လီဗာပူးကစားသမားဟောင်းကြီး ကာရေဂါက ပရိသတ် မပါဘဲ ကစားရမယ့် အနေအထားက သက်ရောက်မှုကြီးတယ်လို့ မပြောနိုင်ပေမယ့် မန်စီးတီးထက်စာရင် လီဗာပူးအတွက် သက်ရောက်မှု ရှိလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။
ကရာဘီအကယ်ဒမီကို မကြာခဏ ဝင်ထွက်နေသူဖြစ်တဲ့ လီဗာပူးကစားသမားဟောင်းကြီး မန်နာမန်းက အကယ်ဒမီကြယ်ပွင့်တွေဖြစ်တဲ့ နီကိုးနဲ့ ကာတစ်ဂျုံး အပြင် ဂျိတ်ကိန်းနဲ့ လိုက်တန် ကလာဆန်တို့ကို စီနီယာအသင်း လူစာရင်းအတွက် ကလော့ပ် ခေါ်ယူလိုက်တာအတွက် ကျေနပ်နေပါတယ်။
လီဗာပူးက ၂၉ နှစ်အရွယ် ခံစစ်သမား ကလိုင်းကို ရာသီကုန်ထိတောင် သက်တမ်း မတိုးတော့ပေမယ့်လို့ ကစားသမားကြီးကို ကီရာဘီ လေ့ကျင့်ရေးမှာ ကြံ့ခိုင်မှုဆိုင်ရာ ကိစ္စတွေ လုပ်ဆောင်ခွင့်လုပ်ဖို့ ခွင့်ပြုပေးထားတယ်။
ကလော့ပ်ရဲ့ အသင်းဟောင်းဖြစ်တဲ့ မိန့်အသင်းကတော့ လီဗာပူးနဲ့ ဆက်ဆံရေးကောင်းတွေကို အသုံးချပြီး နောက်ရာသီမှာလည်း လူငယ်တိုက်စစ်သမား တိုင်ဝို အယ်ဝန်နီယီကို ဆက်ခေါ်ယူထားနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။
ဘာစီလိုနာ ကွင်းလယ်လူ ကော်တင်ညိုဟာ လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ထံ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖုန်းဆက်သွယ်မှု ပြုလုပ်ခဲ့ကာသူ့ကို လီဗာပူးအသင်းထံ ပြန်ခေါ်ယူပေးဖို့ဆိုတဲ့ ကိစ္စကို ပြောဆိုခဲ့ကြောင်း သတင်းကြီးနေပါတယ်။
ဗြိတိန်သတင်းဌာန Mirror မှ သတင်းထောက် တစ်ဦးဖြစ်သူ Maddock က နွေမှာ လိုင်ယွန်ကွင်းလယ်လူ အော်ရေးကို ပေါင် သန်း ၂၀ နဲ့ ခေါ်ယူခွင့်ရရင် လီဗာပူးက ခေါ်ယူလိမ့်မယ်လို့ ပြောဆိုလာပါတယ်။
လီဗာပူးအသင်းဟာ စကော်တလန်သား ခံစစ်သမား ဂျင်မီ ဟာမီတန်ကို စိတ်ဝင်စားနေပြီး ခေါ်ယူမယ်ဆိုရင် ပရီးမီးယားလိဂ်ကလပ် ဝုဗ်နဲ့အပြိုင် ကြိုးစားရမယ်လို့ သိရပါတယ်။ သူက အလားအလာရှိပေမယ့် စည်းကမ်းနဲ့ နည်းစနစ်ပိုင်း လိုအပ်ချက် ရှိနေသေးပြီး ဒီရာသီမှာ စကော့အဆင့်မြင့်တန်းလိဂ်အတွင်း ၁၂ ပွဲ ကစားရာမှာ တိုက်ရိုက် အနီကဒ် ၃ ကြိမ်ရထားပါတယ်။
လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က သူ့ရဲ့ ကစားသမားဘဝ အစောပိုင်းမှာ အသားကျဖို့ ကူညီပေးခဲ့သူတွေထဲမှာ စတီဗင်၊ ကာရေဂါ၊ ဂျွန်ဆင်နဲ့ ရေနာတို့အပြင် ဆွာရက်စ်ကိုပါ ထည့်သွင်းသွားပါတယ်။ ကာရေဂါနဲ့ ဂျွန်ဆင်က လေ့ကျင့်ရေးမှာ ဟန်ဒါဆန်နဲ့ ဆွာရက်စ်ကြား ပြဿနာရှိခဲ့ဖူးတယ်လို့ ဆိုပေမယ့် ဟန်ဒါဆန်ကတော့ ဆွာရက်စ်က သိပ်ကောင်းတဲ့ အသင်းဖော်လို့ ချီးကျူးသွားသေးတာပါ။
လီဗာပူး ခံစစ်သမား လိုဗရန်က အသင်းဖော်တွေ အားလုံးကို နာမည်ရေးထိုးထားတဲ့ head phone တစ်ခုစီ လက်ဆောင်ပေးခဲ့ပါတယ်။ အဆိုပါ head phone ဟာ လိုဗရန်ပိုင် ဖက်ရှင်ကုမ္ပဏီက ထုတ်လုပ်တဲ့ ပစ္စည်းတေါဖြစ်ပါတယ်။
ZAWGYI
လီဗာပူးကစားသမားေဟာင္းၾကီး ကာေရဂါက ပရိသတ္ မပါဘဲ ကစားရမယ့္ အေနအထားက သက္ေရာက္မႈၾကီးတယ္လို႔ မေျပာႏုိင္ေပမယ့္ မန္စီးတီးထက္စာရင္ လီဗာပူးအတြက္ သက္ေရာက္မႈ ရွိလိမ့္မယ္လို႔ ေျပာဆိုလိုက္ပါတယ္။
ကရာဘီအကယ္ဒမီကို မၾကာခဏ ဝင္ထြက္ေနသူျဖစ္တဲ့ လီဗာပူးကစားသမားေဟာင္းၾကီး မန္နာမန္းက အကယ္ဒမီၾကယ္ပြင့္ေတြျဖစ္တဲ့ နီကိုးနဲ႔ ကာတစ္ဂ်ံဳး အျပင္ ဂ်ိတ္ကိန္းနဲ႔ လိုက္တန္ ကလာဆန္တို႔ကို စီနီယာအသင္း လူစာရင္းအတြက္ ကေလာ့ပ္ ေခၚယူလိုက္တာအတြက္ ေက်နပ္ေနပါတယ္။
လီဗာပူးက ၂၉ ႏွစ္အရြယ္ ခံစစ္သမား ကလိုင္းကို ရာသီကုန္ထိေတာင္ သက္တမ္း မတိုးေတာ့ေပမယ့္လို႔ ကစားသမားၾကီးကို ကီရာဘီ ေလ့က်င့္ေရးမွာ ၾကံ႕ခိုင္မႈဆိုင္ရာ ကိစၥေတြ လုပ္ေဆာင္ခြင့္လုပ္ဖို႔ ခြင့္ျပဳေပးထားတယ္။
ကေလာ့ပ္ရဲ႕ အသင္းေဟာင္းျဖစ္တဲ့ မိန္႔အသင္းကေတာ့ လီဗာပူးနဲ႔ ဆက္ဆံေရးေကာင္းေတြကို အသံုးခ်ျပီး ေနာက္ရာသီမွာလည္း လူငယ္တိုက္စစ္သမား တိုင္ဝို အယ္ဝန္နီယီကို ဆက္ေခၚယူထားႏုိင္ဖို႔ ၾကိဳးစားသြားမွာ ျဖစ္ပါတယ္။
ဘာစီလိုနာ ကြင္းလယ္လူ ေကာ္တင္ညိဳဟာ လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ထံ ပုဂၢိဳလ္ေရးဆိုင္ရာ ဖုန္းဆက္သြယ္မႈ ျပဳလုပ္ခဲ့ကာသူ႔ကို လီဗာပူးအသင္းထံ ျပန္ေခၚယူေပးဖို႔ဆိုတဲ့ ကိစၥကို ေျပာဆိုခဲ့ေၾကာင္း သတင္းၾကီးေနပါတယ္။
ျဗိတိန္သတင္းဌာန Mirror မွ သတင္းေထာက္ တစ္ဦးျဖစ္သူ Maddock က ေႏြမွာ လိုင္ယြန္ကြင္းလယ္လူ ေအာ္ေရးကို ေပါင္ သန္း ၂၀ နဲ႔ ေခၚယူခြင့္ရရင္ လီဗာပူးက ေခၚယူလိမ့္မယ္လို႔ ေျပာဆိုလာပါတယ္။
လီဗာပူးအသင္းဟာ စေကာ္တလန္သား ခံစစ္သမား ဂ်င္မီ ဟာမီတန္ကို စိတ္ဝင္စားေနျပီး ေခၚယူမယ္ဆိုရင္ ပရီးမီးယားလိဂ္ကလပ္ ဝုဗ္နဲ႔အျပိဳင္ ၾကိဳးစားရမယ္လို႔ သိရပါတယ္။ သူက အလားအလာရွိေပမယ့္ စည္းကမ္းနဲ႔ နည္းစနစ္ပိုင္း လိုအပ္ခ်က္ ရွိေနေသးျပီး ဒီရာသီမွာ စေကာ့အဆင့္ျမင့္တန္းလိဂ္အတြင္း ၁၂ ပြဲ ကစားရာမွာ တိုက္ရိုက္ အနီကဒ္ ၃ ၾကိမ္ရထားပါတယ္။
လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က သူ႔ရဲ႕ ကစားသမားဘဝ အေစာပိုင္းမွာ အသားက်ဖို႔ ကူညီေပးခဲ့သူေတြထဲမွာ စတီဗင္၊ ကာေရဂါ၊ ဂၽြန္ဆင္နဲ႔ ေရနာတို႔အျပင္ ဆြာရက္စ္ကိုပါ ထည့္သြင္းသြားပါတယ္။ ကာေရဂါနဲ႔ ဂၽြန္ဆင္က ေလ့က်င့္ေရးမွာ ဟန္ဒါဆန္နဲ႔ ဆြာရက္စ္ၾကား ျပႆနာရွိခဲ့ဖူးတယ္လို႔ ဆိုေပမယ့္ ဟန္ဒါဆန္ကေတာ့ ဆြာရက္စ္က သိပ္ေကာင္းတဲ့ အသင္းေဖာ္လို႔ ခ်ီးက်ဴးသြားေသးတာပါ။
လီဗာပူး ခံစစ္သမား လိုဗရန္က အသင္းေဖာ္ေတြ အားလံုးကို နာမည္ေရးထိုးထားတဲ့ head phone တစ္ခုစီ လက္ေဆာင္ေပးခဲ့ပါတယ္။ အဆိုပါ head phone ဟာ လိုဗရန္ပိုင္ ဖက္ရွင္ကုမၸဏီက ထုတ္လုပ္တဲ့ ပစၥည္းေတါျဖစ္ပါတယ္။