LFCTV ကနေ ထုတ်လွှင့်ပေးနေတဲ့ Legends in Lockdown show နောက်ဆုံးအပိုင်းမှာတော့ စပိန်သား တောင်ပံသမားဟောင်း ရီအယ်ရာက ဂန္တဝင်ကြီး စတီဗင်ရဲ့ နိုင်ငံခြားသား ကစားသမားတွေကို ကူညီပေးမှုနဲ့ လေ့ကျင့်ရေးမှာ ဦဆောင်မှုတွေကို ဖွင့်ဟပြောဆိုမှု လုပ်သွားခဲ့ပါတယ်။

ရီအယ်ရာက ပြောရာမှာ ” စတီဗင်နဲ့အတူ ရှိခဲ့တဲ့ အချိန်တွေမှာ သူစကားပြောပြီဆိုရင် နားထောင်ဖို့ပါပဲ။ သူ တစ်ခုခုပြောပြီဆိုရင် အဲ့တာက အရေးကြီးလို့ပဲ ဖြစ်ပါတယ်။ သူ့ကို အသင်းခေါင်းဆောင်အဖြစ် ဆက်ဆံရတာကို ကျနော် သိပ်သဘောကျပြီး အဝတ်လဲခန်းမှာ သိပ်ကောင်းတဲ့ သူလည်း ဖြစ်တယ်။ ကစားသမား အနေနဲ့လည်း သူက ပြောစရာမလိုပါဘူး။

ကျနော် အင်္ဂလန်ကိုလာတော့ အင်္ဂလိပ်စကား သိပ်မပြောနိုင်ဘူး။ အာဂျင်တီးနားနဲ့ ဘရာဇီးက အင်္ဂလိပ်စကား သိပ်မပြောနိုင်တဲ့ ကစားသမား လေးယောက်လောက်လည်း ရှိခဲ့တယ်။ သူက ကျနေ်ာတို့ကို ကူညီပေးခဲ့တယ်။ အဲ့တာတွေက သူမလုပ်လည်း ရတဲ့ ကိစ္စတွေပါ။

သူဟာ အသင်းခေါင်းဆောင်ပါ၊ နောက်ပြီး ဂန္တဝင်တစ်ဦးပါ။ အပတ်တိုင်း စနေ၊ တနင်္ဂနွေနေ့တွေမှာ ပုံမှန် ပွဲကစားရမယ်ဆိုတာ သိပေမယ့် သူကတော့ အကောင်းဆုံး လုပ်တာပါပဲ။ လေ့ကျင့်ရေးဆိုရင် အပြည့်အဝဆင်းတယ်၊ ဖြတ်လုမှု၊ ညွှန်ကြားမှု၊ လိုက်လံ ရွှေ့လျားမှုတွေ လုပ်ဆောင်တယ်။

ကျနော်က စတီဗင်လို ပုံမှန်ကစားရမယ်ဆိုတာ သေချာတဲ့ သူကတောင် လေ့ကျင့်ရေးနေ့တိုင်းမှာ ရာနှုန်းပြည့် ကြိုးစားမှတော့ ငါဆိုရင် ၁၂၀% လောက်ကို ကြိုးစားရမှာပေါ့လို့တောင် အမြဲ တွေးခဲ့မိပါတယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

LFCTV ကေန ထုတ္လႊင့္ေပးေနတဲ့ Legends in Lockdown show ေနာက္ဆံုးအပိုင္းမွာေတာ့ စပိန္သား ေတာင္ပံသမားေဟာင္း ရီအယ္ရာက ဂႏၱဝင္ၾကီး စတီဗင္ရဲ႕ ႏုိင္ငံျခားသား ကစားသမားေတြကို ကူညီေပးမႈနဲ႔ ေလ့က်င့္ေရးမွာ ဦေဆာင္မႈေတြကို ဖြင့္ဟေျပာဆိုမႈ လုပ္သြားခဲ့ပါတယ္။

ရီအယ္ရာက ေျပာရာမွာ ” စတီဗင္နဲ႔အတူ ရွိခဲ့တဲ့ အခ်ိန္ေတြမွာ သူစကားေျပာျပီဆိုရင္ နားေထာင္ဖို႔ပါပဲ။ သူ တစ္ခုခုေျပာျပီဆိုရင္ အဲ့တာက အေရးၾကီးလို႔ပဲ ျဖစ္ပါတယ္။ သူ႔ကို အသင္းေခါင္းေဆာင္အျဖစ္ ဆက္ဆံရတာကို က်ေနာ္ သိပ္သေဘာက်ျပီး အဝတ္လဲခန္းမွာ သိပ္ေကာင္းတဲ့ သူလည္း ျဖစ္တယ္။ ကစားသမား အေနနဲ႔လည္း သူက ေျပာစရာမလိုပါဘူး။

က်ေနာ္ အဂၤလန္ကိုလာေတာ့ အဂၤလိပ္စကား သိပ္မေျပာႏုိင္ဘူး။ အာဂ်င္တီးနားနဲ႔ ဘရာဇီးက အဂၤလိပ္စကား သိပ္မေျပာႏုိင္တဲ့ ကစားသမား ေလးေယာက္ေလာက္လည္း ရွိခဲ့တယ္။ သူက က်ေန္ာတို႔ကို ကူညီေပးခဲ့တယ္။ အဲ့တာေတြက သူမလုပ္လည္း ရတဲ့ ကိစၥေတြပါ။

သူဟာ အသင္းေခါင္းေဆာင္ပါ၊ ေနာက္ျပီး ဂႏၱဝင္တစ္ဦးပါ။ အပတ္တိုင္း စေန၊ တနဂၤေႏြေန႔ေတြမွာ ပံုမွန္ ပြဲကစားရမယ္ဆိုတာ သိေပမယ့္ သူကေတာ့ အေကာင္းဆံုး လုပ္တာပါပဲ။ ေလ့က်င့္ေရးဆိုရင္ အျပည့္အဝဆင္းတယ္၊ ျဖတ္လုမႈ၊ ညႊန္ၾကားမႈ၊ လိုက္လံ ေရႊ႔လ်ားမႈေတြ လုပ္ေဆာင္တယ္။

က်ေနာ္က စတီဗင္လို ပံုမွန္ကစားရမယ္ဆိုတာ ေသခ်ာတဲ့ သူကေတာင္ ေလ့က်င့္ေရးေန႔တိုင္းမွာ ရာႏႈန္းျပည့္ ၾကိဳးစားမွေတာ့ ငါဆိုရင္ ၁၂၀% ေလာက္ကို ၾကိဳးစားရမွာေပါ့လို႔ေတာင္ အျမဲ ေတြးခဲ့မိပါတယ္ ” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။