လီဗာပူးကစားသမားဟောင်းကြီး ကာရေဂါက ပရိသတ် မပါဘဲ ကစားရမယ့် အနေအထားက သက်ရောက်မှုကြီးတယ်လို့ မပြောနိုင်ပေမယ့် သက်ရောက်မှု ရှိလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။

ပရီးမီးယားလိဂ်မှာတော့ ကျော်ကြားတဲ့ အားပေးမှုဆိုင်ရာတွေကို ရရှိတဲ့ ကွင်းတွေထဲမှာ အန်ဖီးက ထိပ်ဆုံး တစ်နေရာက ပါဝင်နေတာပါ။ ပရိသတ် တစ်ဦးမှ မရှိပေမယ့် ယာဂင်ကလော့ပ်ရဲ့ အသင်းက နိုင်ပွဲတွေကို ဆက်ယူနိုင်ဦးမှာဖြစ်ကြောင်း ကာရေဂါက ယုံကြည်နေသလို ဒီအခြေအနေဟာ မန်စီးတီးထက်စာရင် လီဗာပူးအတွက် အခက်အခဲ ဖြစ်စေမယ်လို့လည်း သူက မြင်ပါတယ်။

ကာရေဂါက ပြောရာမှာ ” အိမ်ကွင်းအားသာချက်ကို အခြားအသင်းတွေထက် လီဗာပူးအသင်းက ပိုသက်ရောက်မှုကြီးတယ်လို့ ကျနော်ကတော့ မထင်ပါဘူး။ လီဗာပူးက အကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်ပြီး သူတို့က သိပ်ကောင်းတဲ့ ရလဒ်ကောင်းတွေကို ရယူနိုင်ဆဲဖြစ်တယ်။

အကယ်လို့ ဒီရာသီလို ကိစ္စ (ကိုရိုနာကပ်ဘေး)က မနှစ်တုန်းက ဖြစ်ခဲ့မယ် မန်စီးတီးနဲ့ လီဗာပူးတို့ရဲ့ ဗုံလုံတလှည့် ငါးပျံတလှည့် ပြိုင်ဆိုင်မှုကလည်း ၉ ပွဲပဲ ကျန်မယ်ဆိုရင် ချန်ပီယံက မန်စီးတီးဖြစ်လိမ့်မယ်လို့ ကျနော် ခိုင်ခိုင်မာမာ ပြောရဲပါတယ်။ ဘာလို့လည်းဆိုတော့ လီဗာပူးက ပရိသတ်မပါရင် ခက်ခဲနိုင်ပေမယ့် ပရိသတ် မရှိတဲ့ အနေအထားကို မန်စီးတီးက ကိုင်တွယ်နိုင်စွမ်း ရှိလို့ပါပဲ။

အန်ဖီးက ပရိသတ်တွေကပဲ သက်ရောက်မှု ကြီးတာလို့ ကျနော် မထင်ဘူး။ ကလော့ပ်ရဲ့ ကစားစန်က ဂွာဒီယိုလာရဲ့ ကစားဟန်နဲ့ ကွာခြားပါတယ်။ ကလော့ပ်ရဲ့ ကစားဟန်က စိတ်ဓါတ် ပြင်းပြပြီး အသင်းရဲ့ စွမ်းအားတင်မကဘဲ ပရိသတ်ရဲ့ အင်အားလည်း လိုပါတယ်။ ဂွာဒီယိုလာရဲ့ အသင်းကတေ့ နည်းစနစ်ပိုင်းကို ပိုမို အားယူပါတယ်။

ဒီတော့ ပရိသတ် မပါဘဲ ကစားရမယ်ဆိုတာက မန်စီးတီးအတွက်တော့ ပိုကောင်းမှာပါ။ ဒါပေမယ့် ဒါက လီဗာပူးနဲ့ အခြားအသင်းတွေအပေါ် ထိခိုက်မှုရှိမယ်လို့ ကျနော် မထင်ပါဘူး။ ကျနော် ဒီလိုပြောလို့ အထင်တော့ မလွဲပါနဲ့ နောက်ရာသီမှာလည်း ပရိသတ်မပါဘဲ ကစားရမယ်ဆိုရင် လီဗာပူးပရီးမီးယားလိဂ်ဖလား အနိုင်ရဖို့ ကျနော် သံသယရှိပါတယ်။ လီဗာပူးရဲ့ အောင်မြင်မှုမှာ အန်ဖီးကွင်းရဲ့ အားပေးထောက်ခံမှုကောင်းတွေကလည်း အရေးပါလွန်းပါတယ်။ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကစားသမားေဟာင္းၾကီး ကာေရဂါက ပရိသတ္ မပါဘဲ ကစားရမယ့္ အေနအထားက သက္ေရာက္မႈၾကီးတယ္လို႔ မေျပာႏုိင္ေပမယ့္ သက္ေရာက္မႈ ရွိလိမ့္မယ္လို႔ ေျပာဆိုလိုက္ပါတယ္။

ပရီးမီးယားလိဂ္မွာေတာ့ ေက်ာ္ၾကားတဲ့ အားေပးမႈဆိုင္ရာေတြကို ရရွိတဲ့ ကြင္းေတြထဲမွာ အန္ဖီးက ထိပ္ဆံုး တစ္ေနရာက ပါဝင္ေနတာပါ။ ပရိသတ္ တစ္ဦးမွ မရွိေပမယ့္ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းက ႏုိင္ပြဲေတြကို ဆက္ယူႏုိင္ဦးမွာျဖစ္ေၾကာင္း ကာေရဂါက ယံုၾကည္ေနသလို ဒီအေျခအေနဟာ မန္စီးတီးထက္စာရင္ လီဗာပူးအတြက္ အခက္အခဲ ျဖစ္ေစမယ္လို႔လည္း သူက ျမင္ပါတယ္။

ကာေရဂါက ေျပာရာမွာ ” အိမ္ကြင္းအားသာခ်က္ကို အျခားအသင္းေတြထက္ လီဗာပူးအသင္းက ပိုသက္ေရာက္မႈၾကီးတယ္လို႔ က်ေနာ္ကေတာ့ မထင္ပါဘူး။ လီဗာပူးက အေကာင္းဆံုး အသင္းေတြထဲက တစ္သင္းျဖစ္ျပီး သူတို႔က သိပ္ေကာင္းတဲ့ ရလဒ္ေကာင္းေတြကို ရယူႏုိင္ဆဲျဖစ္တယ္။

အကယ္လို႔ ဒီရာသီလို ကိစၥ (ကိုရိုနာကပ္ေဘး)က မႏွစ္တုန္းက ျဖစ္ခဲ့မယ္ မန္စီးတီးနဲ႔ လီဗာပူးတို႔ရဲ႕ ဗံုလံုတလွည့္ ငါးပ်ံတလွည့္ ျပိဳင္ဆုိင္မႈကလည္း ၉ ပြဲပဲ က်န္မယ္ဆိုရင္ ခ်န္ပီယံက မန္စီးတီးျဖစ္လိမ့္မယ္လို႔ က်ေနာ္ ခိုင္ခိုင္မာမာ ေျပာရဲပါတယ္။ ဘာလို႔လည္းဆိုေတာ့ လီဗာပူးက ပရိသတ္မပါရင္ ခက္ခဲႏုိင္ေပမယ့္ ပရိသတ္ မရွိတဲ့ အေနအထားကို မန္စီးတီးက ကိုင္တြယ္ႏုိင္စြမ္း ရွိလို႔ပါပဲ။

အန္ဖီးက ပရိသတ္ေတြကပဲ သက္ေရာက္မႈ ၾကီးတာလို႔ က်ေနာ္ မထင္ဘူး။ ကေလာ့ပ္ရဲ႕ ကစားစန္က ဂြာဒီယိုလာရဲ႕ ကစားဟန္နဲ႔ ကြာျခားပါတယ္။ ကေလာ့ပ္ရဲ႕ ကစားဟန္က စိတ္ဓါတ္ ျပင္းျပျပီး အသင္းရဲ႕ စြမ္းအားတင္မကဘဲ ပရိသတ္ရဲ႕ အင္အားလည္း လိုပါတယ္။ ဂြာဒီယိုလာရဲ႕ အသင္းကေတ့ နည္းစနစ္ပိုင္းကို ပိုမို အားယူပါတယ္။

ဒီေတာ့ ပရိသတ္ မပါဘဲ ကစားရမယ္ဆိုတာက မန္စီးတီးအတြက္ေတာ့ ပိုေကာင္းမွာပါ။ ဒါေပမယ့္ ဒါက လီဗာပူးနဲ႔ အျခားအသင္းေတြအေပၚ ထိခုိက္မႈရွိမယ္လို႔ က်ေနာ္ မထင္ပါဘူး။ က်ေနာ္ ဒီလိုေျပာလို႔ အထင္ေတာ့ မလြဲပါနဲ႔ ေနာက္ရာသီမွာလည္း ပရိသတ္မပါဘဲ ကစားရမယ္ဆိုရင္ လီဗာပူးပရီးမီးယားလိဂ္ဖလား အႏိုင္ရဖို႔ က်ေနာ္ သံသယရွိပါတယ္။ လီဗာပူးရဲ႕ ေအာင္ျမင္မႈမွာ အန္ဖီးကြင္းရဲ႕ အားေပးေထာက္ခံမႈေကာင္းေတြကလည္း အေရးပါလြန္းပါတယ္။ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။