လီဗာပူး အသင်းခေါင်ဆောင်ဟောင်း ဂရေမီ ဆောင်းနက်က လက်ရှိ လီဗာပူးဟာ နားလည်ရခက်တဲ့ ခြေလှမ်းတွေကို လှမ်းပေမယ့် အခုချိန်ထိတော့ လုပ်ဆောင်မှုတွေ ကောင်းနေဆဲပါလို့ သုံးသပ်သွားပါတယ်။
မန်နေဂျာကလော့ပ်ဟာ သူ ကာလရှည် စိတ်ဝင်စားခဲ့တဲ့ ဝါနာလို ကစားသမားကို လက်လွတ်ဖို့ ဆုံးဖြတ်ပြီး ပြည်တွင်းပြိုင်ဘက် ချယ်ဆီး ခေါ်ယူခွင့်ရသွားစေတာမျိုးက အံ့အားသင့်စရာ ကိစ္စဖြစ်တယ်။ လီဗာပူးအသင်းဟာ ဘယ်လို ဆုဖလားကိုမဆို စိန်ခေါ်နိုင်ပေမယ့် တိုက်စစ်ပိုင်းအတွက် အရန်အင်အားကို တောင့်တင်းစေဖို့ဆိုရင် ဝါနာက သိပ်ကောင်းတဲ့ ရွေးချယ်မှုလည်း ဖြစ်ပါတယ်။
ဆောင်းနက်ကပဲ “ ဘေးဖယ်လိုက်တာကို ကျနော် အံ့အားသင့်မိတယ်။ သွင်းဂိုးတွေ အများကြီး သွင်းယူနိုင်တဲ့ ကစားသမားကို ရှာဖို့ဆိုတာ သိပ်ခက်ပါတယ်။ ဒါက အခက်ခဲဆုံး အလုပ်ဖြစ်နေတာက သူတို့လို ကစားသမားတွေက ဈေးသိပ်ကြီးတာကြောင့်ပါ။
ဆာလက်နဲ့ မာနေး ကာလရှည် တစ်ခုခုဖြစ်ရင် လီဗာပူးက တူညီတဲ့ အနေအထားမှာ ရှိမလား။ သူတို့က ကျနေ်ာတို့ရဲ့ ပွဲတွေမှာ ပါနေဆဲ ဖြစ်ပေမယ့် တိုက်စစ်ပိုင်းကို အင်အားဖြည့်ဖို့က လိုပါတယ်။ မော်ဒန်ဈေးကွက်မှာ သန်း ၅၀ ဆိုတာက သိပ်မများပါဘူး။ ဒါက ကလပ်အတွက် သိပ်ကို တောင်းဆိုမှုများတယ်ဆိုရင်တော့ စိတ်ဝင်စားစရာပဲ ကစားသမားနဲ့ အေးဂျင့်တွေက ဘာတွေ တောင်းဆိုသလဲမှ ကျနေ်ာတို့ မသိနိုင်တာကိုး။ ” လို့ ဆိုတယ်။
ဘာပဲဖြစ်ဖြစ် လီဗာပူးက ဥရောပနဲ့ အင်္ဂလန်မှာ တောင့်တင်းတဲ့ နေရာမှာ ဆက်ရှိနေသေးတာဖြစ်ပြီး လက်ရှိ အသင်းရဲ့ လှုပ်ရှားပုံတွေက ယူနိုက်တက်တို့ သူတို့ဘာသာ ပြန်ရှာဖွေနိုင်ဖို့ လုပ်ဆောင်နေတဲ့ နည်းလမ်းတွေလို အမှားတွေ မပါဘူးလို့ ယုံကြည်နေဆဲဖြစ်တယ်။
“ လီဗာပူးဟာ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က ယူနိုက်တက် ရှိနေတဲ့ အနေအထားကို ရောက်နေတာပါ။ ထိပ်ဆုံးမှာရှိနေပြီး ဈေးကွက်ထဲမှာ ကစားသမား ခေါ်ယူမှုကောင်းတွေ လုပ်ဖို့အတွက် ဖိအား မရှိပါဘူး။ ဒီကာလတွေမှာ ယူနိုက်တက်ကတော့ ချက်ခြင်းကို အသုံးဝင်မယ့် ကစားသမားတွေကို တန်းခေါ်တာတွေ လုပ်နေရတယ်။
ဖာဘင်ညိုနဲ့ ရော်ဘတ်ဆန်ကိုကြည့်။ သူတို့က စီနီယာအဆင့်ပွဲထွက်မှုကို တန်းမရကြပါဘူး။ အဲ့ ကစားသမားတွေက လီဗာပူး လိုအပ်တဲ့ နေရာတွေမှာ ကစားနေသူတွေပါ။ ကိုယ်လိုအပ်တဲ့ နေရာအတွက် ကစားသမားတွေကို ခေါ်ယူခဲ့ပြီးရင် သူတို့ကို ပထမနေ့တည်းက ဖိအားတွေနဲ့ တန်းပြီး မကစားစေပါဘူး ” လို့ ဆောင်းနက်က ပြောဆိုခဲ့ပါတယ်။
ZAWGYI
လီဗာပူး အသင္းေခါင္ေဆာင္ေဟာင္း ဂေရမီ ေဆာင္းနက္က လက္ရွိ လီဗာပူးဟာ နားလည္ရခက္တဲ့ ေျခလွမ္းေတြကို လွမ္းေပမယ့္ အခုခ်ိန္ထိေတာ့ လုပ္ေဆာင္မႈေတြ ေကာင္းေနဆဲပါလို႔ သံုးသပ္သြားပါတယ္။
မန္ေနဂ်ာကေလာ့ပ္ဟာ သူ ကာလရွည္ စိတ္ဝင္စားခဲ့တဲ့ ဝါနာလို ကစားသမားကို လက္လြတ္ဖို႔ ဆံုးျဖတ္ျပီး ျပည္တြင္းျပိဳင္ဘက္ ခ်ယ္ဆီး ေခၚယူခြင့္ရသြားေစတာမ်ိဳးက အံ့အားသင့္စရာ ကိစၥျဖစ္တယ္။ လီဗာပူးအသင္းဟာ ဘယ္လို ဆုဖလားကိုမဆို စိန္ေခၚႏုိင္ေပမယ့္ တိုက္စစ္ပိုင္းအတြက္ အရန္အင္အားကို ေတာင့္တင္းေစဖို႔ဆိုရင္ ဝါနာက သိပ္ေကာင္းတဲ့ ေရြးခ်ယ္မႈလည္း ျဖစ္ပါတယ္။
ေဆာင္းနက္ကပဲ “ ေဘးဖယ္လိုက္တာကို က်ေနာ္ အံ့အားသင့္မိတယ္။ သြင္းဂိုးေတြ အမ်ားၾကီး သြင္းယူႏုိင္တဲ့ ကစားသမားကို ရွာဖို႔ဆိုတာ သိပ္ခက္ပါတယ္။ ဒါက အခက္ခဲဆံုး အလုပ္ျဖစ္ေနတာက သူတို႔လို ကစားသမားေတြက ေစ်းသိပ္ၾကီးတာေၾကာင့္ပါ။
ဆာလက္နဲ႔ မာေနး ကာလရွည္ တစ္ခုခုျဖစ္ရင္ လီဗာပူးက တူညီတဲ့ အေနအထားမွာ ရွိမလား။ သူတို႔က က်ေန္ာတို႔ရဲ႕ ပြဲေတြမွာ ပါေနဆဲ ျဖစ္ေပမယ့္ တိုက္စစ္ပိုင္းကို အင္အားျဖည့္ဖို႔က လိုပါတယ္။ ေမာ္ဒန္ေစ်းကြက္မွာ သန္း ၅၀ ဆိုတာက သိပ္မမ်ားပါဘူး။ ဒါက ကလပ္အတြက္ သိပ္ကို ေတာင္းဆိုမႈမ်ားတယ္ဆိုရင္ေတာ့ စိတ္ဝင္စားစရာပဲ ကစားသမားနဲ႔ ေအးဂ်င့္ေတြက ဘာေတြ ေတာင္းဆိုသလဲမွ က်ေန္ာတို႔ မသိႏုိင္တာကိုး။ ” လို႔ ဆိုတယ္။
ဘာပဲျဖစ္ျဖစ္ လီဗာပူးက ဥေရာပနဲ႔ အဂၤလန္မွာ ေတာင့္တင္းတဲ့ ေနရာမွာ ဆက္ရွိေနေသးတာျဖစ္ျပီး လက္ရွိ အသင္းရဲ႕ လႈပ္ရွားပံုေတြက ယူႏုိက္တက္တို႔ သူတို႔ဘာသာ ျပန္ရွာေဖြႏုိင္ဖို႔ လုပ္ေဆာင္ေနတဲ့ နည္းလမ္းေတြလို အမွားေတြ မပါဘူးလို႔ ယံုၾကည္ေနဆဲျဖစ္တယ္။
“ လီဗာပူးဟာ လြန္ခဲ့တဲ့ ၂၅ ႏွစ္ေလာက္က ယူႏုိက္တက္ ရွိေနတဲ့ အေနအထားကို ေရာက္ေနတာပါ။ ထိပ္ဆံုးမွာရွိေနျပီး ေစ်းကြက္ထဲမွာ ကစားသမား ေခၚယူမႈေကာင္းေတြ လုပ္ဖို႔အတြက္ ဖိအား မရွိပါဘူး။ ဒီကာလေတြမွာ ယူႏုိက္တက္ကေတာ့ ခ်က္ျခင္းကို အသံုးဝင္မယ့္ ကစားသမားေတြကို တန္းေခၚတာေတြ လုပ္ေနရတယ္။
ဖာဘင္ညိဳနဲ႔ ေရာ္ဘတ္ဆန္ကိုၾကည့္။ သူတို႔က စီနီယာအဆင့္ပြဲထြက္မႈကို တန္းမရၾကပါဘူး။ အဲ့ ကစားသမားေတြက လီဗာပူး လိုအပ္တဲ့ ေနရာေတြမွာ ကစားေနသူေတြပါ။ ကိုယ္လိုအပ္တဲ့ ေနရာအတြက္ ကစားသမားေတြကို ေခၚယူခဲ့ျပီးရင္ သူတို႔ကို ပထမေန႔တည္းက ဖိအားေတြနဲ႔ တန္းျပီး မကစားေစပါဘူး ” လို႔ ေဆာင္းနက္က ေျပာဆိုခဲ့ပါတယ္။