ဗြိတိန်သတင်းဌာန Mirror မှ သတင်းထောက် တစ်ဦးဖြစ်သူ Maddock က နွေမှာ လီဗာပူးဟာ ကစားသမား တစ်ဦးမှ မခေါ်တာမျိုးလုပ်မှာတော့ မဟုတ်ဘဲ စွန့်စားမှုနည်းမယ့် ကစားသမားမျိုးကိုတော့ ခေါ်ယူမယ်လို့ ပြောဆိုလာပါတယ်။
လီဗာပူးမှာ သက်တမ်းတစ်ခုကို ရောက်လာတဲ့ ကွင်းလယ်နေရာအတွက် ရေရှည်အစားထိုးဖို့ ကလော့ပ်က ကစားသမားကောင်းတွေ စောင့်ကြည့်နေသေးတာပါ။ တိုက်စစ်ပိုင်း နေရာတွေအတွက်ဆိုရင် အသုံးစရိတ်ကြီးမှ ရမှာဖြစ်ပေမယ့် ကွင်းလယ်အတွက်က ခြားနားတဲ့ အနေအထား တစ်ရပ်ရှိတယ်လို့ သူက ပြောပါတယ်။
Maddock က ဆိုရာမှာ “ ကစားသမား ခေါ်ယူမှုဆိုတာ လုံးဝကြီး ရပ်ဆိုင်းကြတာ မဟုတ်ဘူး။ လီဗာပူးကလည်း စိစစ်မှုနဲ့ ခြေရာခံမှုတွေ လုပ်နေတယ်။ မှန်ကန်တဲ့ အသက်အရွယ်နဲ့ သင့်လျော်တဲ့ ကစားသမားတွေကို ရှာဖွေပြီး လိုအပ်လာရင် ခေါ်ယူသွားမှာဖြစ်တယ်။
ဆာလက်နဲ့ မာနေးတို့က အခုချိန်မှာ တန်ကြေးတွေ သိပ်ကြီးနေပေမယ့် သူတို့ကို မှန်ကန်တဲ့ ဈေးနှုန်းတွေနဲ့ လီဗာပူးက ခေါ်ယူခဲ့တာပါ။ ဒီတော့ အခုချိန်မှာ လီဗာပူးက အဲ့သည် ကိစ္စတွေကို ပိုလုပ်လိမ့်မယ်။ အနာဂတ်က ဘာဖြစ်လာမယ် မသိဘူးလေ။ ဒီတော့ အော်ရေးလို ကစားသမားကို ခေါ်ယူခြင်းက ဥပမာကောင်း ဖြစ်လာပါမယ်။
လီဗာပူးက အော်ရေးကို ခြေရာလိုက်ထားပါတယ်၊ ဒါက သိပ်သေချာတယ်။ အော်ရေး စီနီယာအဆင့်ကို မရောက်ခင် လူငယ် ကစားသမား ဘဝတည်းက လီဗာပူးက သူ့ကို စောင့်ကြည့်နေတာပါ။ လိုင်ယွန် ဥက္ကဌက နည်းနည်း ဂေါက်ကြောင်ကြောင်ရယ်ပါ။ ပြင်သစ်က ဘောလုံးပွဲတွေ ပိတ်ခဲ့သလို ကွင်းဝင်ကြေးလည်း ရမှာ မဟုတ်လို့ လိုင်ယွန်မှာ လုပ်ဖို့ နည်းလမ်းက ကစားသမား ရောင်းထုတ်ဖို့ပါပဲ။
ဈေးကွက်က ကျနေတာဖြစ်တယ်။ နောက်တစ်နှစ် နွေဆိုရင်တော့ အားလုံးက ပုံမှန်ပြန်ဖြစ်လာပြီး ဈေးတွေလည်း ပုံမှန် ပြန်ဖြစ်လာနိုင်တယ်။ လိုင်ယွန်က အခြေအနေအရ အော်ရေးကို ရောင်းထုတ်လိုက်မယ်လို့ ဆုံးဖြတ်ပြီး ပေါင် သန်း ၂၀ နဲ့ ရောင်းထုတ်မယ်ဆိုရင် ၂၁ နှစ်သား ငယ်ရွယ်သေးတဲ့ ပြင်သစ်သားအတွက် လီဗာပူးက စွန့်စားမှုနည်းတဲ့ အပြောင်းအရွှေ့ မလုပ်နိုင်စရာ မရှိပါဘူး။ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ZAWGYI
ျဗိတိန္သတင္းဌာန Mirror မွ သတင္းေထာက္ တစ္ဦးျဖစ္သူ Maddock က ေႏြမွာ လီဗာပူးဟာ ကစားသမား တစ္ဦးမွ မေခၚတာမ်ိဳးလုပ္မွာေတာ့ မဟုတ္ဘဲ စြန္႔စားမႈနည္းမယ့္ ကစားသမားမ်ိဳးကိုေတာ့ ေခၚယူမယ္လို႔ ေျပာဆိုလာပါတယ္။
လီဗာပူးမွာ သက္တမ္းတစ္ခုကို ေရာက္လာတဲ့ ကြင္းလယ္ေနရာအတြက္ ေရရွည္အစားထိုးဖို႔ ကေလာ့ပ္က ကစားသမားေကာင္းေတြ ေစာင့္ၾကည့္ေနေသးတာပါ။ တိုက္စစ္ပိုင္း ေနရာေတြအတြက္ဆိုရင္ အသံုးစရိတ္ၾကီးမွ ရမွာျဖစ္ေပမယ့္ ကြင္းလယ္အတြက္က ျခားနားတဲ့ အေနအထား တစ္ရပ္ရွိတယ္လို႔ သူက ေျပာပါတယ္။
Maddock က ဆိုရာမွာ “ ကစားသမား ေခၚယူမႈဆိုတာ လံုးဝၾကီး ရပ္ဆိုင္းၾကတာ မဟုတ္ဘူး။ လီဗာပူးကလည္း စိစစ္မႈနဲ႔ ေျခရာခံမႈေတြ လုပ္ေနတယ္။ မွန္ကန္တဲ့ အသက္အရြယ္နဲ႔ သင့္ေလ်ာ္တဲ့ ကစားသမားေတြကို ရွာေဖြျပီး လိုအပ္လာရင္ ေခၚယူသြားမွာျဖစ္တယ္။
ဆာလက္နဲ႔ မာေနးတို႔က အခုခ်ိန္မွာ တန္ေၾကးေတြ သိပ္ၾကီးေနေပမယ့္ သူတို႔ကို မွန္ကန္တဲ့ ေစ်းႏႈန္းေတြနဲ႔ လီဗာပူးက ေခၚယူခဲ့တာပါ။ ဒီေတာ့ အခုခ်ိန္မွာ လီဗာပူးက အဲ့သည္ ကိစၥေတြကို ပိုလုပ္လိမ့္မယ္။ အနာဂတ္က ဘာျဖစ္လာမယ္ မသိဘူးေလ။ ဒီေတာ့ ေအာ္ေရးလို ကစားသမားကို ေခၚယူျခင္းက ဥပမာေကာင္း ျဖစ္လာပါမယ္။
လီဗာပူးက ေအာ္ေရးကို ေျခရာလိုက္ထားပါတယ္၊ ဒါက သိပ္ေသခ်ာတယ္။ ေအာ္ေရး စီနီယာအဆင့္ကို မေရာက္ခင္ လူငယ္ ကစားသမား ဘဝတည္းက လီဗာပူးက သူ႔ကို ေစာင့္ၾကည့္ေနတာပါ။ လိုင္ယြန္ ဥကၠဌက နည္းနည္း ေဂါက္ေၾကာင္ေၾကာင္ရယ္ပါ။ ျပင္သစ္က ေဘာလံုးပြဲေတြ ပိတ္ခဲ့သလို ကြင္းဝင္ေၾကးလည္း ရမွာ မဟုတ္လို႔ လိုင္ယြန္မွာ လုပ္ဖို႔ နည္းလမ္းက ကစားသမား ေရာင္းထုတ္ဖို႔ပါပဲ။
ေစ်းကြက္က က်ေနတာျဖစ္တယ္။ ေနာက္တစ္ႏွစ္ ေႏြဆိုရင္ေတာ့ အားလံုးက ပံုမွန္ျပန္ျဖစ္လာျပီး ေစ်းေတြလည္း ပံုမွန္ ျပန္ျဖစ္လာႏုိင္တယ္။ လိုင္ယြန္က အေျခအေနအရ ေအာ္ေရးကို ေရာင္းထုတ္လိုက္မယ္လို႔ ဆံုးျဖတ္ျပီး ေပါင္ သန္း ၂၀ နဲ႔ ေရာင္းထုတ္မယ္ဆိုရင္ ၂၁ ႏွစ္သား ငယ္ရြယ္ေသးတဲ့ ျပင္သစ္သားအတြက္ လီဗာပူးက စြန္႔စားမႈနည္းတဲ့ အေျပာင္းအေရႊ႔ မလုပ္ႏုိင္စရာ မရွိပါဘူး။ ” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။