ဇွန်လ အကုန်မှာ လီဗာပူးနဲ့ စာချုပ်ကုန်ပြီဖြစ်လို့ ပြင်သစ်ကလပ် နန့်တက်အသင်းထံ ပြောင်းရွှေ့သွားတော့မယ့် ကွင်းလယ်လူ ချီရီဗီလာက မန်နေဂျာကလော့ပ်နဲ့ လီဗာပူးအသင်းကို နုတ်ဆက်စကား ပြောဆိုခဲ့ပါပြီ။

၂၀၁၇ ခုနှစ်က လာဇီယိုကို ပြောင်းသွားခဲ့တဲ့ လူးကပ်လေဗာ နောက်ပိုင်း လီဗာပူးရဲ့ သက်တမ်းအရင့်ဆုံး နိုင်ငံခြားသား ကစားသမားဖြစ်သူ ချီရီဗီလာဟာ မာဆေးဆိုဒ်မှာ ၇ နှစ် ကျင်လည်ခဲ့သူပါ။ လီဗာပူးအသင်းမှာ သူထက် ကာလရှည် ရှိခဲ့သူဆိုလို့ အသင်းခေါင်းဆောင် ဟန်ဒါဆန် တစ်ဦးပဲ ရှိတော့တာဖြစ်တယ်။

အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူက လက်ရှိမှာ စပိန်နိုင်ငံမှာပဲ ရှိနေသေးပြီး ပြင်သစ်ကလပ် နန့်တက်နဲ့ အွန်လိုင်း အင်တာဗျူးကိစ္စတွေမှာ ပါဝင်သွားခဲ့တယ်။ မနက်ကပဲ လီဗာပူးအသင်းဘက်က ချီရီဗီလာ အသင်းကနေ ထွက်ခွာမယ့်အကြောင်း အတည်ပြုခဲ့ပါတယ်။

ချီရီဗီလာက “ ကျနော် ပြောနိုင်တဲ့ စကားလုံးတွေကတော့ ကျေးဇူးတင်မဆုံးတဲ့ စကားတွေပါပဲ။ မန်နေဂျာကလော့ပ်ဟာ ကျနော် အပေါ် သိပ်ကောင်းခဲ့ပါတယ်။ သူ့ကို ကျေးဇူးတင်နေမှာပါ။ ခင်ဗျားတို့ တီဗီမှာ မြင်နေရတဲ့ ကလော့ပ်ဟာ အပြင်ဘဝက ကလော့ပ် အစစ်အမှန်ပါပဲ။

ကျနော်ရဲ့ သားသမီး မြေးမြစ်တွေထိတိုင်အောင် ဘောလုံးသမိုင်းမှာ အကောင်းဆုံး မန်နေဂျာတစ်ဦးရဲ့ သင်ပြမှုကို ကျနော် ခံယူခဲ့ရတယ်ဆိုတာကို ပြောပြသွားမှာပါ ” လို့ ဆိုခဲ့တယ်။

စပိန်ကနေ လီဗာပူးအကယ်ဒမီကို ပြောင်းခဲ့တဲ့နောက်ပိုင်း နည်းပြတွေ ယုံကြည်ခြင်း အခံရဆုံး ကစားသမားဖြစ်ခဲ့တဲ့ ချီရီဗီလာဟာ နည်းစနစ် သိပ်ကောင်းသလို စည်းကမ်းနဲ့ အကျင့်စရိုက်ကောင်းတွေ ရှိသူပါ။ ဒါပေမယ့် လီဗာပူး စီနီယာအသင်းမှာ များပြားတဲ့ ကွင်းလယ်လူတွေကို ကျော်ပြီး နေရာရဖို့ သိပ်ခဲခဲ့တာကြောင့် ပုံမှန်ပွဲကစားခွင့်အတွက် နန့်တက်ကို ပြောင်းခဲ့တာဖြစ်တယ်။

စပိန်သားကပဲ “ ကျနော် အတွက်တော့ နန့်တက်ကို ပြောင်းတာက အခွင့်အရေးလို့ မြင်ပါတယ်။ လီဗာပူးအတွက် ကစားပေးဖို့ဆိုတာ တကယ်လည်း ခက်ခဲတာကြောင့် ကျနော်က ပွဲကစားဖို့ လိုချင်ခဲ့တယ်။ နန့်တက်ကို ပြောင်းတာက ကျနော်အတွက် ပြည့်စုံမယ်လို့ ထင်လို့ပါပဲ။ လီဗာပူးမှာလည်း တကယ်ကို ပျော်ရပါတယ်။

နန့်တက် ပရိသတ်တွေက You’ll Never Walk Alone သီချင်းနဲ့ ကြိုဆိုကြဖွယ် ရှိတယ်ဆိုတာက သိပ်ကောင်းတာပေါ့။ လီဗာပူးမှာ ၇ နှစ်တောင် နေခဲ့ရတာပါ။ ဒီသီချင်းက အရမ်းကို အဓိပ္ပာယ်ရှိပြီး နှလုံးသားထဲထိ ခံစားရပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

လီဗာပူး လူငယ်တွေဖြစ်တဲ့ အယ်ဘာတို၊ ဆူဆိုတို့ကလည်း ပုံမှန်နေရာအတွက် စီးရီးအေကလပ်တွေကို ပြောင်းကစားရာမှာ အောင်မြင်တဲ့ ကစားသမားဘဝတွေကို ပိုင်ဆိုင်ခဲ့ကြဖူးပါတယ်။ ချီရီဗီလာလည်း အနာဂတ်မှာ အောင်မြင်ကြပါစေကြောင်း ဆုတောင်းပေးဖို့ပဲ ရှိပါတယ်။ ချီရီဗီလာဟာ နန့်တက်မှာတော့ ကျောနံပါတ် ၅ ကို ဝတ်ဆင်ကစားမှာ ဖြစ်ပါတယ်။

ZAWGYI

ဇြန္လ အကုန္မွာ လီဗာပူးနဲ႔ စာခ်ဳပ္ကုန္ျပီျဖစ္လို႔ ျပင္သစ္ကလပ္ နန္႔တက္အသင္းထံ ေျပာင္းေရႊ႔သြားေတာ့မယ့္ ကြင္းလယ္လူ ခ်ီရီဗီလာက မန္ေနဂ်ာကေလာ့ပ္နဲ႔ လီဗာပူးအသင္းကို ႏုတ္ဆက္စကား ေျပာဆိုခဲ့ပါျပီ။

၂၀၁၇ ခုႏွစ္က လာဇီယိုကို ေျပာင္းသြားခဲ့တဲ့ လူးကပ္ေလဗာ ေနာက္ပိုင္း လီဗာပူးရဲ႕ သက္တမ္းအရင့္ဆံုး ႏုိင္ငံျခားသား ကစားသမားျဖစ္သူ ခ်ီရီဗီလာဟာ မာေဆးဆိုဒ္မွာ ၇ ႏွစ္ က်င္လည္ခဲ့သူပါ။ လီဗာပူးအသင္းမွာ သူထက္ ကာလရွည္ ရွိခဲ့သူဆိုလို႔ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ တစ္ဦးပဲ ရွိေတာ့တာျဖစ္တယ္။

အသက္ ၂၃ ႏွစ္အရြယ္ ကြင္းလယ္လူက လက္ရွိမွာ စပိန္ႏုိင္ငံမွာပဲ ရွိေနေသးျပီး ျပင္သစ္ကလပ္ နန္႔တက္နဲ႔ အြန္လိုင္း အင္တာဗ်ဴးကိစၥေတြမွာ ပါဝင္သြားခဲ့တယ္။ မနက္ကပဲ လီဗာပူးအသင္းဘက္က ခ်ီရီဗီလာ အသင္းကေန ထြက္ခြာမယ့္အေၾကာင္း အတည္ျပဳခဲ့ပါတယ္။

ခ်ီရီဗီလာက “ က်ေနာ္ ေျပာႏုိင္တဲ့ စကားလံုးေတြကေတာ့ ေက်းဇူးတင္မဆံုးတဲ့ စကားေတြပါပဲ။ မန္ေနဂ်ာကေလာ့ပ္ဟာ က်ေနာ္ အေပၚ သိပ္ေကာင္းခဲ့ပါတယ္။ သူ႔ကို ေက်းဇူးတင္ေနမွာပါ။ ခင္ဗ်ားတို႔ တီဗီမွာ ျမင္ေနရတဲ့ ကေလာ့ပ္ဟာ အျပင္ဘဝက ကေလာ့ပ္ အစစ္အမွန္ပါပဲ။

က်ေနာ္ရဲ႕ သားသမီး ေျမးျမစ္ေတြထိတိုင္ေအာင္ ေဘာလံုးသမိုင္းမွာ အေကာင္းဆံုး မန္ေနဂ်ာတစ္ဦးရဲ႕ သင္ျပမႈကို က်ေနာ္ ခံယူခဲ့ရတယ္ဆိုတာကို ေျပာျပသြားမွာပါ ” လို႔ ဆိုခဲ့တယ္။

စပိန္ကေန လီဗာပူးအကယ္ဒမီကို ေျပာင္းခဲ့တဲ့ေနာက္ပိုင္း နည္းျပေတြ ယံုၾကည္ျခင္း အခံရဆံုး ကစားသမားျဖစ္ခဲ့တဲ့ ခ်ီရီဗီလာဟာ နည္းစနစ္ သိပ္ေကာင္းသလို စည္းကမ္းနဲ႔ အက်င့္စရိုက္ေကာင္းေတြ ရွိသူပါ။ ဒါေပမယ့္ လီဗာပူး စီနီယာအသင္းမွာ မ်ားျပားတဲ့ ကြင္းလယ္လူေတြကို ေက်ာ္ျပီး ေနရာရဖို႔ သိပ္ခဲခဲ့တာေၾကာင့္ ပံုမွန္ပြဲကစားခြင့္အတြက္ နန္႔တက္ကို ေျပာင္းခဲ့တာျဖစ္တယ္။

စပိန္သားကပဲ “ က်ေနာ္ အတြက္ေတာ့ နန္႔တက္ကို ေျပာင္းတာက အခြင့္အေရးလို႔ ျမင္ပါတယ္။ လီဗာပူးအတြက္ ကစားေပးဖို႔ဆိုတာ တကယ္လည္း ခက္ခဲတာေၾကာင့္ က်ေနာ္က ပြဲကစားဖို႔ လိုခ်င္ခဲ့တယ္။ နန္႔တက္ကို ေျပာင္းတာက က်ေနာ္အတြက္ ျပည့္စံုမယ္လို႔ ထင္လို႔ပါပဲ။ လီဗာပူးမွာလည္း တကယ္ကို ေပ်ာ္ရပါတယ္။

နန္႔တက္ ပရိသတ္ေတြက You’ll Never Walk Alone သီခ်င္းနဲ႔ ၾကိဳဆိုၾကဖြယ္ ရွိတယ္ဆိုတာက သိပ္ေကာင္းတာေပါ့။ လီဗာပူးမွာ ၇ ႏွစ္ေတာင္ ေနခဲ့ရတာပါ။ ဒီသီခ်င္းက အရမ္းကို အဓိပၸာယ္ရွိျပီး ႏွလံုးသားထဲထိ ခံစားရပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။

လီဗာပူး လူငယ္ေတြျဖစ္တဲ့ အယ္ဘာတို၊ ဆူဆိုတို႔ကလည္း ပံုမွန္ေနရာအတြက္ စီးရီးေအကလပ္ေတြကို ေျပာင္းကစားရာမွာ ေအာင္ျမင္တဲ့ ကစားသမားဘဝေတြကို ပိုင္ဆိုင္ခဲ့ၾကဖူးပါတယ္။ ခ်ီရီဗီလာလည္း အနာဂတ္မွာ ေအာင္ျမင္ၾကပါေစေၾကာင္း ဆုေတာင္းေပးဖို႔ပဲ ရွိပါတယ္။ ခ်ီရီဗီလာဟာ နန္႔တက္မွာေတာ့ ေက်ာနံပါတ္ ၅ ကို ဝတ္ဆင္ကစားမွာ ျဖစ္ပါတယ္။