လီဗာပူးက မန်စီးတီးမှ ဒီဘရိုင်းကို ခေါ်ယူရင် ဘယ်လိုနေမလဲဆိုတဲ့ အမေးကို ပီတာခရော့က ” အကယ်လို့ လီဗာပူးက ဒီဘရိုင်းကို လက်မှတ်ထိုးနိုင်ခဲ့ရင် နောက်ရာသီ သူတို့ ပရီးမီးယားလိဂ်ကို ရလိမ့်မယ်၊ ချန်ပီယံလိဂ်ဖလားတောင် ရသွားပါလိမ့်မယ်။ ” လို့ ဖြေဆိုပေးခဲ့ပါတယ်။

စပါးဂိုးသမား လိုရစ်က မနှစ်ကရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လီဗာပူးကို အရေးနိမ့်ခဲ့ခြင်းကြောင့် နာကျင်ရမှုကနေ နလန်ပြန်မထူနိုင်သေးခြင်းက ၎င်းတို့ကလပ်ကို အခြေအနေဆိုးတွေ ဖြစ်လာစေခဲ့ပြီး မန်နေဂျာ အပြောင်းအလဲပါ ဖြစ်စေခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။

LFCTV ကနေ ထုတ်လွှင့်ပေးနေတဲ့ Legends in Lockdown show နောက်ဆုံးအပိုင်းမှာတော့ စပိန်သား တောင်ပံသမားဟောင်း ရီအယ်ရာက ဂန္တဝင်ကြီး စတီဗင်ဟာ သူ့လို နိုင်ငံခြားသား ကစားသမားတွေကို ကူညီပေးမှုနဲ့ လေ့ကျင့်ရေးမှာ ဦဆောင်မှုတွေ လုပ်ပေးမှုတွေကို ဖွင့်ဟပြောဆိုသွားပါတယ်။

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က မာဆေးဆိုဒ် ဒါဘီပွဲမှာ ပရိသတ် မပါဘဲ ကစားရမှာက အသင်းသားတွေအတွက် ထူးခြားနေမှာ ဖြစ်ပေမယ့် ရလဒ်ကောင်းရအောင် ကစားမယ်လို့ ပြောဆိုလိုက်ပါတယ်။

ဇွန်လ အကုန်မှာ လီဗာပူးနဲ့ စာချုပ်ကုန်ပြီဖြစ်လို့ ပြင်သစ်ကလပ် နန့်တက်အသင်းထံ ပြောင်းရွှေ့သွားတော့မယ့် ကွင်းလယ်လူ ချီရီဗီလာက မန်နေဂျာကလော့ပ်နဲ့ လီဗာပူးအသင်းကို နုတ်ဆက်စကား ပြောဆိုခဲ့ပါပြီ။

မန်နေဂျာ ယာဂင်ကလော့ပ်ဟာ ဥရောပ ထိပ်သီး လူငယ် ကစားသမားတွေဖြစ်တဲ့ အမ်ဘတ်ပီနဲ့ ဆန်ချိုတို့ကို သဘောကျပေမယ့် မာနေးရှိနေသ၍ သူတို့ကို ခေါ်ယူဖို့ စဉ်းတောင် စဉ်းစားမှာ မဟုတ်ဘူးလို့ အင်္ဂလန်သတင်းတွေက ဖော်ပြလာပါတယ်။

ဘလက်ဘန်းမန်နေဂျာ တိုနီ မော့ဘရေးက “ လီဗာပူးပွဲတွေကို ကျနေ်ာတို့ မြင်ထားရတော့ အတော်လေး ဂရုစိုက်ခဲ့တယ်။ လီဗာပူးက ဖိအားပေးမှုမှာ စက်ကြီး တစ်လုံးလိုပါပဲ။ သူတို့က ကျနေ်ာတို့ကို ပေးမှု သုံးကြိမ်ထက်ပိုပြီး လုပ်ခွင့် မပေးတာကြောင့် ကိုယ်ကစားချင်သလို ကစားခွင့် မရခဲ့ဘူး။ သူတို့ စက်တစ်လုံးလို အလုပ်လုပ်သွားပုံကို မြင်ရတာ သိပ်အံ့အားသင့်ဖို့ ကောင်းပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

ဒီရာသီ ဘက်ဆစ်တက်ကို အငှားထွက်နေတဲ့ ဂိုးသမား ကားရီးယက်က နောက်ရာသီမှာတော့ လီဗာပူးအသင်းမှာ ဆက်နေပြီး အခွင့်အရေးကို ကြိုးစားရှာမယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံ မန်စီးတီးအသင်းက ဒီရာသီ ၎င်းတို့ အိမ်ကွင်းကို လီဗာပူးအသင်း ရောက်သွားခဲ့လို့ ချန်ပီယံဖြစ်နေခဲ့ရင် guard of honour ဂုဏ်ပြုမှု လုပ်ပေးမယ်လို့ သိရပါတယ်။

ZAWGYI

လီဗာပူးက မန္စီးတီးမွ ဒီဘရိုင္းကို ေခၚယူရင္ ဘယ္လိုေနမလဲဆိုတဲ့ အေမးကို ပီတာခေရာ့က ” အကယ္လို႔ လီဗာပူးက ဒီဘရိုင္းကို လက္မွတ္ထိုးႏုိင္ခ့ဲရင္ ေနာက္ရာသီ သူတို႔ ပရီးမီးယားလိဂ္ကို ရလိမ့္မယ္၊ ခ်န္ပီယံလိဂ္ဖလားေတာင္ ရသြားပါလိမ့္မယ္။ ” လို႔ ေျဖဆိုေပးခဲ့ပါတယ္။

စပါးဂိုးသမား လိုရစ္က မႏွစ္ကရာသီ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ လီဗာပူးကို အေရးနိမ့္ခဲ့ျခင္းေၾကာင့္ နာက်င္ရမႈကေန နလန္ျပန္မထူႏုိင္ေသးျခင္းက ၄င္းတို႔ကလပ္ကို အေျခအေနဆိုးေတြ ျဖစ္လာေစခဲ့ျပီး မန္ေနဂ်ာ အေျပာင္းအလဲပါ ျဖစ္ေစခဲ့တယ္လို႔ ေျပာဆိုလိုက္ပါတယ္။

LFCTV ကေန ထုတ္လႊင့္ေပးေနတဲ့ Legends in Lockdown show ေနာက္ဆံုးအပိုင္းမွာေတာ့ စပိန္သား ေတာင္ပံသမားေဟာင္း ရီအယ္ရာက ဂႏၱဝင္ၾကီး စတီဗင္ဟာ သူ႔လို ႏုိင္ငံျခားသား ကစားသမားေတြကို ကူညီေပးမႈနဲ႔ ေလ့က်င့္ေရးမွာ ဦေဆာင္မႈေတြ လုပ္ေပးမႈေတြကို ဖြင့္ဟေျပာဆိုသြားပါတယ္။

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က မာေဆးဆုိဒ္ ဒါဘီပြဲမွာ ပရိသတ္ မပါဘဲ ကစားရမွာက အသင္းသားေတြအတြက္ ထူးျခားေနမွာ ျဖစ္ေပမယ့္ ရလဒ္ေကာင္းရေအာင္ ကစားမယ္လို႔ ေျပာဆိုလိုက္ပါတယ္။

ဇြန္လ အကုန္မွာ လီဗာပူးနဲ႔ စာခ်ဳပ္ကုန္ျပီျဖစ္လို႔ ျပင္သစ္ကလပ္ နန္႔တက္အသင္းထံ ေျပာင္းေရႊ႔သြားေတာ့မယ့္ ကြင္းလယ္လူ ခ်ီရီဗီလာက မန္ေနဂ်ာကေလာ့ပ္နဲ႔ လီဗာပူးအသင္းကို ႏုတ္ဆက္စကား ေျပာဆိုခဲ့ပါျပီ။

မန္ေနဂ်ာ ယာဂင္ကေလာ့ပ္ဟာ ဥေရာပ ထိပ္သီး လူငယ္ ကစားသမားေတြျဖစ္တဲ့ အမ္ဘတ္ပီနဲ႔ ဆန္ခ်ိဳတို႔ကို သေဘာက်ေပမယ့္ မာေနးရွိေနသ၍ သူတို႔ကို ေခၚယူဖို႔ စဥ္းေတာင္ စဥ္းစားမွာ မဟုတ္ဘူးလို႔ အဂၤလန္သတင္းေတြက ေဖာ္ျပလာပါတယ္။

ဘလက္ဘန္းမန္ေနဂ်ာ တိုနီ ေမာ့ဘေရးက “ လီဗာပူးပြဲေတြကို က်ေန္ာတို႔ ျမင္ထားရေတာ့ အေတာ္ေလး ဂရုစိုက္ခဲ့တယ္။ လီဗာပူးက ဖိအားေပးမႈမွာ စက္ၾကီး တစ္လံုးလိုပါပဲ။ သူတို႔က က်ေန္ာတို႔ကို ေပးမႈ သံုးၾကိမ္ထက္ပိုျပီး လုပ္ခြင့္ မေပးတာေၾကာင့္ ကိုယ္ကစားခ်င္သလို ကစားခြင့္ မရခဲ့ဘူး။ သူတို႔ စက္တစ္လံုးလို အလုပ္လုပ္သြားပံုကို ျမင္ရတာ သိပ္အံ့အားသင့္ဖို႔ ေကာင္းပါတယ္။ ” လို႔ ေျပာဆိုခဲ့ပါတယ္။

ဒီရာသီ ဘက္ဆစ္တက္ကို အငွားထြက္ေနတဲ့ ဂိုးသမား ကားရီးယက္က ေနာက္ရာသီမွာေတာ့ လီဗာပူးအသင္းမွာ ဆက္ေနျပီး အခြင့္အေရးကို ၾကိဳးစားရွာမယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ လက္ရွိ ခ်န္ပီယံ မန္စီးတီးအသင္းက ဒီရာသီ ၄င္းတို႔ အိမ္ကြင္းကို လီဗာပူးအသင္း ေရာက္သြားခဲ့လို႔ ခ်န္ပီယံျဖစ္ေနခဲ့ရင္ guard of honour ဂုဏ္ျပဳမႈ လုပ္ေပးမယ္လို႔ သိရပါတယ္။