လီဗာပူး တိုက္စစ္သမား ရွာကြီရီက ဗိုလ္လုပြဲ တက်ရောက်သွားတဲ့ အသင်း နိုင်ပွဲအပြီးမှာ ၀မ်းမြောက်နေပြီး ဘိုင်ယန်နဲ့ ချန်ပီယံလိဂ် ဗိုလ်စွဲဖူးတဲ့ ၄င်းက လီဗာပူးနဲ့အတူ ဒုတိယမြောက် ချန်ပီယံလိဂ် ဗိုလ်စွဲနိုင်ရန် ပစ်မှတ်ထားနေပါတယ်။

2018-2019 ဘောလုံးရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုတော့ လီဗာပူးနဲ့ စပါးအသင်းတို့ ထိပ်တိုက် ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး စပိန်နိုင်ငံ မက်ဒရစ်မြို့က အက်သလက်တီကို မက်ဒရစ်ရဲ့ အိမ်ကွင်းဖြစ်တဲ့ Wanda Metropolitano ကွင်းမှာ ယှဉ်ပြိုင်ပါမယ်။

လီဗာပူးခံစစ်မှူး အန်ဒီရော်ဘတ်ဆန်ဟာ ဆွာရက်စ်နဲ့ ထိပ်တိုက်တွေ့ခဲ့တာကြောင့် ခြေသလုံး ဒဏ်ရာ ရသွားခဲ့ပြီး အချိန်ကြာ မကစားနိုင်မှာ စိုးရိမ်နေရပါတယ်။

ဘာစီလိုနာကို ကျော်ဖြတ်ဖို့ မဖြစ်နိုင်တဲ့ အနေအထား ရှိခဲ့ပေမယ့် ယာဂင်ကလော့ပ်က လီဗာပူးအသင်းသားတွေ ကျော်ဖြတ်နိုင်တယ်လို့ ယုံကြည်မှု ရှိစေခဲ့ကြောင်း လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ဖွင့်ဟပြောဆိုခဲ့ပါတယ်။

သုံးဂိုး အသာနဲ့ အန်းဖီးကို လာရောက်ယှဉ်ပြိုင်တဲ့ စပိန်အင်အားကြီးကလပ် ဘာစီလိုနာကို လီဗာပူးက သမိုင်းတွင်မယ့် နိုင်ပွဲအဖြစ် လေးဂိုး ဂိုးမရှိနဲ့ အနိုင်ယူတဲ့ ပွဲအပြီးမှာ ယာဂင်ကလော့ပ် ဦးဆောင်တဲ့ လီဗာပူးအသင်းကို ချီးကျူးသံတွေ ညံခဲ့ပါတယ်။ အဲဒီထဲမှာ လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂန္တ၀င်ကစားသမား စတီဗင် ဂျရတ်လည်း ပါဝင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် ရာသီသိမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားမယ့် တနင်္ဂနွေပွဲ ရလဒ်အရ ဒီရာသီ ချန်ပီယံအဖြစ် မန်စီးတီး အနိုင်ရရင် ပရီးမီးယားလိဂ်ဖလားအစစ်ကို ကိုင်မြောက်နိုင်မှာဖြစ်ပြီး လီဗာပူး အနိုင်ရရင် ပုံတူပြုလုပ်ထားတဲ့ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြောက်ခွင့်ရမယ်လို့ သိရပါတယ်။

2019 ချန်ပီယံလိဂ် ဗိုလ်လုပွဲဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ပထမဆုံး VAR စနစ်ကို အသုံးပြုမယ့်ပွဲ ဖြစ်လာပါမယ်။ ရှူံးထွက်တွေမှာ စတင်မိတ်ဆက်ခဲ့ပြီး ဗိုလ်လုပွဲမှာပါ ထည့်သွင်း အသုံးပြုမှာပါ။

ဘာစီလိုနာရဲ့ အရှက်တကွဲ ချန်ပီယံလိဂ် ရှုံးပွဲ အပြီးမှာ နည်းပြ ဗယ်ဗာဒီရဲ့ အနာဂတ်က မသေချာမချာ ဖြစ်လာခဲ့ပြီး အသင်းဟောင်းကို ရင်ဆိုင်ရမှာ အဆိပ်မဲ့စွာ ကစားခဲ့တဲ့ ကော်တင်ညိုကိုလည်း ဘာစီလိုနာက အသင်းကစားသမား အဖြစ် မသတ်မှတ်တော့ကြောင်း အတွင်းသတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။