ကော်တင်ညိုက မန်နေဂျာယာဂင်ကလော့ပ်ကို ပုဂ္ဂိုလ်ရေးဖုန်းပြောမှုဖြင့် ဆက်သွယ်မှု လုပ်ခဲ့ပြီး သူ့ကို လီဗာပူးအသငင်းထံ ပြန်ခေါ်ဖို့ စကားပြောခဲ့တယ်ဆိုတဲ့ သတင်းတွေက အတော်လေး ကျယ်ပြန်ခဲ့ပြီးပါပြီ။
လီဗာပူးနဲ့အတူ ကမ္ဘာအဆင့် ကစားသမားအဖြစ် တောက်ပခဲ့တဲ့ ကော်တင်ညိုဟာ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူနစ်တို့မှာ အောင်မြင်တဲ့ ကစားသမားဘဝကို မပိုင်ဆိုင်ခဲ့ဘူး။ ကစားသမားရဲ့ အေးဂျင့် Kia Joorabchian ကလည်း လျော့ချယူတဲ့ လုပ်ခမျိုးနဲ့ ကော်တင်ညိုဟာ လီဗာပူးကို ပြန်လိုတယ်လို့ အတည်ပြုထားပါတယ်။
ဒီသတင်းဟာ လီဗာပူးပရိသတ်တွေ ကြားမှာ ပျံ့နှံ့ခဲ့တာကြောင့် လီဗာပူးဖန်းဆိုဒ်တွေ၊ ဖန်းပေ့တွေကပဲ ဒီသတင်းကို ပြန်လည် ဖော်ပြမှုလုပ်ခဲ့တယ်။ အင်စတာဂရမ်မှာတော့ ကော်တင်ညိုက လုပ်ခလျော့ယူပြီး လီဗာပူးကို ပြန်လာလိုတယ်ဆိုပြီး ကလော့ပ်ကို ပြောခဲ့တယ် ဆိုတဲ့ သတင်းကို လီဗာပူးတိုက်စစ်မှူး ဖာမင်နိုက Like ပေးသွားခဲ့ပါတယ်။
သိကြတဲ့အတိုင်းပဲ ဖာမင်နိုနဲ့ ကော်တင်ညိုတို့က အတော်လေး ခင်မင်သလို သူတို့ ဇနီးသည်တွေ အပါအဝင် မိသားစုလိုက် မိတ်ဆွေရင်းခြာတွေ ဖြစ်ကြပါတယ်။ ဖာမင်နိုရဲ့ မွေးနေ့ပွဲတွေကို ကော်တင်ညို အမြဲ တက်ရောက်လေ့ရှိသလို ကော်တင်ညိုရဲ့ အထိမ်းအမှတ် ပွဲတွေဆိုရင်လည်း ဖာမင်နိုကို တကူးတက ခေါ်လေ့ရှိပါတယ်။
တကယ်တော့ ဖာမင်နိုတင် ကော်တင်ညိအပေါ် သံဃောဇဉ် ကြီးတာတော့ မဟုတ်ပါဘူး။ လီဗာပူး ကစားသမားဟောင်းကြီးတွေကလည်း ကော်တင်ညိုကို ပြန်ခေါ်သင့်တယ်ဆိုတဲ့အပေါ် ထောက်ခံမှုတွေ များနေခဲ့တာဖြစ်တယ်။ ဒါပေမယ့်လည်း စိတ်မကောင်းစရာကတော့ လီဗာပူးဘက်က ကော်တင်ညိုကို ခေါ်ယူလိုတဲ့ အရိပ်အယောင်ကို အခုချိန်ထိ မပြသေးပါဘူး။
လီဗာပူးကစားသမားဟောင်းကြီး နီကိုးကဆိုရင် ” ကော်တင်ညိုကို ပြန်ခေါ်ဖို့ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ မဖြစ်နိုင်စရာ အကြောင်းတစ်ချက်တောင် မစဉ်းစားနိုင်ဘူး။ သူ ထူးချွန်ခဲ့တဲ့ တစ်ခုတည်းသော နေရာက လီဗာပူးပဲ။ သူက လီဗာပူးကိုချစ်တယ်၊ လီဗာပူးကလည်း သူ့ကိုချစ်တယ်။ ကော်တင်ညိုရှိတဲ့ လီဗာပူးက နောက်ရာသီ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ကို အောင်မြင်နိုင်တယ်။
သူက ဝါနာလိုပဲ တိုက်စစ်ပိုင်း ဝင်လိုက် ထွက်လိုက် လုပ်နိုင်သလို ပွဲထွက်စာရင်းကိုလည်း စိတ်ခေါ်နိုင်မယ့်သူ။ အကယ်လို့ လျော့ဈေးနဲ့ဆိုရင် မှန်ကန်တဲ့ ဈေးနှုန်းနဲ့ဆိုရင် သူ့ကို ခေါ်ယူဖို့က ဖြစ်နိုင်ပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။
ZAWGYI
ေကာ္တင္ညိဳက မန္ေနဂ်ာယာဂင္ကေလာ့ပ္ကို ပုဂၢိဳလ္ေရးဖုန္းေျပာမႈျဖင့္ ဆက္သြယ္မႈ လုပ္ခဲ့ျပီး သူ႔ကို လီဗာပူးအသငင္းထံ ျပန္ေခၚဖို႔ စကားေျပာခဲ့တယ္ဆိုတဲ့ သတင္းေတြက အေတာ္ေလး က်ယ္ျပန္ခဲ့ျပီးပါျပီ။
လီဗာပူးနဲ႔အတူ ကမၻာအဆင့္ ကစားသမားအျဖစ္ ေတာက္ပခဲ့တဲ့ ေကာ္တင္ညိဳဟာ ဘာစီလိုနာနဲ႔ ဘိုင္ယန္ျမဴနစ္တို႔မွာ ေအာင္ျမင္တဲ့ ကစားသမားဘဝကို မပိုင္ဆိုင္ခဲ့ဘူး။ ကစားသမားရဲ႕ ေအးဂ်င့္ Kia Joorabchian ကလည္း ေလ်ာ့ခ်ယူတဲ့ လုပ္ခမ်ိဳးနဲ႔ ေကာ္တင္ညိဳဟာ လီဗာပူးကို ျပန္လိုတယ္လို႔ အတည္ျပဳထားပါတယ္။
ဒီသတင္းဟာ လီဗာပူးပရိသတ္ေတြ ၾကားမွာ ပ်ံ႔ႏွံ႔ခဲ့တာေၾကာင့္ လီဗာပူးဖန္းဆိုဒ္ေတြ၊ ဖန္းေပ့ေတြကပဲ ဒီသတင္းကို ျပန္လည္ ေဖာ္ျပမႈလုပ္ခဲ့တယ္။ အင္စတာဂရမ္မွာေတာ့ ေကာ္တင္ညိဳက လုပ္ခေလ်ာ့ယူျပီး လီဗာပူးကို ျပန္လာလိုတယ္ဆိုျပီး ကေလာ့ပ္ကို ေျပာခဲ့တယ္ ဆိုတဲ့ သတင္းကို လီဗာပူးတိုက္စစ္မွဴး ဖာမင္ႏိုက Like ေပးသြားခဲ့ပါတယ္။
သိၾကတဲ့အတုိင္းပဲ ဖာမင္ႏိုနဲ႔ ေကာ္တင္ညိဳတို႔က အေတာ္ေလး ခင္မင္သလို သူတို႔ ဇနီးသည္ေတြ အပါအဝင္ မိသားစုလိုက္ မိတ္ေဆြရင္းျခာေတြ ျဖစ္ၾကပါတယ္။ ဖာမင္ႏိုရဲ႕ ေမြးေန႔ပြဲေတြကို ေကာ္တင္ညိဳ အျမဲ တက္ေရာက္ေလ့ရွိသလို ေကာ္တင္ညိဳရဲ႕ အထိမ္းအမွတ္ ပြဲေတြဆိုရင္လည္း ဖာမင္ႏိုကို တကူးတက ေခၚေလ့ရွိပါတယ္။
တကယ္ေတာ့ ဖာမင္ႏိုတင္ ေကာ္တင္ညိအေပၚ သံေဃာဇဥ္ ၾကီးတာေတာ့ မဟုတ္ပါဘူး။ လီဗာပူး ကစားသမားေဟာင္းၾကီးေတြကလည္း ေကာ္တင္ညိဳကို ျပန္ေခၚသင့္တယ္ဆိုတဲ့အေပၚ ေထာက္ခံမႈေတြ မ်ားေနခဲ့တာျဖစ္တယ္။ ဒါေပမယ့္လည္း စိတ္မေကာင္းစရာကေတာ့ လီဗာပူးဘက္က ေကာ္တင္ညိဳကို ေခၚယူလိုတဲ့ အရိပ္အေယာင္ကို အခုခ်ိန္ထိ မျပေသးပါဘူး။
လီဗာပူးကစားသမားေဟာင္းၾကီး နီကိုးကဆိုရင္ ” ေကာ္တင္ညိဳကို ျပန္ေခၚဖို႔ ဘာလို႔ မျဖစ္ႏုိင္ရမွာလဲ။ မျဖစ္ႏုိင္စရာ အေၾကာင္းတစ္ခ်က္ေတာင္ မစဥ္းစားႏုိင္ဘူး။ သူ ထူးခၽြန္ခဲ့တဲ့ တစ္ခုတည္းေသာ ေနရာက လီဗာပူးပဲ။ သူက လီဗာပူးကိုခ်စ္တယ္၊ လီဗာပူးကလည္း သူ႔ကိုခ်စ္တယ္။ ေကာ္တင္ညိဳရွိတဲ့ လီဗာပူးက ေနာက္ရာသီ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ကို ေအာင္ျမင္ႏုိင္တယ္။
သူက ဝါနာလိုပဲ တိုက္စစ္ပိုင္း ဝင္လိုက္ ထြက္လုိက္ လုပ္ႏုိင္သလို ပြဲထြက္စာရင္းကိုလည္း စိတ္ေခၚႏုိင္မယ့္သူ။ အကယ္လို႔ ေလ်ာ့ေစ်းနဲ႔ဆိုရင္ မွန္ကန္တဲ့ ေစ်းႏႈန္းနဲ႔ဆိုရင္ သူ႔ကို ေခၚယူဖို႔က ျဖစ္ႏုိင္ပါတယ္ ” လို႔ ဆိုသြားခဲ့ပါတယ္။