အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ ချစ်ကြည်ရေးပွဲကို ၆-၀ နဲ့ အရေးနိမ့်အပြီး ပြိုင်ဘက် မန်နေဂျာ တိုနီ မော့ဘရေးက ဘလက်ဘန်း ဝဘ်ဆိုဒ်ကနေ ပွဲအကြောင်း ထုတ်ပြောမှု လုပ်ခဲ့တယ်။
သူက လီဗာပူးလို ကမ္ဘာအကောင်းဆုံး အသင်းမှ ကမ္ဘာအကောင်းဆုံး ကစားသမားတွေနဲ့ ရင်ဆိုင်ရတာက သိပ်ကောင်းခဲ့သလို အခုလို ယှဉ်ပြိုင်ကစားခွင့် ရတာကို ကျေနပ်တယ်လို့ ဖွင့်ဟခဲ့တယ်။
ဘလက်ဘန်း မန်နေဂျာ တိုနီ မော့ဘရေးက “ လီဗာပူးနဲ့ ကစားရမယ်ဆိုတာကက ငြင်းဆန်လို့ မရတဲ့ အခွင့်အရေးလို့ ကျနော်ကတော့ မြင်တယ်။ ကမ္ဘာအကောင်းဆုံး အသင်းတစ်သင်းကို ယုံကြည်မှုရှိရှိ ကစားမယ်လို့ တွေးခဲ့တယ်။ ကစားသမားတွေ အားလုံးကလည်း အန်ဖီးကိုသွားပြီး လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်လိုစိတ် ရှိခဲ့ကြတယ်။ ကျနော် ကစားသမားတွေက အကောင်းဆုံးတွေနဲ့ ရင်ဆိုင်လိုခဲ့ပါတယ်။
ဗန်ဒိုက်၊ မာနေး၊ ဖာမင်နိုလို ကစားသမားတွေ အားလုံးနဲ့ ယှဉ်ပြိုင်ကစားခွင့် ရခဲ့တာက ကျနော်တို့အတွက် သိပ်ကောင်းတဲ့ အတွေ့အကြုံ ဖြစ်ခဲ့ပါတယ်။ အကောင်းဆုံးတွေဆိုတာ ဘယ်နေရာမှာ ရှိသလဲဆိုတာ ကျနေ်ာတို့ကို မြင်စေခဲ့ပါတယ် ” လို့ ဘလက်ဘန်း ဝဘ်ဆိုဒ်ကနေ ပြောဆိုခဲ့ပါတယ်။
ဘလက်ဘန်း မန်နေဂျာက ချစ်ကြည်ရေးပွဲအတွင်း လီဗာပူးအသင်းသားတွေရဲ့ ဘောလုံးပိုင်ဆိုင်မှု ရယူပုံနဲ့ နည်းစနစ်ပိုင်း ပြင်းထန်စွာ ကစားကြပုံကို အထင်ကြီးခဲ့ပါတယ်။ အထူးသဖြင့် သူတို့အသင်း ဘောလုံး ကိုင်ထားချိန်မှာ အခွင့်အရေး ဖန်တီးဖို့ကိုတောင် လုပ်ခွင့် မပေးမှုကို ထုတ်ဖော် ချီးကျူးခဲ့တယ်။
တိုနီ မော့ဘရေးက “ ပွဲတွေကို ကျနေ်ာတို့ မြင်ထားရတော့ အတော်လေး ဂရုစိုက်ခဲ့တယ်။ ပြိုင်ဘက်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကျနော် ကစားသမားတွေရဲ့ အဆင့်အတန်းကို အကဲမဖြတ်လိုပါဘူး၊ ဘာလို့လည်းဆိုတော့ လီဗာပူးက ဖိအားပေးမှုမှာ စက်ကြီး တစ်လုံးလိုပါပဲ။
လီဗာပူးက ကျနေ်ာတို့ကို ပေးမှု သုံးကြိမ်ထက်ပိုပြီး လုပ်ခွင့် မပေးတာကြောင့် ကျနေ်ာတို့ ကိုယ်ကစားချင်သလို ကစားခွင့် မရခဲ့ဘူး။ သူတို့ စက်တစ်လုံးလို အလုပ်လုပ်သွားပုံကို မြင်ရတာ သိပ်အံ့အားသင့်ဖို့ ကောင်းပါတယ်။ ပြိုင်ဆိုင်မှုရှိခဲ့တဲ့ ပွဲတစ်ပွဲပါ။ ပွဲအပြီးမှာ မန်နေဂျာကလော့ပ်နဲ့လည်း စကားပြောခဲ့တယ်။ နှစ်သင်းလုံးက အဆင့်သင့်ဖြစ်နေပြီး အခု ကစားခဲ့တဲ့ ပွဲကနေ နှစ်သင်းလုံး အကျိုးအမြတ်ရမှာ သေချာပါတယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ZAWGYI
အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားတဲ့ ခ်စ္ၾကည္ေရးပြဲကို ၆-၀ နဲ႔ အေရးနိမ့္အျပီး ျပိဳင္ဘက္ မန္ေနဂ်ာ တိုနီ ေမာ့ဘေရးက ဘလက္ဘန္း ဝဘ္ဆုိဒ္ကေန ပြဲအေၾကာင္း ထုတ္ေျပာမႈ လုပ္ခဲ့တယ္။
သူက လီဗာပူးလို ကမၻာအေကာင္းဆံုး အသင္းမွ ကမၻာအေကာင္းဆံုး ကစားသမားေတြနဲ႔ ရင္ဆိုင္ရတာက သိပ္ေကာင္းခဲ့သလို အခုလို ယွဥ္ျပိဳင္ကစားခြင့္ ရတာကို ေက်နပ္တယ္လို႔ ဖြင့္ဟခဲ့တယ္။
ဘလက္ဘန္း မန္ေနဂ်ာ တိုနီ ေမာ့ဘေရးက “ လီဗာပူးနဲ႔ ကစားရမယ္ဆိုတာကက ျငင္းဆန္လို႔ မရတဲ့ အခြင့္အေရးလို႔ က်ေနာ္ကေတာ့ ျမင္တယ္။ ကမၻာအေကာင္းဆံုး အသင္းတစ္သင္းကို ယံုၾကည္မႈရွိရွိ ကစားမယ္လို႔ ေတြးခဲ့တယ္။ ကစားသမားေတြ အားလံုးကလည္း အန္ဖီးကိုသြားျပီး လီဗာပူးအသင္းနဲ႔ ယွဥ္ျပိဳင္လိုစိတ္ ရွိခဲ့ၾကတယ္။ က်ေနာ္ ကစားသမားေတြက အေကာင္းဆံုးေတြနဲ႔ ရင္ဆိုင္လိုခဲ့ပါတယ္။
ဗန္ဒိုက္၊ မာေနး၊ ဖာမင္ႏိုလို ကစားသမားေတြ အားလံုးနဲ႔ ယွဥ္ျပိဳင္ကစားခြင့္ ရခဲ့တာက က်ေနာ္တို႔အတြက္ သိပ္ေကာင္းတဲ့ အေတြ႔အၾကံဳ ျဖစ္ခဲ့ပါတယ္။ အေကာင္းဆံုးေတြဆိုတာ ဘယ္ေနရာမွာ ရွိသလဲဆိုတာ က်ေန္ာတို႔ကို ျမင္ေစခဲ့ပါတယ္ ” လို႔ ဘလက္ဘန္း ဝဘ္ဆိုဒ္ကေန ေျပာဆိုခဲ့ပါတယ္။
ဘလက္ဘန္း မန္ေနဂ်ာက ခ်စ္ၾကည္ေရးပြဲအတြင္း လီဗာပူးအသင္းသားေတြရဲ႕ ေဘာလံုးပိုင္ဆိုင္မႈ ရယူပံုနဲ႔ နည္းစနစ္ပိုင္း ျပင္းထန္စြာ ကစားၾကပံုကို အထင္ၾကီးခဲ့ပါတယ္။ အထူးသျဖင့္ သူတို႔အသင္း ေဘာလံုး ကိုင္ထားခ်ိန္မွာ အခြင့္အေရး ဖန္တီးဖို႔ကိုေတာင္ လုပ္ခြင့္ မေပးမႈကို ထုတ္ေဖာ္ ခ်ီးက်ဴးခဲ့တယ္။
တိုနီ ေမာ့ဘေရးက “ ပြဲေတြကို က်ေန္ာတို႔ ျမင္ထားရေတာ့ အေတာ္ေလး ဂရုစိုက္ခဲ့တယ္။ ျပိဳင္ဘက္နဲ႔ ယွဥ္ျပိဳင္ကစားခဲ့တဲ့ က်ေနာ္ ကစားသမားေတြရဲ႕ အဆင့္အတန္းကို အကဲမျဖတ္လိုပါဘူး၊ ဘာလို႔လည္းဆိုေတာ့ လီဗာပူးက ဖိအားေပးမႈမွာ စက္ၾကီး တစ္လံုးလိုပါပဲ။
လီဗာပူးက က်ေန္ာတို႔ကို ေပးမႈ သံုးၾကိမ္ထက္ပိုျပီး လုပ္ခြင့္ မေပးတာေၾကာင့္ က်ေန္ာတုိ႔ ကိုယ္ကစားခ်င္သလို ကစားခြင့္ မရခဲ့ဘူး။ သူတို႔ စက္တစ္လံုးလို အလုပ္လုပ္သြားပံုကို ျမင္ရတာ သိပ္အံ့အားသင့္ဖို႔ ေကာင္းပါတယ္။ ျပိဳင္ဆိုင္မႈရွိခဲ့တဲ့ ပြဲတစ္ပြဲပါ။ ပြဲအျပီးမွာ မန္ေနဂ်ာကေလာ့ပ္နဲ႔လည္း စကားေျပာခဲ့တယ္။ ႏွစ္သင္းလံုးက အဆင့္သင့္ျဖစ္ေနျပီး အခု ကစားခဲ့တဲ့ ပြဲကေန ႏွစ္သင္းလံုး အက်ိဳးအျမတ္ရမွာ ေသခ်ာပါတယ္ ” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။