ခံစစ်သမား ထရန့် အလက်စန္ဒား-အာနိုးက ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ လက်ကျန်ပွဲတွေကို ပြန်စတင်ရင် သူ့ရဲ့ စံချိန်ဟောင်းကို ချိုးဖျက်ဖို့ ရည်မှန်းနေပါကြောင်း လီဗာပူးအသင်းဝဘ်ဆိုဒ်က ဖော်ပြသွားပါတယ်။

အမှတ်ပေးဇယားကို ရမှတ် ၂၅ မှတ်ဖြတ်ပြီး ဦးဆောင်နေတဲ့ လီဗာပူးဟာ ချန်ပီယံဖြစ်ဖို့ အများဆုံး ၆ မှတ်ပဲ လိုအပ်တော့တာပါ။ ဒါ့အပြင် မန်စီးတီးအသင်း အဖွင့်ပွဲမှာ အခြေအနေ မကောင်းခဲ့ဘူးဆိုရင် လာမယ့် အဲဗာတန်နဲ့ မာဆေးဆိုဒ်ဒါဘီပွဲဟာ လီဗာပူးအတွက် နှစ်ပေါင်း ၃၀ အတွင်း အကြီးကျယ်ဆုံးပွဲတောင်မှ ဖြစ်သွားနိုင်ပါတယ်။

လက်ကျန် ၉ ပွဲက လီဗာပူးအတွက် အရေးကြီးသလို ညာအစွန်လူ ထရန့်အတွက်ကလည်း အလေးအနက်ထား ယှဉ်ပြိုင်ရမယ့် ပွဲကောင်းတွေ ဖြစ်လာနေပါတယ်။

၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာတုန်းက ထရန့်ဟာ အမှတ်ပေးပွဲတွေမှာ ဂိုးထောက်ပံ့မှု ၁၂ ကြိမ် လုပ်ထားနိုင်ခဲ့တယ်။ ဒါဟာ ခံစစ်သမား တစ်ဦးရဲ့ ဘောလုံးရာသီ တစ်ခုအတွင်း လိဂ်ပြိုင်ပွဲတစ်ခုမှာ အမြင့်ဆုံး လုပ်နိုင်တဲ့ အရည်အတွက်ဖြစ်လို့ ဂရင်းနစ်စံချိန်ပါ ဝင်သွားခဲ့တာဖြစ်တယ်။

ဒီရာသီမှာတော့ ထရန့်ဟာ ၂၇ ပွဲနဲ့တင်ကို ဂိုးထောက်ပံ့မှု ၁၂ ကြိမ် လုပ်ခဲ့တာဖြစ်ပြီး အန်ဖီးကွင်းမှာ ဝက်ဟမ်းကို ၃-၂ နဲ့ အနိုင်ရခဲ့စဉ် ၂ ကြိမ် ဂိုးထောက်ပံ့ပေးခဲ့ပါတယ်။ လာမယ့် ၉ ပွဲမှာ အနည်းဆုံး ၁ ကြိမ် ထပ်လုပ်နိုင်ရင်ကိုပဲ မနှစ်ကစံချိန်ကို ချိုးကာ ဂရင်းနစ် စံချိန်သစ် တင်နိုင်မှာဖြစ်တယ်။

အသက် ၂၁ နှစ်အရွယ် ကစားသမားလေးဟာ ပါရမီရှင်တစ်ဦးအဖြစ် တင်စားခံနေရသူဖြစ်ပြီး ပရီးမီးယားလိဂ်မှာလည်း ဒီဘရိုင်းလုပ်နိုင်တဲ့ ဂိုးထေက်ပံ့မှု ၁၆ ကြိမ်ရဲ့နောက် ဒုတိယနေရာမှာ ရှိနေတာဖြစ်တယ်။ ကမ္ဘာအကောင်းဆုံး ညာနောက်ခံလူတွေထဲက တစ်ဦးအဖြစ် တိုးဝင်သွားနိုင်ခဲ့တဲ့ ထရန့်ဟာ အနာဂတ်မှာ အတော်လေး တောက်ပလာမယ့်သူအဖြစ် ဂန္တဝင်ကြီးတွေကတောင် အထင်ကြီးခြင်း ခံနေရတာဖြစ်ပါတယ်။

ZAWGYI

ခံစစ္သမား ထရန္႔ အလက္စႏၵား-အာႏိုးက ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီ လက္က်န္ပြဲေတြကို ျပန္စတင္ရင္ သူ႔ရဲ႕ စံခ်ိန္ေဟာင္းကို ခ်ိဳးဖ်က္ဖို႔ ရည္မွန္းေနပါေၾကာင္း လီဗာပူးအသင္းဝဘ္ဆိုဒ္က ေဖာ္ျပသြားပါတယ္။

အမွတ္ေပးဇယားကို ရမွတ္ ၂၅ မွတ္ျဖတ္ျပီး ဦးေဆာင္ေနတဲ့ လီဗာပူးဟာ ခ်န္ပီယံျဖစ္ဖို႔ အမ်ားဆံုး ၆ မွတ္ပဲ လိုအပ္ေတာ့တာပါ။ ဒါ့အျပင္ မန္စီးတီးအသင္း အဖြင့္ပြဲမွာ အေျခအေန မေကာင္းခဲ့ဘူးဆိုရင္ လာမယ့္ အဲဗာတန္နဲ႔ မာေဆးဆိုဒ္ဒါဘီပြဲဟာ လီဗာပူးအတြက္ ႏွစ္ေပါင္း ၃၀ အတြင္း အၾကီးက်ယ္ဆံုးပြဲေတာင္မွ ျဖစ္သြားနုိင္ပါတယ္။

လက္က်န္ ၉ ပြဲက လီဗာပူးအတြက္ အေရးၾကီးသလို ညာအစြန္လူ ထရန္႔အတြက္ကလည္း အေလးအနက္ထား ယွဥ္ျပိဳင္ရမယ့္ ပြဲေကာင္းေတြ ျဖစ္လာေနပါတယ္။

၂၀၁၈-၂၀၁၉ ေဘာလံုးရာသီမွာတုန္းက ထရန္႔ဟာ အမွတ္ေပးပြဲေတြမွာ ဂိုးေထာက္ပံ့မႈ ၁၂ ၾကိမ္ လုပ္ထားႏုိင္ခဲ့တယ္။ ဒါဟာ ခံစစ္သမား တစ္ဦးရဲ႕ ေဘာလံုးရာသီ တစ္ခုအတြင္း လိဂ္ျပိဳင္ပြဲတစ္ခုမွာ အျမင့္ဆံုး လုပ္ႏုိင္တဲ့ အရည္အတြက္ျဖစ္လို႔ ဂရင္းနစ္စံခ်ိန္ပါ ဝင္သြားခဲ့တာျဖစ္တယ္။

ဒီရာသီမွာေတာ့ ထရန္႔ဟာ ၂၇ ပြဲနဲ႔တင္ကို ဂိုးေထာက္ပံ့မႈ ၁၂ ၾကိမ္ လုပ္ခဲ့တာျဖစ္ျပီး အန္ဖီးကြင္းမွာ ဝက္ဟမ္းကို ၃-၂ နဲ႔ အႏုိင္ရခဲ့စဥ္ ၂ ၾကိမ္ ဂိုးေထာက္ပံ့ေပးခဲ့ပါတယ္။ လာမယ့္ ၉ ပြဲမွာ အနည္းဆံုး ၁ ၾကိမ္ ထပ္လုပ္ႏုိင္ရင္ကိုပဲ မႏွစ္ကစံခ်ိန္ကို ခ်ိဳးကာ ဂရင္းနစ္ စံခ်ိန္သစ္ တင္ႏုိင္မွာျဖစ္တယ္။

အသက္ ၂၁ ႏွစ္အရြယ္ ကစားသမားေလးဟာ ပါရမီရွင္တစ္ဦးအျဖစ္ တင္စားခံေနရသူျဖစ္ျပီး ပရီးမီးယားလိဂ္မွာလည္း ဒီဘရိုင္းလုပ္ႏုိင္တဲ့ ဂိုးေထက္ပံ့မႈ ၁၆ ၾကိမ္ရဲ႕ေနာက္ ဒုတိယေနရာမွာ ရွိေနတာျဖစ္တယ္။ ကမၻာအေကာင္းဆံုး ညာေနာက္ခံလူေတြထဲက တစ္ဦးအျဖစ္ တိုးဝင္သြားႏုိင္ခဲ့တဲ့ ထရန္႔ဟာ အနာဂတ္မွာ အေတာ္ေလး ေတာက္ပလာမယ့္သူအျဖစ္ ဂႏၱဝင္ၾကီးေတြကေတာင္ အထင္ၾကီးျခင္း ခံေနရတာျဖစ္ပါတယ္။