နှစ်ပေါင်း ၃၀ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို လက်ရှိမှာ လီဗာပူးက စိန်ခေါ်နိုင်ခဲ့ပြီဖြစ်ပေမယ့် ကုန်ခဲ့တဲ့ နှစ်တွေတုန်းက အရမ်းကို ခက်ခဲတဲ့ ကာလတွေ ပိုင်ဆိုင်ခဲ့ပါတယ်။
လီဗာပူးဟာ အကောင်းဆုံးအသင်းကို မတည်ဆောက်နိုင်ခဲ့ဘူး။ တည်ဆောက်နိုင်ပြန်တော့လည်း ပြိုင်ဘက်တွေကို နှားတစ်ဖျား အရေးနိမ့်နေခဲ့တယ်။ ဆုဖလားတွေကို စိန်ခေါ်ဖို့ ပိုကောင်းတဲ့အသင်းကို တည်ဆောက်ဖို့ ကြံရွယ်တိုင်းမှာ ထိပ်တန်း ကစားသမားတွေကို ဆုံးရံှူးမှုနဲ့အတူ အသစ်က ပြန်စခဲ့ရပြန်ပါတယ်။
လီဗာပူး ကစားသမားဟောင်း ကာရေဂါက ” ဘဏ္ဍာရေးမှာ ကျနေ်ာတို့က ယူနိုက်တက်၊ ချယ်ဆီးတို့ လုပ်နိုင်တာထက် အားနည်းခဲ့တယ်။ နောက်တော့ မန်စီးတီးပေါ့။ ကျနေ်ာတို့ ကောင်းမွန်တဲ့ ဘောလုံးရာသီတေါ ပိုင်ဆိုင်ခဲ့ပေမယ့် နွေမှာ ကစားသမားကောင်း ခေါ်ယူတာတွေနဲ့ ကစားသမားတွေကို နောက်ထပ် တစ်ဆင့်ကို ရောက်စေဖို့လို ကိစ္စတွေကို မလုပ်နိုင်ခဲ့ဘူး။
၂၀၀၉ တုန်းကထက် ပိုကောင်းကောင်း လုပ်နိုင်ခဲ့တာမျိုး ထပ်မရှိတော့ပါဘူး။ ကျနေ်ာတို့က ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်နိုင်အောင် ငွေသုံးပြီး နိုင်ငံခြား ကစားသမားတွေ ခေါ်ယူဖို့ ဆွဲဆောင်နိုင်ခဲ့ခြင်းလည်း မရှိဘူး။ အဲ့တုန်းကဆိုရင် လီဗာပူးက ရှိန်းမန်ဆောနဲ့ ရိုမာန် အေဘရာမိုဗစ်တို့လို သူငွေးတွေ မပိုင်ရင် အပြောင်းအလဲတွေ လုပ်နိုင်တော့မယ် မထင်ဘူးလို့ ယုံကြည်ခဲ့ကြရတယ် ” လို့ ဖွင့်ဟခဲ့တာပါ။
ယာဂင်ကလော့ပ် ရောက်လာပြီးနောက်မှာ လီဗာပူးက ဂျာမာန်သားရဲ့ အုပ်ချုပ်မှုကောင်းတွေကြောင့် အဆိုပါ အနေအထားကို ပြောင်းလဲနိုင်ခဲ့ပါတယ်။ လီဗာပူးက မန်စီးတီး၊ ချယ်ဆီးတို့လို ဘဏ္ဍာရေးအင်အားတွေ ထောက်ပံ့ပေးမှု မရပေမယ့် ကစားသမား ပျိုးထောင်မှု၊ ရောင်းချမှု၊ ပြန်လည် ခေါ်ယူမှုတွေကို အကျိုးရှိရှိ လုပ်နိုင်ခဲ့ပါတယ်။
ကလော့ပ်လက်ထက် အပြောင်မြောက်ဆုံး လုပ်ရပ်တွေထဲမှာတော့ ဆာလက်၊ မာနေး၊ ဖာမင်နို တိုက်စစ်ကို ပုံဖော်နိုင်ခဲ့ခြင်းနဲ့ ကော်တင်ညိုကို ရောင်းထုတ်ပြီး ဗန်ဒိုက်နဲ့ အယ်လီဆန်လို ကမ္ဘာအဆင့်တွေ ခေါ်ယူနိုင်ခဲ့ခြင်းက အဓိက ကျခဲ့တယ်။ နောက်ပြီး ထရန့်ကို အကယ်ဒမီကနေ စင်တင်ခဲ့ကာ ရော်ဘတ်ဆန်ကို ရှာဖွေနိုင်မှုကလည်း အထင်ကြီးစရာ ဖြစ်ခဲ့ပါတယ်။
ကာရေဂါက ” ငွေကြေးဆိုင်ရာ ပံ့ပိုးမှုတွေ မရပါဘဲ ကလော့ပ်က အခြေအနေတွေကို ပြောင်းလဲပစ်ခဲ့တယ်။ လီဗာပူးအသင်းကို ကလော့ပ် တည်ဆောက်ပြခဲ့တာက သာမာန် ပါရမီထူးတဲ့ ကိစ္စမျိုး မဟုတ်ပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ZAWGYI
ႏွစ္ေပါင္း ၃၀ ေဝးကြာေနတဲ့ အမွတ္ေပးဖလားကို လက္ရွိမွာ လီဗာပူးက စိန္ေခၚႏုိင္ခဲ့ျပီျဖစ္ေပမယ့္ ကုန္ခဲ့တဲ့ ႏွစ္ေတြတုန္းက အရမ္းကို ခက္ခဲတဲ့ ကာလေတြ ပိုင္ဆိုင္ခဲ့ပါတယ္။
လီဗာပူးဟာ အေကာင္းဆံုးအသင္းကို မတည္ေဆာက္ႏုိင္ခဲ့ဘူး။ တည္ေဆာက္ႏုိင္ျပန္ေတာ့လည္း ျပိဳင္ဘက္ေတြကို ႏွားတစ္ဖ်ား အေရးနိမ့္ေနခဲ့တယ္။ ဆုဖလားေတြကို စိန္ေခၚဖို႔ ပိုေကာင္းတဲ့အသင္းကို တည္ေဆာက္ဖို႔ ၾကံရြယ္တိုင္းမွာ ထိပ္တန္း ကစားသမားေတြကို ဆံုးရံွဴးမႈနဲ႔အတူ အသစ္က ျပန္စခဲ့ရျပန္ပါတယ္။
လီဗာပူး ကစားသမားေဟာင္း ကာေရဂါက ” ဘ႑ာေရးမွာ က်ေန္ာတုိ႔က ယူႏုိက္တက္၊ ခ်ယ္ဆီးတို႔ လုပ္ႏုိင္တာထက္ အားနည္းခဲ့တယ္။ ေနာက္ေတာ့ မန္စီးတီးေပါ့။ က်ေန္ာတို႔ ေကာင္းမြန္တဲ့ ေဘာလံုးရာသီေတါ ပိုင္ဆိုင္ခဲ့ေပမယ့္ ေႏြမွာ ကစားသမားေကာင္း ေခၚယူတာေတြနဲ႔ ကစားသမားေတြကို ေနာက္ထပ္ တစ္ဆင့္ကို ေရာက္ေစဖို႔လို ကိစၥေတြကို မလုပ္ႏုိင္ခဲ့ဘူး။
၂၀၀၉ တုန္းကထက္ ပိုေကာင္းေကာင္း လုပ္ႏုိင္ခဲ့တာမ်ိဳး ထပ္မရွိေတာ့ပါဘူး။ က်ေန္ာတို႔က ျပိဳင္ဘက္ေတြနဲ႔ ယွဥ္ျပိဳင္ႏုိုင္ေအာင္ ေငြသံုးျပီး ႏုိင္ငံျခား ကစားသမားေတြ ေခၚယူဖို႔ ဆြဲေဆာင္ႏုိင္ခဲ့ျခင္းလည္း မရွိဘူး။ အဲ့တုန္းကဆိုရင္ လီဗာပူးက ရွိန္းမန္ေဆာနဲ႔ ရိုမာန္ ေအဘရာမိုဗစ္တို႔လို သူေငြးေတြ မပိုင္ရင္ အေျပာင္းအလဲေတြ လုပ္ႏုိင္ေတာ့မယ္ မထင္ဘူးလို႔ ယံုၾကည္ခဲ့ၾကရတယ္ ” လို႔ ဖြင့္ဟခဲ့တာပါ။
ယာဂင္ကေလာ့ပ္ ေရာက္လာျပီးေနာက္မွာ လီဗာပူးက ဂ်ာမာန္သားရဲ႕ အုပ္ခ်ဳပ္မႈေကာင္းေတြေၾကာင့္ အဆိုပါ အေနအထားကို ေျပာင္းလဲႏုိင္ခဲ့ပါတယ္။ လီဗာပူးက မန္စီးတီး၊ ခ်ယ္ဆီးတို႔လို ဘ႑ာေရးအင္အားေတြ ေထာက္ပံ့ေပးမႈ မရေပမယ့္ ကစားသမား ပ်ိဳးေထာင္မႈ၊ ေရာင္းခ်မႈ၊ ျပန္လည္ ေခၚယူမႈေတြကို အက်ိဳးရွိရွိ လုပ္ႏုိင္ခဲ့ပါတယ္။
ကေလာ့ပ္လက္ထက္ အေျပာင္ေျမာက္ဆံုး လုပ္ရပ္ေတြထဲမွာေတာ့ ဆာလက္၊ မာေနး၊ ဖာမင္ႏို တိုက္စစ္ကို ပံုေဖာ္ႏုိင္ခဲ့ျခင္းနဲ႔ ေကာ္တင္ညိဳကို ေရာင္းထုတ္ျပီး ဗန္ဒိုက္နဲ႔ အယ္လီဆန္လို ကမၻာအဆင့္ေတြ ေခၚယူႏုိင္ခဲ့ျခင္းက အဓိက က်ခဲ့တယ္။ ေနာက္ျပီး ထရန္႔ကို အကယ္ဒမီကေန စင္တင္ခဲ့ကာ ေရာ္ဘတ္ဆန္ကို ရွာေဖြႏုိင္မႈကလည္း အထင္ၾကီးစရာ ျဖစ္ခဲ့ပါတယ္။
ကာေရဂါက ” ေငြေၾကးဆိုင္ရာ ပံ့ပိုးမႈေတြ မရပါဘဲ ကေလာ့ပ္က အေျခအေနေတြကို ေျပာင္းလဲပစ္ခဲ့တယ္။ လီဗာပူးအသင္းကို ကေလာ့ပ္ တည္ေဆာက္ျပခဲ့တာက သာမာန္ ပါရမီထူးတဲ့ ကိစၥမ်ိဳး မဟုတ္ပါဘူး ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။