ပရီးမီးယားလိဂ် လက်ကျန် ၉ ပွဲဟာ လီဗာပူးအတွက် ချန်ပီယံဖြစ်ရေးတင် မကပါဘူး။ ဒါဟာ မျိုးဆက်တစ်ဆက်ကို စတင်ပျိုးဖို့ အရေးပါဆုံး အချိန်လည်း ဖြစ်လာပါတယ်။

ဥရောပချန်ပီယံ၊ ကမ္ဘာကလပ်ချန်ပီယံ ဖြစ်ထားခဲ့တဲ့ လီဗာပူးဟာ မကြာခင်မှာ အင်္ဂလန်ရဲ့ ချန်ပီယံလည်း ဖြစ်လာပါမယ်။ အသင်းတစ်သင်း ရှေ့ဆက်ဖို့ရာမှာ ဆက်လက် တိုးတက်လာဖို့နဲ့ အောင်မြင်မှုတွေကို တည်ငြိမ်အောင် ထိန်းထားဖို့ ဆိုတာတွေက အရေးပါလာခဲ့တယ်။ ကလော့ပ်ဟာ လီဗာပူးနဲ့ ၂၀၂၄ ခုနှစ်ထိ သက်တမ်းရှိထားပြီး သူက လီဗာပူးအတွက် အခြေခံ အုတ်မြစ်တစ်ခုကို ချပေးလိုနေပါတယ်။

ကလော့ပ်ဟာ လီဗာပူးအသင်းမှာ အတွေးအခေါ်တစ်ခုကို ချပြထားခဲ့ပါပြီ။ ဖိအားပေး ကစားခြင်းဟာ လီဗာပူးရဲ့ အမှတ်အသား ဖြစ်လာဖို့ရှိတယ်။ အရေးပါဆုံး အချက်က လီဗာပူး လူစာရင်းမှာ နေရာအလိုက်ကို ရေရှည်အတွက် စမွေးဖို့ ဖြစ်လာပါတယ်။ မာနေး၊ ဘော်ဘီနဲ့ ဆာလက်တို့ဟာ လူစာရင်းကနေ ဖယ်ထုတ်လိုက်ဖို့ ခက်ခဲပေမယ့်လည်း ဒါဟာ အနာဂတ်အတွက် အစီအစဉ်တွေ မလုပ်ဆောင်ရဘူးလို့ မဆိုလိုပါဘူး။

ကစားသမား တစ်ဦးကို ပေါင် သန်း ၅၀ ခေါ်ယူခြင်းမျိုးကို မလုပ်ဘူးဆိုရင် တစ်ခုတည်းသော နည်းလမ်းက လူငယ်တွေကို နေရာပေးဖို့ ဖြစ်ပါတယ်။ မနှစ်က နွေမှာလည်း ကစားသမားသစ်အဖြစ် ဗန်ဒန်ဘယ်ရာ၊ အီးလီးယော့၊ ဇန်နဝါရီမှာ မီနာမီနိုတို့ကို ခေါ်ယူထားတဲ့ လီဗာပူးဟာ ဒီနွေမှာ လူမခေါ်ဘူးဆိုရင် နှစ်ရာသီဆက်တိုက် အဓိက ကစားသမား မခေါ်ယူမှု ဖြစ်လာပါမယ်။ အပြောင်းအရွှေ့ကြီး မလုပ်တာ တစ်ခုတည်းနဲ့တော့ လူသစ်တွေကို လီဗာပူး လူစာရင်းမှာ မတွေ့ရတာမျိုး မဟုတ်ပါဘူး။

  • ဒီရာသီ ပြိုင်ပွဲစုံမှာ ပွဲထွက်ခွင့် အများဆုံး ရထားတဲ့ ကစားသမား ၁၀ ဦးမှာ ၇ ဦးက အသက် ၂၇ နှစ်နဲ့ ၂၇ နှစ် အထက်တွေ ဖြစ်ပါတယ်။
  • အသက် ၂၄ နှစ်အောက်မှာ အဓိက ပွဲထွက်ခွင့်ရနေသူက နှစ်ဦးပဲ ရှိပြီး ဂိုးမက်စ် (၂၃ နှစ်) နဲ့ ထရန့် (၂၁ နှစ်) တို့ဖြစ်တယ်။
  • အသက် ၂၀ နဲ့ ၂၀ အောက် ကစားသမား ၇ ဦးက ပွဲထွက်ခွင့် အနည်းဆုံး ၁၅၀ မိနစ်တွေ ရထားပါတယ်။

ဒီနှစ်လအတွင်းမှာ ကလော့ပ်ဟာ အမှတ်ပေး ၉ ပွဲအတွင်း လူငယ်တွေကို စသုံးရမှာဖြစ်ပြီး ကီတာနဲ့ မီနာမီနိုကို နေရာပေးရမှာပါ။ သူတို့ နှစ်ဦးက ဒီရာသီအတွက် သိပ်ပြီး အရေးပါလှတဲ့ ကစားသမားတွေ မဟုတ်သေးပါဘူး။ ဒါပေမယ့် ရေရှည်အတွက်ဆိုရင် သူတို့ နှစ်ဦးကို ပွဲကစားချိန်တွေ ပိုမို ပေးရမှဖြစ်တယ်။

လူစားလဲမှု ၅ ဦးထိ လုပ်ခွင့်ရှိပြီး ချန်ပီယံဖြစ်ဖို့ ၂ ပွဲပဲ နိုင်ဖို့ လိုတဲ့ အနေအထားမှာ အီလီယော့၊ ကာတစ်ဂျုံးနဲ့ နီကိုး ဝီလီယမ်တို့က ပွဲကစားခွင့်တွေ များမယ်လို့ သတင်း အကြီးဆုံးဖြစ်ပါတယ်။ သူတို့ သုံးဦးလုံးက ၂၀ အောက်တွေဖြစ်ကာ ပရိသတ် မပါ ဖိအားနည်းတဲ့ အနေအထားမှာ နောက်ထပ် ထရန့်တွေ ဘယ်နှစ်ဦး ပေါ်လာမလဲဆိုတာက စိတ်ဝင်စားဖို့ ကောင်းမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ကရာဘီ လေ့ကျင့်ရေးကို ပိတ်ပေးထားရပြီး ယူ-၂၃ အောက် အပါအဝင် သက်တမ်းအလိုက် လူငယ် ၁၇၀ လုံးက လေ့ကျင့်ရေးဝင်ခွင့် မရှိပါဘူး။ လီဗာပူးအသင်းမှာ သက်ဝင်လှုပ်ရှားရာ နေရာက မဲဝုဒ်တစ်ခုပဲ ရှိမှာဖြစ်တယ်။ ဒါကြောင့် ဂျုံး၊ အီးလီးယော့၊ နီကိုး၊ ကလယ်ဟာ၊ လာရိုစီ၊ ဟိုဗာ၊ ကလာဆန်၊ ဂျိတ်ကိန်းလို လူငယ်တွေက စီနီယာအသင်းနဲ့ လေ့ကျင့်မှုကိုပဲ အာရုံစိုက်ခွင့်အပြည့် ရကြမှာဖြစ်တယ်။

အကယ်ဒမီနည်းပြ Inglethorpe ကတော့ ကားတစ်ဂျုံးနဲ့ နီးကိုးတို့ဟာ စီနီယာအဆင့်မှာ အခွင့်အရေး ရလိမ့်မယ်လို့ အခိုင်အမာ ထုတ်ပြောထားတယ်။ ထရန့်နေရာ အစားထိုးဖို့ ကစားသမား မရှိခြင်းက နီကိုးအတွက် အဓိက အခွင့်အရေးတစ်ခု ဖြစ်လာခဲ့သလို ကာတစ်ဂျုံးကတော့ မန်နေဂျာကလော့ပ် သဘောကျရတဲ့ ကစားသမား ဖြစ်လာနေခဲ့တယ်။

လူငယ်လေးတွေအတွက် ကံကောင်းခြင်းတစ်ခုက သူတို့ဟာ ပရိသတ်မပါတဲ့ ပွဲတွေကို ကစားရမှာဖြစ်လို့ ဖိအားတွေ နည်းပါးပါလိမ့်မယ်။ လူငယ်တွေကို ဘယ်လို နေရာပေးရမယ်ဆိုတာ ကောင်းကောင်းနားလည်တဲ့ ကလေ့ာပ်အတွက်က ချန်ပီယံဖြစ်ဖို့ သေချာပြီးခဲ့ရင် ဖိအားမရှိတော့မယ့် အနေအထားနဲ့ လူစားလဲမှု ၅ ခုထိ လုပ်ခွင့်ဆိုတာထက် ပိုကောင်းတဲ့ အခွင့်အရေး ထပ်မရှိတော့ဘူးလို့ လီဗာပူး အကယ်ဒမီနည်းပြတွေက ယုံကြည်ထားပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ လက္က်န္ ၉ ပြဲဟာ လီဗာပူးအတြက္ ခ်န္ပီယံျဖစ္ေရးတင္ မကပါဘူး။ ဒါဟာ မ်ိဳးဆက္တစ္ဆက္ကို စတင္ပ်ိဳးဖို႔ အေရးပါဆံုး အခ်ိန္လည္း ျဖစ္လာပါတယ္။

ဥေရာပခ်န္ပီယံ၊ ကမၻာကလပ္ခ်န္ပီယံ ျဖစ္ထားခဲ့တဲ့ လီဗာပူးဟာ မၾကာခင္မွာ အဂၤလန္ရဲ႕ ခ်န္ပီယံလည္း ျဖစ္လာပါမယ္။ အသင္းတစ္သင္း ေရွ႔ဆက္ဖို႔ရာမွာ ဆက္လက္ တိုးတက္လာဖို႔နဲ႔ ေအာင္ျမင္မႈေတြကို တည္ျငိမ္ေအာင္ ထိန္းထားဖို႔ ဆိုတာေတြက အေရးပါလာခဲ့တယ္။ ကေလာ့ပ္ဟာ လီဗာပူးနဲ႔ ၂၀၂၄ ခုႏွစ္ထိ သက္တမ္းရွိထားျပီး သူက လီဗာပူးအတြက္ အေျခခံ အုတ္ျမစ္တစ္ခုကို ခ်ေပးလိုေနပါတယ္။

ကေလာ့ပ္ဟာ လီဗာပူးအသင္းမွာ အေတြးအေခၚတစ္ခုကို ခ်ျပထားခဲ့ပါျပီ။ ဖိအားေပး ကစားျခင္းဟာ လီဗာပူးရဲ႕ အမွတ္အသား ျဖစ္လာဖို႔ရွိတယ္။ အေရးပါဆံုး အခ်က္က လီဗာပူး လူစာရင္းမွာ ေနရာအလိုက္ကို ေရရွည္အတြက္ စေမြးဖို႔ ျဖစ္လာပါတယ္။ မာေနး၊ ေဘာ္ဘီနဲ႔ ဆာလက္တို႔ဟာ လူစာရင္းကေန ဖယ္ထုတ္လိုက္ဖို႔ ခက္ခဲေပမယ့္လည္း ဒါဟာ အနာဂတ္အတြက္ အစီအစဥ္ေတြ မလုပ္ေဆာင္ရဘူးလို႔ မဆိုလိုပါဘူး။

ကစားသမား တစ္ဦးကို ေပါင္ သန္း ၅၀ ေခၚယူျခင္းမ်ိဳးကို မလုပ္ဘူးဆိုရင္ တစ္ခုတည္းေသာ နည္းလမ္းက လူငယ္ေတြကို ေနရာေပးဖို႔ ျဖစ္ပါတယ္။ မႏွစ္က ေႏြမွာလည္း ကစားသမားသစ္အျဖစ္ ဗန္ဒန္ဘယ္ရာ၊ အီးလီးေယာ့၊ ဇန္နဝါရီမွာ မီနာမီႏိုတို႔ကို ေခၚယူထားတဲ့ လီဗာပူးဟာ ဒီေႏြမွာ လူမေခၚဘူးဆိုရင္ ႏွစ္ရာသီဆက္တိုက္ အဓိက ကစားသမား မေခၚယူမႈ ျဖစ္လာပါမယ္။ အေျပာင္းအေရႊ႔ၾကီး မလုပ္တာ တစ္ခုတည္းနဲ႔ေတာ့ လူသစ္ေတြကို လီဗာပူး လူစာရင္းမွာ မေတြ႔ရတာမ်ိဳး မဟုတ္ပါဘူး။

  • ဒီရာသီ ျပိဳင္ပြဲစံုမွာ ပြဲထြက္ခြင့္ အမ်ားဆံုး ရထားတဲ့ ကစားသမား ၁၀ ဦးမွာ ၇ ဦးက အသက္ ၂၇ ႏွစ္နဲ႔ ၂၇ ႏွစ္ အထက္ေတြ ျဖစ္ပါတယ္။
  • အသက္ ၂၄ ႏွစ္ေအာက္မွာ အဓိက ပြဲထြက္ခြင့္ရေနသူက ႏွစ္ဦးပဲ ရွိျပီး ဂိုးမက္စ္ (၂၃ ႏွစ္) နဲ႔ ထရန္႔ (၂၁ ႏွစ္) တို႔ျဖစ္တယ္။
  • အသက္ ၂၀ နဲ႔ ၂၀ ေအာက္ ကစားသမား ၇ ဦးက ပြဲထြက္ခြင့္ အနည္းဆံုး ၁၅၀ မိနစ္ေတြ ရထားပါတယ္။

ဒီႏွစ္လအတြင္းမွာ ကေလာ့ပ္ဟာ အမွတ္ေပး ၉ ပြဲအတြင္း လူငယ္ေတြကို စသံုးရမွာျဖစ္ျပီး ကီတာနဲ႔ မီနာမီႏိုကို ေနရာေပးရမွာပါ။ သူတို႔ ႏွစ္ဦးက ဒီရာသီအတြက္ သိပ္ျပီး အေရးပါလွတဲ့ ကစားသမားေတြ မဟုတ္ေသးပါဘူး။ ဒါေပမယ့္ ေရရွည္အတြက္ဆိုရင္ သူတို႔ ႏွစ္ဦးကို ပြဲကစားခ်ိန္ေတြ ပိုမို ေပးရမွျဖစ္တယ္။

လူစားလဲမႈ ၅ ဦးထိ လုပ္ခြင့္ရွိျပီး ခ်န္ပီယံျဖစ္ဖို႔ ၂ ပြဲပဲ ႏုိင္ဖို႔ လိုတဲ့ အေနအထားမွာ အီလီေယာ့၊ ကာတစ္ဂ်ံဳးနဲ႔ နီကိုး ဝီလီယမ္တို႔က ပြဲကစားခြင့္ေတြ မ်ားမယ္လို႔ သတင္း အၾကီးဆံုးျဖစ္ပါတယ္။ သူတို႔ သံုးဦးလံုးက ၂၀ ေအာက္ေတြျဖစ္ကာ ပရိသတ္ မပါ ဖိအားနည္းတဲ့ အေနအထားမွာ ေနာက္ထပ္ ထရန္႔ေတြ ဘယ္ႏွစ္ဦး ေပၚလာမလဲဆိုတာက စိတ္ဝင္စားဖို႔ ေကာင္းမွာ ျဖစ္ပါတယ္။

လက္ရွိမွာ ကရာဘီ ေလ့က်င့္ေရးကို ပိတ္ေပးထားရျပီး ယူ-၂၃ ေအာက္ အပါအဝင္ သက္တမ္းအလိုက္ လူငယ္ ၁၇၀ လံုးက ေလ့က်င့္ေရးဝင္ခြင့္ မရွိပါဘူး။ လီဗာပူးအသင္းမွာ သက္ဝင္လႈပ္ရွားရာ ေနရာက မဲဝုဒ္တစ္ခုပဲ ရွိမွာျဖစ္တယ္။ ဒါေၾကာင့္ ဂ်ံဳး၊ အီးလီးေယာ့၊ နီကိုး၊ ကလယ္ဟာ၊ လာရိုစီ၊ ဟိုဗာ၊ ကလာဆန္၊ ဂ်ိတ္ကိန္းလို လူငယ္ေတြက စီနီယာအသင္းနဲ႔ ေလ့က်င့္မႈကိုပဲ အာရံုစိုက္ခြင့္အျပည့္ ရၾကမွာျဖစ္တယ္။

အကယ္ဒမီနည္းျပ Inglethorpe ကေတာ့ ကားတစ္ဂ်ံဳးနဲ႔ နီးကိုးတို႔ဟာ စီနီယာအဆင့္မွာ အခြင့္အေရး ရလိမ့္မယ္လို႔ အခိုင္အမာ ထုတ္ေျပာထားတယ္။ ထရန္႔ေနရာ အစားထိုးဖို႔ ကစားသမား မရွိျခင္းက နီကိုးအတြက္ အဓိက အခြင့္အေရးတစ္ခု ျဖစ္လာခဲ့သလို ကာတစ္ဂ်ံဳးကေတာ့ မန္ေနဂ်ာကေလာ့ပ္ သေဘာက်ရတဲ့ ကစားသမား ျဖစ္လာေနခဲ့တယ္။

လူငယ္ေလးေတြအတြက္ ကံေကာင္းျခင္းတစ္ခုက သူတို႔ဟာ ပရိသတ္မပါတဲ့ ပြဲေတြကို ကစားရမွာျဖစ္လို႔ ဖိအားေတြ နည္းပါးပါလိမ့္မယ္။ လူငယ္ေတြကို ဘယ္လို ေနရာေပးရမယ္ဆိုတာ ေကာင္းေကာင္းနားလည္တဲ့ ကေလ့ာပ္အတြက္က ခ်န္ပီယံျဖစ္ဖို႔ ေသခ်ာျပီးခဲ့ရင္ ဖိအားမရွိေတာ့မယ့္ အေနအထားနဲ႔ လူစားလဲမႈ ၅ ခုထိ လုပ္ခြင့္ဆိုတာထက္ ပိုေကာင္းတဲ့ အခြင့္အေရး ထပ္မရွိေတာ့ဘူးလို႔ လီဗာပူး အကယ္ဒမီနည္းျပေတြက ယံုၾကည္ထားပါတယ္။