UNICODE – မက်မန်နာမန်းလို လီဗာပူးကစားသမားဟောင်းကြီးအတွက်က အကယ်ဒမီက လူငယ်စတားတွေ စီနီယာအဆင့်မှာ နေရာရလာတော့မှာထက် ပိုပြီး ကျေနပ်စရာကိစ္စမျိုး မရှိတော့ပါဘူး။

မန်နာမန်းဟာ အကယ်ဒမီကို မကြာခဏ ဝင်ထွက်နေသူဖြစ်ပြီး သူဟာ ဂျိတ်ကိန်းနဲ့ လိုက်တန် ကလာဆန်တို့ကို နှစ်သက်မှုရှိသူဖြစ်တယ်။ ဒါ့အပြင် သူဟာ နာမည်ရှိပြီး အကယ်ဒမီကြယ်ပွင့်တွေဖြစ်တဲ့ နီကိုးနဲ့ ကာတစ်ဂျုံးတို့ကို ဒီနှစ်တွေမှာ ဆက်တိုက် မြင်တွေ့ခွင့် ရထားသူလည်း ဖြစ်ပါတယ်။

ဘလက်ဘန်းနဲ့ ခြေစမ်းပွဲမှာ မန်နေဂျာကလော့ပ်က ဂျိတ်ကိန်းနဲ့ လိုက်တန် ကလာဆန်တို့ကို မိတ်ဆက်ခဲ့တယ်။ သူတို့နှစ်ဦးဟာ ဒီနှစ်အတွင်း အကယ်ဒမီမှာ နာမည်စရလာသူတွေဖြစ်ပြီး အဆိုရင် လီဗာပူးပရိသတ်တွေကပါ သူတို့နှစ်ဦးအကြောင်းကို စတင် တီးမိခေါက်မိ ရှိလာနေခဲ့ပါပြီ။

LFCTV ရဲ့ The Academy show အစီအစဉ်မှာ မက်မန်နာမန်းက “ အကယ်ဒမီမှာ ထူးချွန်နေတဲ့ ကစားသမားအချို့ကို စီနီယာအဆင့်မှာ မြင်ထားရတယ်။ သူတို့ကို အကယ်ဒမီမှာ ထပ်မတွေ့ရတော့မှာထက် ပိုကောင်းတာလည်း မရှိတော့ပါဘူး။ သူတို့ကို အကယ်ဒမီမှာ တွေ့တော့ဘူးဆိုတာက သူတို့ မဲဝုဒ်ကို ပြောင်းရွှေ့သွားခြင်း တစ်ခုပဲ ဖြစ်နိုင်ပါတယ်။

ဒီကြယ်ပွင့်တွေ စီနီယာအဆင့် စတိုးနေတာ မြင်ရတာကို နှစ်သက်မိပါတယ်။ သူတို့တွေကို အကယ်ဒမီကျောင်းမှာ ဆက်မမြင်ရတော့တာက သူတို့ မဲဝုဒ်ကို ရောက်သွားကြပြီလို့ ဆိုလိုတာပါ။ မဲဝုဒ်မှာလည်း သူတို့ ထူးချွန်နေကြမှာ ဖြစ်ပါတယ်။ စီနီယာအဆင့်မှာ ပိုကောင်းတဲ့ ကစားသမားတွေနဲ့ တွဲဘက်ခွင့်ရပြီး ထိပ်တန်အဆင့် ပွဲတွေကို ကစားရမှာထက် သူတို့အတွက် ပိုကောင်းတာလည်း မရှိနိုင်တော့ပါဘူး။

အကယ်လို့ အနာဂတ်မှာ ကိုယ်က ပထမအသင်း ကစားသမားဖြစ်လိုတယ်ဆိုရင် ကမ္ဘာအကောင်းဆုံး ကစားသမားတွေနဲ့ တွဲဘက်ကစားပြီး ပိုတိုးတက်လာအောင် လုပ်ရပါမယ်။ လီဗာပူးက အခုချိန်မှာ ဒါကို လုပ်တော့မှာဖြစ်တယ်။

လိုက်တန်နဲ့ ဂျိတ်တို့ မဲဝုဒ်ကို ရောက်သွားတာကို ကျနော် နှစ်သက်ရတယ်။ နီကိုး ဝီလီယမ်က အဲ့မှာ ရှိနေခဲ့ပြီးပြီး နောက်ပြီး ကာတစ်ကောပေါ့။ သူတို့ နှစ်ဦးကတော့ ရောက်တာ ပိုအချိန်ကြာခဲ့ပါပြီ။ သူတို့ မဲဝုဒ်မှာ ရှိနေတာက ဆက်ပြီး တိုးတက်လာနေတယ်လို့ ဆိုလိုပြီး အခုချိန်မှာ ပိုကောင်းတဲ့ ကစားသမားတွေ ဖြစ်လာနေလောက်ပါပြီ ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

လီဗာပူးဟာ ထရန့်လို နောက်ထပ် အကယ်ဒမီထွက်တွေနဲ့ အသင်းအတွက် ပေးဆပ်လိုစိတ်ပြင်းတဲ့ ကြယ်ပွင့် ဘယ်နှစ်ဦးလောက် မွေးထုတ်နိုင်ဦးမလဲဆိုတာ စိတ်လှုပ်ရှားစရာပဲ ဖြစ်ပါတယ်။

ZAWGYI – မက္မန္နာမန္းလို လီဗာပူးကစားသမားေဟာင္းၾကီးအတြက္က အကယ္ဒမီက လူငယ္စတားေတြ စီနီယာအဆင့္မွာ ေနရာရလာေတာ့မွာထက္ ပိုျပီး ေက်နပ္စရာကိစၥမ်ိဳး မရွိေတာ့ပါဘူး။

မန္နာမန္းဟာ အကယ္ဒမီကို မၾကာခဏ ဝင္ထြက္ေနသူျဖစ္ျပီး သူဟာ ဂ်ိတ္ကိန္းနဲ႔ လိုက္တန္ ကလာဆန္တို႔ကို ႏွစ္သက္မႈရွိသူျဖစ္တယ္။ ဒါ့အျပင္ သူဟာ နာမည္ရွိျပီး အကယ္ဒမီၾကယ္ပြင့္ေတြျဖစ္တဲ့ နီကိုးနဲ႔ ကာတစ္ဂ်ံဳးတို႔ကို ဒီႏွစ္ေတြမွာ ဆက္တိုက္ ျမင္ေတြ႔ခြင့္ ရထားသူလည္း ျဖစ္ပါတယ္။

ဘလက္ဘန္းနဲ႔ ေျခစမ္းပြဲမွာ မန္ေနဂ်ာကေလာ့ပ္က ဂ်ိတ္ကိန္းနဲ႔ လိုက္တန္ ကလာဆန္တို႔ကို မိတ္ဆက္ခဲ့တယ္။ သူတို႔ႏွစ္ဦးဟာ ဒီႏွစ္အတြင္း အကယ္ဒမီမွာ နာမည္စရလာသူေတြျဖစ္ျပီး အဆိုရင္ လီဗာပူးပရိသတ္ေတြကပါ သူတို႔ႏွစ္ဦးအေၾကာင္းကို စတင္ တီးမိေခါက္မိ ရွိလာေနခဲ့ပါျပီ။

LFCTV ရဲ႕ The Academy show အစီအစဥ္မွာ မက္မန္နာမန္းက “ အကယ္ဒမီမွာ ထူးခၽြန္ေနတဲ့ ကစားသမားအခ်ိဳ႔ကို စီနီယာအဆင့္မွာ ျမင္ထားရတယ္။ သူတို႔ကို အကယ္ဒမီမွာ ထပ္မေတြ႔ရေတာ့မွာထက္ ပိုေကာင္းတာလည္း မရွိေတာ့ပါဘူး။ သူတို႔ကို အကယ္ဒမီမွာ ေတြ႔ေတာ့ဘူးဆိုတာက သူတို႔ မဲဝုဒ္ကို ေျပာင္းေရႊ႔သြားျခင္း တစ္ခုပဲ ျဖစ္ႏုိင္ပါတယ္။

ဒီၾကယ္ပြင့္ေတြ စီနီယာအဆင့္ စတိုးေနတာ ျမင္ရတာကို ႏွစ္သက္မိပါတယ္။ သူတို႔ေတြကို အကယ္ဒမီေက်ာင္းမွာ ဆက္မျမင္ရေတာ့တာက သူတို႔ မဲဝုဒ္ကို ေရာက္သြားၾကျပီလို႔ ဆိုလိုတာပါ။ မဲဝုဒ္မွာလည္း သူတို႔ ထူးခၽြန္ေနၾကမွာ ျဖစ္ပါတယ္။ စီနီယာအဆင့္မွာ ပိုေကာင္းတဲ့ ကစားသမားေတြနဲ႔ တြဲဘက္ခြင့္ရျပီး ထိပ္တန္အဆင့္ ပြဲေတြကို ကစားရမွာထက္ သူတို႔အတြက္ ပိုေကာင္းတာလည္း မရွိႏုိင္ေတာ့ပါဘူး။

အကယ္လို႔ အနာဂတ္မွာ ကိုယ္က ပထမအသင္း ကစားသမားျဖစ္လိုတယ္ဆိုရင္ ကမၻာအေကာင္းဆံုး ကစားသမားေတြနဲ႔ တြဲဘက္ကစားျပီး ပိုတိုးတက္လာေအာင္ လုပ္ရပါမယ္။ လီဗာပူးက အခုခ်ိန္မွာ ဒါကို လုပ္ေတာ့မွာျဖစ္တယ္။

လိုက္တန္နဲ႔ ဂ်ိတ္တို႔ မဲဝုဒ္ကို ေရာက္သြားတာကို က်ေနာ္ ႏွစ္သက္ရတယ္။ နီကိုး ဝီလီယမ္က အဲ့မွာ ရွိေနခဲ့ျပီးျပီး ေနာက္ျပီး ကာတစ္ေကာေပါ့။ သူတို႔ ႏွစ္ဦးကေတာ့ ေရာက္တာ ပိုအခ်ိန္ၾကာခဲ့ပါျပီ။ သူတို႔ မဲဝုဒ္မွာ ရွိေနတာက ဆက္ျပီး တိုးတက္လာေနတယ္လို႔ ဆိုလိုျပီး အခုခ်ိန္မွာ ပိုေကာင္းတဲ့ ကစားသမားေတြ ျဖစ္လာေနေလာက္ပါျပီ ” လို႔ ေျပာဆိုသြားတာ ျဖစ္ပါတယ္။

လီဗာပူးဟာ ထရန္႔လို ေနာက္ထပ္ အကယ္ဒမီထြက္ေတြနဲ႔ အသင္းအတြက္ ေပးဆပ္လိုစိတ္ျပင္းတဲ့ ၾကယ္ပြင့္ ဘယ္ႏွစ္ဦးေလာက္ ေမြးထုတ္ႏုိင္ဦးမလဲဆိုတာ စိတ္လႈပ္ရွားစရာပဲ ျဖစ္ပါတယ္။