မန်နေဂျာ ယာဂင်ကလော့ပ်ဟာ ဥရောပ ထိပ်သီး လူငယ် ကစားသမားတွေဖြစ်တဲ့ အမ်ဘတ်ပီနဲ့ ဆန်ချိုတို့ကို သဘောကျပေမယ့် ကိစ္စတစ်ခု ဖြစ်မလာသ၍ ခေါ်ယူဖို့ စဉ်းစားမှာ မဟုတ်ဘူးလို့ အင်္ဂလန်သတင်းတွေက ဖော်ပြလာပါတယ်။
လီဗာပူးဟာ ဆန်ချို၊ အမ်ဘတ်ပီလို တိုက်စစ်သမားတွေနဲ့ သတင်းထွက်ပေမယ့် မန်နေဂျာကလော့ပ်က မာနေးကိုပဲ ပိုမို နှစ်သက်မှုရှိတယ်။ အကယ်လို့ အနာဂတ်မှာ လီဗာပူးကနေ မာနေး ထွက်ခွာသွားမှပဲ သူတို့ နှစ်ဦးထဲက တစ်ဦးကို ခေါ်ယူဖို့ ကိစ္စကို စဉ်းစားသွားဖွယ် ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။
ကလော့ပ်ကတင် မာနေးအပေါ် သစ္စာရှိတာတော့ မဟုတ်ပါဘူး။ မာနေးကိုယ်တိုင်ကလည်း ရီးရဲလ်မက်ဒရစ်နဲ့ သတင်းတွေ ကြီးထားပေမယ့် တိုက်စစ်သမားကိုယ်တိုင်ကတော့ လီဗာပူးမှာပဲ ဆက်နေလိုတဲ့ အပြုအမှုတွေ လုပ်ထားပါတယ်။ လီဗာပူးအသင်းနဲ့အတူ ကမ္ဘာအဆင့်ကို ရောက်လာတဲ့ မာနေးဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ညွှန်းဆိုခံရသူပါ။
ဘလွန်းဒီအော့ ၆ ကြိမ် အနိုင်ရ မက်ဆီကိုယ်တိုင်ကတော့ ၂၀၁၉ အတွက် ဘလွန်းဒီအော့ဆုမှာ မာနေးကို မဲပေးခဲ့ပြီး ဆီနီဂေါ တိုက်စစ်သမားကို သူ အထင်ကြီးတယ်လို့ ထုတ်ပြောထားပါတယ်။
ဒီရာသီ ပြိုင်ပွဲစုံမှာ သွင်းဂိုး ၂၀ ဂိုးထောက်ပံ့မှု ၂၀ ထိကို ဆန်ချို လုပ်ထားပေမယ့် မန်နေဂျာ ကလော့ပ်က အသင်းလူစာရင်းမှာ မာနေးကို ဖယ်ထုတ်ပြီး ဆန်ချိုကို ခေါ်ယူဖို့လောက်ထိတော့ မရည်ရွယ်သေးပါဘူး။ ဒါပေမယ့် အင်္ဂလန် တိုက်စစ်သမားရဲ့ အရည်အချင်းနဲ့ အလားအလာကို မန်နေဂျာကလော့ပ်က နှစ်သက်မှု ရှိနေတာကတော့ မှန်ကန်ပါတယ်။
ကလော့ပ်ဟာ ပြင်သစ်တိုက်စစ်သမား အမ်ဘတ်ပီနဲ့ ဖုန်းဆက်သွယ်မှု လုပ်ခဲ့သေးပြီး အဆိုပါ စကားပြောမှု နောက်ပိုင်းမှာတော့ သူ့ရဲ့ အာရုံက အမ်ဘတ်ပီထက် ဆန်ချိုအပေါ် ပြောင်းလဲသွားခဲ့တယ်။ လီဗာပူး အခြေစိုက် သတင်းထောက်တွေကလည်း ကလော့ပ်ဟာ ဆန်ချိုကို စိတ်ဝင်စားမှု ရှိတာ မှန်ကန်ပါတယ်လို့ အတည်ပြုထားပါတယ်။
လီဗာပူးဟာ အကောင်းဆုံး အသက်အရွယ်နဲ့ ခြေစွမ်းတွေ ပိုင်ဆိုင်ထားတဲ့ မာနေးကို အသင်းမှာ ဆက်ရှိနေဖို့ ထိန်းသိမ်းမှာပါ။ နောက်ရာသီတွေမှာ ဆီနီဂေါ တိုက်စစ်သမားကို လက်လွတ်ရတဲ့ အနေအထား ဖြစ်လာမှပဲ ဆန်ချိုနဲ့ အမ်ဘတ်ပီလို ထိပ်တန်း လူငယ်တွေကို ခေါ်ယူရေး ကိစ္စမျိုးကို စဉ်းစားမယ်လို့ သိရပါတယ်။
ZAWGYI
မန္ေနဂ်ာ ယာဂင္ကေလာ့ပ္ဟာ ဥေရာပ ထိပ္သီး လူငယ္ ကစားသမားေတြျဖစ္တဲ့ အမ္ဘတ္ပီနဲ႔ ဆန္ခ်ိဳတို႔ကို သေဘာက်ေပမယ့္ ကိစၥတစ္ခု ျဖစ္မလာသ၍ ေခၚယူဖို႔ စဥ္းစားမွာ မဟုတ္ဘူးလို႔ အဂၤလန္သတင္းေတြက ေဖာ္ျပလာပါတယ္။
လီဗာပူးဟာ ဆန္ခ်ိဳ၊ အမ္ဘတ္ပီလို တိုက္စစ္သမားေတြနဲ႔ သတင္းထြက္ေပမယ့္ မန္ေနဂ်ာကေလာ့ပ္က မာေနးကိုပဲ ပိုမို ႏွစ္သက္မႈရွိတယ္။ အကယ္လို႔ အနာဂတ္မွာ လီဗာပူးကေန မာေနး ထြက္ခြာသြားမွပဲ သူတို႔ ႏွစ္ဦးထဲက တစ္ဦးကို ေခၚယူဖို႔ ကိစၥကို စဥ္းစားသြားဖြယ္ ရွိတယ္လို႔ သတင္းေတြက ဆိုပါတယ္။
ကေလာ့ပ္ကတင္ မာေနးအေပၚ သစၥာရွိတာေတာ့ မဟုတ္ပါဘူး။ မာေနးကိုယ္တိုင္ကလည္း ရီးရဲလ္မက္ဒရစ္နဲ႔ သတင္းေတြ ၾကီးထားေပမယ့္ တုိက္စစ္သမားကိုယ္တိုင္ကေတာ့ လီဗာပူးမွာပဲ ဆက္ေနလိုတဲ့ အျပဳအမႈေတြ လုပ္ထားပါတယ္။ လီဗာပူးအသင္းနဲ႔အတူ ကမၻာအဆင့္ကို ေရာက္လာတဲ့ မာေနးဟာ လက္ရွိ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး ကစားသမားအျဖစ္ ညႊန္းဆိုခံရသူပါ။
ဘလြန္းဒီေအာ့ ၆ ၾကိမ္ အႏုိင္ရ မက္ဆီကိုယ္တိုင္ကေတာ့ ၂၀၁၉ အတြက္ ဘလြန္းဒီေအာ့ဆုမွာ မာေနးကို မဲေပးခဲ့ျပီး ဆီနီေဂါ တိုက္စစ္သမားကို သူ အထင္ၾကီးတယ္လို႔ ထုတ္ေျပာထားပါတယ္။
ဒီရာသီ ျပိဳင္ပြဲစံုမွာ သြင္းဂိုး ၂၀ ဂိုးေထာက္ပံ့မႈ ၂၀ ထိကို ဆန္ခ်ိဳ လုပ္ထားေပမယ့္ မန္ေနဂ်ာ ကေလာ့ပ္က အသင္းလူစာရင္းမွာ မာေနးကို ဖယ္ထုတ္ျပီး ဆန္ခ်ိဳကို ေခၚယူဖို႔ေလာက္ထိေတာ့ မရည္ရြယ္ေသးပါဘူး။ ဒါေပမယ့္ အဂၤလန္ တိုက္စစ္သမားရဲ႕ အရည္အခ်င္းနဲ႔ အလားအလာကို မန္ေနဂ်ာကေလာ့ပ္က ႏွစ္သက္မႈ ရွိေနတာကေတာ့ မွန္ကန္ပါတယ္။
ကေလာ့ပ္ဟာ ျပင္သစ္တိုက္စစ္သမား အမ္ဘတ္ပီနဲ႔ ဖုန္းဆက္သြယ္မႈ လုပ္ခဲ့ေသးျပီး အဆုိပါ စကားေျပာမႈ ေနာက္ပိုင္းမွာေတာ့ သူ႔ရဲ႕ အာရံုက အမ္ဘတ္ပီထက္ ဆန္ခ်ိဳအေပၚ ေျပာင္းလဲသြားခဲ့တယ္။ လီဗာပူး အေျခစိုက္ သတင္းေထာက္ေတြကလည္း ကေလာ့ပ္ဟာ ဆန္ခ်ိဳကို စိတ္ဝင္စားမႈ ရွိတာ မွန္ကန္ပါတယ္လို႔ အတည္ျပဳထားပါတယ္။
လီဗာပူးဟာ အေကာင္းဆံုး အသက္အရြယ္နဲ႔ ေျခစြမ္းေတြ ပိုင္ဆုိင္ထားတဲ့ မာေနးကို အသင္းမွာ ဆက္ရွိေနဖို႔ ထိန္းသိမ္းမွာပါ။ ေနာက္ရာသီေတြမွာ ဆီနီေဂါ တိုက္စစ္သမားကို လက္လြတ္ရတဲ့ အေနအထား ျဖစ္လာမွပဲ ဆန္ခ်ိဳနဲ႔ အမ္ဘတ္ပီလို ထိပ္တန္း လူငယ္ေတြကို ေခၚယူေရး ကိစၥမ်ိဳးကို စဥ္းစားမယ္လို႔ သိရပါတယ္။