ် ဆိုရင်လည်း ပုံမှန် ကစားခွင့်ရဖို့ လိုပါတယ်။ လီဗာပူးကနေ ထွက်ခွာပြီး အခြားကလပ်ကို ပြောင်းလို့ အဲ့မှာလည်း နံပါတ် ၂ နေရာမှာပဲ ဆက်ရှိနေရမယ်ဆိုရင် အဓိပ္ပာယ် မရှိပါဘူး။
အခြေအနေတွေအတွက် ကျနော်မှာ ဖိအား မရှိပါဘူး။ အသင်းပြောင်းစရာလည်း မလိုပါဘူး။ အင်္ဂလန်မှာက ဒုတိယ ဂိုးသမားဆိုတာကလည်း အခွင့်အရေး ရှိတာ အားလုံး သိပါတယ်။ ကျနော်က လက်ရှိမှာ ကမ္ဘာအကောင်းဆုံး အသင်းတစ်သင်းမှာ ရှိနေတာဖြစ်ပါတယ်။
လီဗာပူးက ဆုဖလားတွေအတွက် ပြိုင်ဆိုင်နေတာဖြစ်ပြီး လေ့ကျင့်ရေးမှာ နေ့တိုင်း လေ့ကျင့်ရတာတွေက ကျနော်ကို အမြင့်ဆုံး အဆင့်မှာ ဆက်ရျိနေစေပါတယ်။ လီဗာပူးမှာ ကျနော်က နေရာကောင်းမှာ ရှိနေဆဲဆိုတာ နားလည်တယ်၊ အဲ့သည်မှာ ကောင်းမွန်တဲ့ အခြေအနေကောင်းတွေလည်း ကျနော် ရထားပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။
လီဗာပူးအသင်းမှာ ပထမဂိုးသမား အယ်လီဆန်နောက် အရန် ဂိုးသမားအဖြစ် အတ်ဒရီယန် ရှိနေပါတယ်။ ရာသီကုန်မှာ လိုနာဂန် ထွက်ခွာမှာဖြစ်ကာ သူ့နေရာမှာတော့ ဂိုးသမား ဂလယ်ဟာ ဝင်လာမှာဖြစ်ပြီး ကားရီးယက်ကပါ အရန်ဂိုးသမားအဖြစ် အတ်ဒရီယန်နဲ့ အဓိက ယှဉ်ပြိုင်သွားတော့မှာ ဖြစ်ပါတယ်။
ZAWGYI
ဒီရာသီ ဘက္ဆစ္တက္ကို အငွားထြက္ေနတဲ့ ဂိုးသမား ကားရီးယက္က ေနာက္ရာသီမွာေတာ့ လီဗာပူးအသင္းမွာ ဆက္ေနျပီး အခြင့္အေရးကို ၾကိဳးစားရွာမယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။
ကားရီးယက္ဟာ ဘက္ဆစ္တက္နဲ႔ ႏွစ္ရာသီ အငွားစာခ်ဳပ္ ျပည့္မယ့္ လာမယ့္လမွာ မဲဝုဒ္ကို ျပန္လာမွာျဖစ္တယ္။ ၂၀၁၈ ခုႏွစ္ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ အိပ္မက္ဆိုးေတြ ရွိခဲ့တဲ့ ကားရီးယက္စ္ဟာ လီဗာပူးမွာ ဒုတိယဂိုးသမား ေနရာက ၾကိဳးစားခြင့္ရွိေနဆဲလို႔ ယံုၾကည္ေနတယ္။ သူဟာ လီဗာပူးနဲ႔ ႏွစ္ႏွစ္စာခ်ဳပ္ က်န္ရွိေနပါေသးတယ္။
ကားရီးယက္စ္က ” က်ေနာ္ အသင္းေျပာင္းခဲ့မယ္ ဆိုရင္လည္း ပံုမွန္ ကစားခြင့္ရဖို႔ လိုပါတယ္။ လီဗာပူးကေန ထြက္ခြာျပီး အျခားကလပ္ကို ေျပာင္းလို႔ အဲ့မွာလည္း နံပါတ္ ၂ ေနရာမွာပဲ ဆက္ရွိေနရမယ္ဆိုရင္ အဓိပၸာယ္ မရွိပါဘူး။
အေျခအေနေတြအတြက္ က်ေနာ္မွာ ဖိအား မရွိပါဘူး။ အသင္းေျပာင္းစရာလည္း မလိုပါဘူး။ အဂၤလန္မွာက ဒုတိယ ဂိုးသမားဆိုတာကလည္း အခြင့္အေရး ရွိတာ အားလံုး သိပါတယ္။ က်ေနာ္က လက္ရွိမွာ ကမၻာအေကာင္းဆံုး အသင္းတစ္သင္းမွာ ရွိေနတာျဖစ္ပါတယ္။
လီဗာပူးက ဆုဖလားေတြအတြက္ ျပိဳင္ဆုိင္ေနတာျဖစ္ျပီး ေလ့က်င့္ေရးမွာ ေန႔တိုင္း ေလ့က်င့္ရတာေတြက က်ေနာ္ကို အျမင့္ဆံုး အဆင့္မွာ ဆက္ရ်ိေနေစပါတယ္။ လီဗာပူးမွာ က်ေနာ္က ေနရာေကာင္းမွာ ရွိေနဆဲဆိုတာ နားလည္တယ္၊ အဲ့သည္မွာ ေကာင္းမြန္တဲ့ အေျခအေနေကာင္းေတြလည္း က်ေနာ္ ရထားပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။
လီဗာပူးအသင္းမွာ ပထမဂိုးသမား အယ္လီဆန္ေနာက္ အရန္ ဂိုးသမားအျဖစ္ အတ္ဒရီယန္ ရွိေနပါတယ္။ ရာသီကုန္မွာ လိုနာဂန္ ထြက္ခြာမွာျဖစ္ကာ သူ႔ေနရာမွာေတာ့ ဂိုးသမား ဂလယ္ဟာ ဝင္လာမွာျဖစ္ျပီး ကားရီးယက္ကပါ အရန္ဂိုးသမားအျဖစ္ အတ္ဒရီယန္နဲ႔ အဓိက ယွဥ္ျပိဳင္သြားေတာ့မွာ ျဖစ္ပါတယ္။