လီဗာပူးရဲ့ ပေါင် ၁၂ သန်းတန် ခံစစ်သမား ကလိုင်းဟာ နောက်ပိုင်း ဘောလုံးရာသီတွေကို ဒဏ်ရာကနေ သက်သာလာဖို့ ကုစားနေရင်းမှာပဲ ဒီနွေမှာတော့ လီဗာပူးကနေ ထွက်ခွာပါတော့မယ်။
လီဗာပူးကစားသမားဘဝမှာတော့ အစောပိုင်း ၂ ရာသီကို အဓိက ပွဲထွက် ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပြီး ကျန် ၃ ရာသီကတော့ ဒဏ်ရာတွေနဲ့ လုံးခြာလိုက်နေခဲ့တာပါ။ ဒီကာလတွေမှာ ထရန့်နဲ့ ဂိုးမက်စ်တို့က ညာအစွန်နေရာကို ဝင်ယူခဲ့သလို အခုဆိုရင် နီကိုး ဝီလီယမ်ကလည်း ညာအစွန်နေရာအတွက် ဖိအားပေးလာနေခဲ့ပါပြီ။
ဒီကြားထဲမှာ ဘုန်းမောက်ကို ရာသီဝက် အငှားထွက်ခဲ့တဲ့ ၂၉ နှစ်အရွယ် ခံစစ်သမားကို လီဗာပူးက ရာသီကုန်ထိတောင် သက်တမ်း မတိုးတော့ပါဘူး။ ဒါပေမယ့်လို့ ကစားသမားကြီးကို ကီရာဘီ လေ့ကျင့်ရေးမှာ ကြံ့ခိုင်မှုဆိုင်ရာ ကိစ္စတွေ လုပ်ဆောင်ခွင့်အား ကလပ်အသင်းက ခွင့်ပြုထားတယ်။ ဇူလိုင်လ ၁ ရက်နေ့မှာတော့ သူ ထွက်ခွာသွားပါလိမ့်မယ်။
လီဗာပူးက လယ်လာနာ၊ လိုနာဂန်တို့ကိုတော့ ရာသီကုန်ထိ သက်တမ်းတိုးခဲ့ပြီး မဲဝုဒ်မှာ လာရောက် လေ့ကျင့်စေပါတယ်။ လက်တလောမှာ ကိုဗစ်ကြောင့် ကီရာဘီကို လုံးဝ ပိတ်ထားတဲ့ အနေအထားမှာပါ။ အဆိုပါ အကယ်ဒမီကျောင်းမှာတော့ သက်တမ်းအလိုက် လီဗာပူးအသင်းတွေမှ လူငယ် ၁၇၀ လုံး လေ့ကျင့်ရေးဝင်ခွင့် မရှိပါဘူး။ ဒါကြောင့် ကရာဘီမှာ ကလိုင်းတစ်ဦးတည်း လေ့ကျင့်နေရတာဖြစ်တယ်။
လီဗာပူးဟာ မဲဝုဒ်ကို သုံးခွင့်ရထားပေမယ့် အခုချိန်ထိ အကန့်အသတ် အနေအထားတွေဖြစ်ကာ အဆောက်အဦးအတွင်း နေရာအားလုံး သုံးခွင့် မရသေးပါဘူး။ ဒါကြောင့် လက်ကျန် ရာသီအတွက် ကစားပေးနိုင်မယ့် စီနီယာတွေနဲ့ လူငယ်တွေကိုပဲ ခေါ်ယူထားပြီး ကလိုင်းလို စာချုပ်ကုန်တော့မယ့် ကစားသမားကိုတော့ ကီရာဘီမှာပဲ လေ့ကျင့်ခွင့် ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။
ZAWGYI
လီဗာပူးရဲ႕ ေပါင္ ၁၂ သန္းတန္ ခံစစ္သမား ကလိုင္းဟာ ေနာက္ပိုင္း ေဘာလံုးရာသီေတြကို ဒဏ္ရာကေန သက္သာလာဖို႔ ကုစားေနရင္းမွာပဲ ဒီေႏြမွာေတာ့ လီဗာပူးကေန ထြက္ခြာပါေတာ့မယ္။
လီဗာပူးကစားသမားဘဝမွာေတာ့ အေစာပိုင္း ၂ ရာသီကို အဓိက ပြဲထြက္ ကစားသမားအျဖစ္ ပါဝင္ခြင့္ရခဲ့ျပီး က်န္ ၃ ရာသီကေတာ့ ဒဏ္ရာေတြနဲ႔ လံုးျခာလိုက္ေနခဲ့တာပါ။ ဒီကာလေတြမွာ ထရန္႔နဲ႔ ဂိုးမက္စ္တို႔က ညာအစြန္ေနရာကို ဝင္ယူခဲ့သလို အခုဆိုရင္ နီကိုး ဝီလီယမ္ကလည္း ညာအစြန္ေနရာအတြက္ ဖိအားေပးလာေနခဲ့ပါျပီ။
ဒီၾကားထဲမွာ ဘုန္းေမာက္ကို ရာသီဝက္ အငွားထြက္ခဲ့တဲ့ ၂၉ ႏွစ္အရြယ္ ခံစစ္သမားကို လီဗာပူးက ရာသီကုန္ထိေတာင္ သက္တမ္း မတိုးေတာ့ပါဘူး။ ဒါေပမယ့္လို႔ ကစားသမားၾကီးကို ကီရာဘီ ေလ့က်င့္ေရးမွာ ၾကံ႕ခိုင္မႈဆိုင္ရာ ကိစၥေတြ လုပ္ေဆာင္ခြင့္အား ကလပ္အသင္းက ခြင့္ျပဳထားတယ္။ ဇူလိုင္လ ၁ ရက္ေန႔မွာေတာ့ သူ ထြက္ခြာသြားပါလိမ့္မယ္။
လီဗာပူးက လယ္လာနာ၊ လိုနာဂန္တို႔ကိုေတာ့ ရာသီကုန္ထိ သက္တမ္းတိုးခဲ့ျပီး မဲဝုဒ္မွာ လာေရာက္ ေလ့က်င့္ေစပါတယ္။ လက္တေလာမွာ ကိုဗစ္ေၾကာင့္ ကီရာဘီကို လံုးဝ ပိတ္ထားတဲ့ အေနအထားမွာပါ။ အဆိုပါ အကယ္ဒမီေက်ာင္းမွာေတာ့ သက္တမ္းအလိုက္ လီဗာပူးအသင္းေတြမွ လူငယ္ ၁၇၀ လံုး ေလ့က်င့္ေရးဝင္ခြင့္ မရွိပါဘူး။ ဒါေၾကာင့္ ကရာဘီမွာ ကလိုင္းတစ္ဦးတည္း ေလ့က်င့္ေနရတာျဖစ္တယ္။
လီဗာပူးဟာ မဲဝုဒ္ကို သံုးခြင့္ရထားေပမယ့္ အခုခ်ိန္ထိ အကန္႔အသတ္ အေနအထားေတြျဖစ္ကာ အေဆာက္အဦးအတြင္း ေနရာအားလံုး သံုးခြင့္ မရေသးပါဘူး။ ဒါေၾကာင့္ လက္က်န္ ရာသီအတြက္ ကစားေပးႏုိင္မယ့္ စီနီယာေတြနဲ႔ လူငယ္ေတြကိုပဲ ေခၚယူထားျပီး ကလိုင္းလို စာခ်ဳပ္ကုန္ေတာ့မယ့္ ကစားသမားကိုေတာ့ ကီရာဘီမွာပဲ ေလ့က်င့္ခြင့္ ေပးထားတာျဖစ္တယ္လို႔ သိရပါတယ္။