ဟာသာဘာလင် အားကစားဒါရိုက်တာဖြစ်သူ Michael Preetz က ၎င်းတို့ဟာ လီဗာပူးကစားသမား ဂရုဂျစ်ကို အငှားခေါ်ခွင့်ရလိုက်တာ အားလုံးအတွက် အဆင်ပြေတဲ့ ကိစ္စဖြစ်ခဲ့တယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ဟာသာဘာလင်မှာ ပုံမှန် ပွဲထွက်ခွင့် ရခဲ့တဲ့ ဂရုုဂျစ်ဟာ အသက် ၂၄ နှစ်အရွယ် ရှိလာခဲ့ပြီဖြစ်ပြီး အဆင့်မြင့်တန်းတွေအတွက် အတွေ့အကြုံရှိ ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဟာသာဘာလင်အတွက် အကျိုးဖြစ်ခဲ့သလို လီဗာပူးကလည်း ပွဲကြီး အတွေ့အကြုံရှိ လူငယ်တစ်ဦးကို ပြန်လည် ပိုင်ဆိုင်သွားခဲ့ပြီဖြစ်တယ်။

Michael Preetz က ” ကျနေ်ာတို့နဲ့ လီဗာပူးအသင်းကြား မာကို ဂရုဂျစ်နဲ့ ပက်သက်တဲ့ စာချုပ်ဟာ ဇွန်လ ၃၀ ရက်နေ့မှာ ကုန်ဆုံးမယ်ဆိုတာ ရာနှုန်းပြည့် သေချာပါတယ်။ သူ လီဗာပူးကို ပြန်သွားမှာဖြစ်ပြီး ကလပ်နှစ်သင်းကြား ကောင်းမွန်တဲ့ သဘောတူညီမှု ဖြစ်ခဲ့တယ်။

ကုန်ခဲ့တဲ့ နှစ်ရာသီအတွင်း ဒီအငှားခေါ်ယူမှုက အကောင်းမြင်စရာတွေ ဖြစ်ခဲ့ပြီး လူတိုင်းအတွက် သက်ရောက်မှုကြီးတွေ ဖြစ်ခဲ့ပါတယ်။ လီဗာပူးက သူတို့ အငှားလွှတ်စဉ်ကထက် ပိုပြီး အတွေ့အကြုံကောင်းတွေရှိတဲ့ ကစားသမားကောင်းကို ပိုင်ဆိုင်သွားပါပြီ။ ဂရုဂျစ်ဟာ အရေးကြီးတဲ့ ပွဲတွေမှာ ပါဝင်ကစားခွင့် ရသွားခဲ့ပြီးပြီ ဖြစ်ပါတယ်။

မာကိုနဲ့ လက်တွဲရတဲ့ နှစ်ရာသီက ကျနေ်ာတို့အတွက်လည်း အကျိုးဖြစ်ခဲ့ပါတယ်။ မာကိုက ပင်နယ်တီ ဧရိယာ နှစ်ခုလုံးအတွက် ကောင်းမွန်တဲ့ ကစားသမား ဖြစ်ခဲ့တယ်။ သူ့ရဲ့ ပထမဆုံးနှစ်က မယုံကြည်နိုင်လောက်အောင် ထူးချွန်ခဲ့ပြီး အခုချိန်မှာတော့ ပုံစံကောင်းတွေကို ရရှိနေပါတယ်။ သူက ကစားသမားကောင်းပါ။ ကျနေ်ာတို့အတွက် အကျိုးဖြစ်တဲ့ အငှားခေါ်ယူမှု ဖြစ်ခဲ့ပါတယ် ” လို့ ပြောဆိုသွားပါတယ်။

ဒီရာသီမှာ ဂရုဂျစ်ဟာ ဘွန်ဒက်လီဂါပွဲ ၂၆ ပွဲ ကစားထားပြီး သွင်းဂိုး ၆ ဂိုး သွင်းယူထားပါတယ်။ ဟာသာမန်နေဂျာကတော့ ဂရုဂျစ်ဟာ နှစ်ပေါင်း ၂၀ အတွင်း ကလပ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူအဖြစ် ညွှန်းဆိုထားခဲ့ပါတယ်။

ZAWGYI

ဟာသာဘာလင္ အားကစားဒါရိုက္တာျဖစ္သူ Michael Preetz က ၄င္းတို႔ဟာ လီဗာပူးကစားသမား ဂရုဂ်စ္ကို အငွားေခၚခြင့္ရလိုက္တာ အားလံုးအတြက္ အဆင္ေျပတဲ့ ကိစၥျဖစ္ခဲ့တယ္လို႔ ထုတ္ေျပာလုိက္ပါတယ္။

ဟာသာဘာလင္မွာ ပံုမွန္ ပြဲထြက္ခြင့္ ရခဲ့တဲ့ ဂရဳုဂ်စ္ဟာ အသက္ ၂၄ ႏွစ္အရြယ္ ရွိလာခဲ့ျပီျဖစ္ျပီး အဆင့္ျမင့္တန္းေတြအတြက္ အေတြ႔အၾကံဳရွိ ကစားသမား ျဖစ္လာခဲ့ပါတယ္။ ဟာသာဘာလင္အတြက္ အက်ိဳးျဖစ္ခဲ့သလို လီဗာပူးကလည္း ပြဲၾကီး အေတြ႔အၾကံဳရွိ လူငယ္တစ္ဦးကို ျပန္လည္ ပိုင္ဆိုင္သြားခဲ့ျပီျဖစ္တယ္။

Michael Preetz က ” က်ေန္ာတို႔နဲ႔ လီဗာပူးအသင္းၾကား မာကို ဂရုဂ်စ္နဲ႔ ပက္သက္တဲ့ စာခ်ဳပ္ဟာ ဇြန္လ ၃၀ ရက္ေန႔မွာ ကုန္ဆံုးမယ္ဆိုတာ ရာႏႈန္းျပည့္ ေသခ်ာပါတယ္။ သူ လီဗာပူးကို ျပန္သြားမွာျဖစ္ျပီး ကလပ္ႏွစ္သင္းၾကား ေကာင္းမြန္တဲ့ သေဘာတူညီမႈ ျဖစ္ခဲ့တယ္။

ကုန္ခဲ့တဲ့ ႏွစ္ရာသီအတြင္း ဒီအငွားေခၚယူမႈက အေကာင္းျမင္စရာေတြ ျဖစ္ခဲ့ျပီး လူတိုင္းအတြက္ သက္ေရာက္မႈၾကီးေတြ ျဖစ္ခဲ့ပါတယ္။ လီဗာပူးက သူတို႔ အငွားလႊတ္စဥ္ကထက္ ပိုျပီး အေတြ႔အၾကံဳေကာင္းေတြရွိတဲ့ ကစားသမားေကာင္းကို ပိုင္ဆိုင္သြားပါျပီ။ ဂရုဂ်စ္ဟာ အေရးၾကီးတဲ့ ပြဲေတြမွာ ပါဝင္ကစားခြင့္ ရသြားခဲ့ျပီးျပီ ျဖစ္ပါတယ္။

မာကိုနဲ႔ လက္တြဲရတဲ့ ႏွစ္ရာသီက က်ေန္ာတို႔အတြက္လည္း အက်ိဳးျဖစ္ခဲ့ပါတယ္။ မာကိုက ပင္နယ္တီ ဧရိယာ ႏွစ္ခုလံုးအတြက္ ေကာင္းမြန္တဲ့ ကစားသမား ျဖစ္ခဲ့တယ္။ သူ႔ရဲ႕ ပထမဆံုးႏွစ္က မယံုၾကည္ႏုိင္ေလာက္ေအာင္ ထူးခၽြန္ခဲ့ျပီး အခုခ်ိန္မွာေတာ့ ပံုစံေကာင္းေတြကို ရရွိေနပါတယ္။ သူက ကစားသမားေကာင္းပါ။ က်ေန္ာတို႔အတြက္ အက်ိဳးျဖစ္တဲ့ အငွားေခၚယူမႈ ျဖစ္ခ့ဲပါတယ္ ” လို႔ ေျပာဆိုသြားပါတယ္။

ဒီရာသီမွာ ဂရုဂ်စ္ဟာ ဘြန္ဒက္လီဂါပြဲ ၂၆ ပြဲ ကစားထားျပီး သြင္းဂိုး ၆ ဂိုး သြင္းယူထားပါတယ္။ ဟာသာမန္ေနဂ်ာကေတာ့ ဂရုဂ်စ္ဟာ ႏွစ္ေပါင္း ၂၀ အတြင္း ကလပ္ရဲ႕ အေကာင္းဆံုး ကြင္းလယ္လူအျဖစ္ ညႊန္းဆိုထားခဲ့ပါတယ္။