လီဗာပူးအသင်းဟာ စကော်တလန်သား ခံစစ်သမား ဂျင်မီ ဟာမီတန်ကို စိတ်ဝင်စားနေပြီး ခေါ်ယူမယ်ဆိုရင် ပရီးမီးယားလိဂ်ကလပ် ဝုဗ်နဲ့အပြိုင် ကြိုးစားရမယ်လို့ သိရပါတယ်။

စကော်တလန် သက်တမ်းအလိုက် လက်ရွေးစင်လေးဟာ အသက် ၁၈ နှစ်အရွယ်ပဲ ရှိသေးပြီး စကော်တလန်ကလပ် Hamilton Academical အသင်းမှာ စီနီယာအသင်းသားအဖြစ် ပွဲကစားခွင့် ရနေသူဖြစ်တယ်။ စကော်လိဂ်မှာ သူ့ရဲ့ တောက်ပလာမှုက အင်္ဂလန်ထိပါ နာမည်ထွက်လာစေခဲ့တာဖြစ်ပါတယ်။

လောလောဆယ်မှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံရှစ်ကလပ်တွေက ဟာမီတန်ရဲ့ ခြေစွမ်းနဲ့အလားအလာကို ကင်းထောက်မှုတွေ ရှိထားတာဖြစ်တယ်။ ဒီနှစ် အစောတုန်းက သူဟာ ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်အသင်းနဲ့ လေ့ကျင့်မှုတွေ လုပ်ခဲ့ပြီး အသင်းပြောင်းဖို့ အဆင်ပြေခဲ့ခြင်းတော့ မရှိပါဘူး။ ကိုရိုနာကပ်ဘေးကလည်း သူ့ရဲ့ ပွဲကစားခွင့်ကို အကန့်အသတ် ဖြစ်သွားစေခဲ့ပါတယ်။

လက်ရှိ သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာတော့ အဲဗာတန်၊ အက်စတွန်ဗီလာ၊ ဘန်လေနဲ့ ဖူလ်ဟမ်တို့ ပါဝင်ထားတယ်။ လီဗာပူးနဲ့ ဝုဗ်တို့ကလည်း သူ့ကို စိတ်ဝင်စားနေတယ်လို့ ဒီအပတ်တွေမှာ သတင်း စပေါ်လာပါတယ်။ လီဗာပူးဟာ ထိပ်တန်း ကစားသမားတွေကို မခေါ်ယူဖို့ ဆုံးဖြတ်ထားပေမယ့် လူငယ်တွေကို ခေါ်ယူဖို့တော့ စီစဉ်နေတာပါ။

ဘလက်ဘန်းပွဲမှာ လူငယ်ကြယ်ပွင့် အများအပြားကို ထုတ်သုံးခဲ့ပြီး လက်ကျန်ရာသီနဲ့ ရာသီကြိုမှာတော့ အဆိုပါ လူငယ်တွေကို နေရာပေးမှာဖြစ်တယ်။ ဒါ့အပြင် အကယ်ဒမီအတွက်နဲ့ သက်တမ်းအလိုက် အတွက်လည်း လူငယ်တွေကို ထပ်ပြီး အားဖြည့်လိုနေသေးတာဖြစ်တယ်။

ဟာမီတန်ဟာ ခံစစ်ပိုင်းမှာတော့ ဗဟိုခံစစ်မှူးနေရာက ကစားနေပါတယ်။ သူက အလားအလာရှိပေမယ့် စည်းကမ်းနဲ့ နည်းစနစ်ပိုင်း လိုအပ်ချက် ရှိနေသေးပြီး ဒီရာသီမှာ စကော့အဆင့်မြင့်တန်းလိဂ်အတွင်း ၁၂ ပွဲ ကစားရာမှာ တိုက်ရိုက် အနီကဒ် ၃ ကြိမ်ရထားပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ စေကာ္တလန္သား ခံစစ္သမား ဂ်င္မီ ဟာမီတန္ကို စိတ္ဝင္စားေနျပီး ေခၚယူမယ္ဆိုရင္ ပရီးမီးယားလိဂ္ကလပ္ ဝုဗ္နဲ႔အျပိဳင္ ၾကိဳးစားရမယ္လို႔ သိရပါတယ္။

စေကာ္တလန္ သက္တမ္းအလုိက္ လက္ေရြးစင္ေလးဟာ အသက္ ၁၈ ႏွစ္အရြယ္ပဲ ရွိေသးျပီး စေကာ္တလန္ကလပ္ Hamilton Academical အသင္းမွာ စီနီယာအသင္းသားအျဖစ္ ပြဲကစားခြင့္ ရေနသူျဖစ္တယ္။ စေကာ္လိဂ္မွာ သူ႔ရဲ႕ ေတာက္ပလာမႈက အဂၤလန္ထိပါ နာမည္ထြက္လာေစခဲ့တာျဖစ္ပါတယ္။

ေလာေလာဆယ္မွာ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံရွစ္ကလပ္ေတြက ဟာမီတန္ရဲ႕ ေျခစြမ္းနဲ႔အလားအလာကို ကင္းေထာက္မႈေတြ ရွိထားတာျဖစ္တယ္။ ဒီႏွစ္ အေစာတုန္းက သူဟာ ပရီးမီးယားလိဂ္ကလပ္ ဘရိုက္တန္အသင္းနဲ႔ ေလ့က်င့္မႈေတြ လုပ္ခဲ့ျပီး အသင္းေျပာင္းဖို႔ အဆင္ေျပခဲ့ျခင္းေတာ့ မရွိပါဘူး။ ကိုရိုနာကပ္ေဘးကလည္း သူ႔ရဲ႕ ပြဲကစားခြင့္ကို အကန္႔အသတ္ ျဖစ္သြားေစခဲ့ပါတယ္။

လက္ရွိ သူ႔ကို စိတ္ဝင္စားေနတဲ့ အသင္းေတြထဲမွာေတာ့ အဲဗာတန္၊ အက္စတြန္ဗီလာ၊ ဘန္ေလနဲ႔ ဖူလ္ဟမ္တုိ႔ ပါဝင္ထားတယ္။ လီဗာပူးနဲ႔ ဝုဗ္တို႔ကလည္း သူ႔ကို စိတ္ဝင္စားေနတယ္လို႔ ဒီအပတ္ေတြမွာ သတင္း စေပၚလာပါတယ္။ လီဗာပူးဟာ ထိပ္တန္း ကစားသမားေတြကို မေခၚယူဖို႔ ဆံုးျဖတ္ထားေပမယ့္ လူငယ္ေတြကို ေခၚယူဖို႔ေတာ့ စီစဥ္ေနတာပါ။

ဘလက္ဘန္းပြဲမွာ လူငယ္ၾကယ္ပြင့္ အမ်ားအျပားကို ထုတ္သံုးခဲ့ျပီး လက္က်န္ရာသီနဲ႔ ရာသီၾကိဳမွာေတာ့ အဆိုပါ လူငယ္ေတြကို ေနရာေပးမွာျဖစ္တယ္။ ဒါ့အျပင္ အကယ္ဒမီအတြက္နဲ႔ သက္တမ္းအလိုက္ အတြက္လည္း လူငယ္ေတြကို ထပ္ျပီး အားျဖည့္လိုေနေသးတာျဖစ္တယ္။

ဟာမီတန္ဟာ ခံစစ္ပိုင္းမွာေတာ့ ဗဟိုခံစစ္မွဴးေနရာက ကစားေနပါတယ္။ သူက အလားအလာရွိေပမယ့္ စည္းကမ္းနဲ႔ နည္းစနစ္ပိုင္း လိုအပ္ခ်က္ ရွိေနေသးျပီး ဒီရာသီမွာ စေကာ့အဆင့္ျမင့္တန္းလိဂ္အတြင္း ၁၂ ပြဲ ကစားရာမွာ တိုက္ရိုက္ အနီကဒ္ ၃ ၾကိမ္ရထားပါတယ္။