ကာရေဂါက ” ငွေကြေးဆိုင်ရာ ပံ့ပိုးမှုတွေ မရပါဘဲ ကလော့ပ်က အခြေအနေတွေကို ပြောင်းလဲပစ်ခဲ့တယ်။ လီဗာပူးအသင်းကို ကလော့ပ် တည်ဆောက်ပြခဲ့တာက သာမာန် ပါရမီထူးတဲ့ ကိစ္စမျိုး မဟုတ်ပါဘူး ” လို့ မန်စီးတီး၊ ချယ်ဆီးတို့နဲ့ နှိုင်းယှဉ်ပြီး ချီးကျူး ပြောဆိုလိုက်ပါတယ်။
အင်စတာဂရမ်မှာတော့ ကော်တင်ညိုက လုပ်ခလျော့ယူပြီး လီဗာပူးကို ပြန်လာလိုတယ်ဆိုပြီး ကလော့ပ်ကို ပြောခဲ့တယ် ဆိုတဲ့ သတင်းကို လီဗာပူးတိုက်စစ်မှူး ဖာမင်နိုက Like ပေးသွားခဲ့ပါတယ်။
ဟာသာဘာလင် အားကစားဒါရိုက်တာဖြစ်သူ Michael Preetz က ၎င်းတို့ဟာ လီဗာပူးကစားသမား ဂရုဂျစ်ကို အငှားခေါ်ခွင့်ရလိုက်တာ အားလုံးအတွက် အဆင်ပြေတဲ့ ကိစ္စဖြစ်ခဲ့ပြီး ဟာသာဘာလင်အတွက် အကျိုးဖြစ်ခဲ့သလို လီဗာပူးကလည်း ပွဲကြီး အတွေ့အကြုံရှိ လူငယ်တစ်ဦးကို ပြန်လည် ပိုင်ဆိုင်သွားခဲ့ပြီလို့ ထုတ်ဖော် ပြောဆိုပါတယ်။
လီဗာပူးအသင်းဟာ အယ်လီဆန်လို တည်ငြိမ်တဲ့ ဂိုးသမားကို ခေါ်ယူနိုင်ခဲ့လို့ ပိုကောင်းလာခဲ့ပြီး ဘရာဇီး တိုက်စစ်သမားက ဒီရာသီ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆု ရသင့်သူလို့ နဗီးက ပြောဆိုပါတယ်။
လီဗာပူးအသင်းက ဘွန်ဒက်လီဂါကလပ် မိန့်အသင်းကို အငှားချထားတဲ့ တိုက်စစ်သမား တိုင်ဝို အယ်ဝန်နီယီဟာ တနင်္ဂနွေနေ့က အော့ဘတ်ကို ၁-၀ နဲ့ အရေးနိမ့်တဲ့ပွဲမှာ ခေါင်းဒဏ်ရာရခဲ့တာကြောင့် အရေးပေါ် ဆေးရုံပို့ခဲ့ရပါတယ်။ လက်ရှိမှာတော့ အခြေအနေ ကောင်းနေပါတယ်။
လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က သူနဲ့ မန်နေဂျာကလော့ပ်တို့ဟာ ဘောလုံးပွဲတွေ ပြန်စတင်ရင် ကွင်းထဲမှာ မဆဲမိအောင် မနည်း ကြိုးစား ထိန်းရတော့မှာဖြစ်ပြီး မဟုတ်ရင် တစ်ကမ္ဘာလုံးက သူတို့ရဲ့ အဆဲကြမ်းမှုကို သိကုန်ကြမယ်လို့ ဝန်ခံစကား ပြောဆိုလိုက်ပါတယ်။
လီဗာပူး အသင်းခေါင်ဆောင်ဟောင်း ဂရေမီ ဆောင်းနက်က လက်ရှိ လီဗာပူးဟာ နားလည်ရခက်တဲ့ ခြေလှမ်းတွေကို လှမ်းပေမယ့် အခုချိန်ထိတော့ လုပ်ဆောင်မှုတွေ ကောင်းနေဆဲပါလို့ သုံးသပ်သွားပါတယ်။
ခံစစ်သမား ထရန့် အလက်စန္ဒား-အာနိုးက ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ လက်ကျန်ပွဲတွေကို ပြန်စတင်ရင် သူ့ရဲ့ စံချိန်ဟောင်းဖြစ်တဲ့ ခံစစ်သမားတွေထဲမှာ တစ်ရာသီ ဂိုးထောက်ပံ့မှု ၁၂ ကြိမ်ဖြင့် အမြင့်ဆုံး တင်ထားမှုကို ချိုးဖျက်ဖို့ ရည်မှန်းနေပါကြောင်း လီဗာပူးအသင်းဝဘ်ဆိုဒ်ကနေ ဖော်ပြသွားပါတယ်။
လီဗာပူးကစားသမားဟောင်းကြီး နီကိုးကဆိုရင် ” ကော်တင်ညိုကို ပြန်ခေါ်ဖို့ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ မဖြစ်နိုင်စရာ အကြောင်းတစ်ချက်တောင် မစဉ်းစားနိုင်ဘူး။ သူ ထူးချွန်ခဲ့တဲ့ တစ်ခုတည်းသော နေရာက လီဗာပူးပဲ။ သူက လီဗာပူးကိုချစ်တယ်၊ လီဗာပူးကလည်း သူ့ကိုချစ်တယ်။ အကယ်လို့ လျော့ဈေးနဲ့ဆိုရင် မှန်ကန်တဲ့ ဈေးနှုန်းနဲ့ဆိုရင် သူ့ကို ခေါ်ယူဖို့က ဖြစ်နိုင်ပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။
ZAWGYI
ကာေရဂါက ” ေငြေၾကးဆိုင္ရာ ပံ့ပိုးမႈေတြ မရပါဘဲ ကေလာ့ပ္က အေျခအေနေတြကို ေျပာင္းလဲပစ္ခဲ့တယ္။ လီဗာပူးအသင္းကို ကေလာ့ပ္ တည္ေဆာက္ျပခဲ့တာက သာမာန္ ပါရမီထူးတဲ့ ကိစၥမ်ိဳး မဟုတ္ပါဘူး ” လို႔ မန္စီးတီး၊ ခ်ယ္ဆီးတို႔နဲ႔ ႏိႈင္းယွဥ္ျပီး ခ်ီးက်ဴး ေျပာဆိုလိုက္ပါတယ္။
အင္စတာဂရမ္မွာေတာ့ ေကာ္တင္ညိဳက လုပ္ခေလ်ာ့ယူျပီး လီဗာပူးကို ျပန္လာလိုတယ္ဆိုျပီး ကေလာ့ပ္ကို ေျပာခဲ့တယ္ ဆိုတဲ့ သတင္းကို လီဗာပူးတိုက္စစ္မွဴး ဖာမင္ႏိုက Like ေပးသြားခဲ့ပါတယ္။
လီဗာပူးအသင္းဟာ အယ္လီဆန္လို တည္ျငိမ္တဲ့ ဂိုးသမားကို ေခၚယူႏုိင္ခဲ့လို႔ ပိုေကာင္းလာခဲ့ျပီး ဘရာဇီး တိုက္စစ္သမားက ဒီရာသီ ပရီးမီးယားလိဂ္ အေကာင္းဆံုး ကစားသမားဆု ရသင့္သူလို႔ နဗီးက ေျပာဆိုပါတယ္။
ဟာသာဘာလင္ အားကစားဒါရိုက္တာျဖစ္သူ Michael Preetz က ၄င္းတို႔ဟာ လီဗာပူးကစားသမား ဂရုဂ်စ္ကို အငွားေခၚခြင့္ရလိုက္တာ အားလံုးအတြက္ အဆင္ေျပတဲ့ ကိစၥျဖစ္ခဲ့ျပီး ဟာသာဘာလင္အတြက္ အက်ိဳးျဖစ္ခဲ့သလို လီဗာပူးကလည္း ပြဲၾကီး အေတြ႔အၾကံဳရွိ လူငယ္တစ္ဦးကို ျပန္လည္ ပိုင္ဆိုင္သြားခဲ့ျပီလို႔ ထုတ္ေဖာ္ ေျပာဆိုပါတယ္။
လီဗာပူးအသင္းက ဘြန္ဒက္လီဂါကလပ္ မိန္႔အသင္းကို အငွားခ်ထားတဲ့ တိုက္စစ္သမား တိုင္ဝို အယ္ဝန္နီယီဟာ တနဂၤေႏြေန႔က ေအာ့ဘတ္ကို ၁-၀ နဲ႔ အေရးနိမ့္တဲ့ပြဲမွာ ေခါင္းဒဏ္ရာရခဲ့တာေၾကာင့္ အေရးေပၚ ေဆးရံုပို႔ခဲ့ရပါတယ္။ လက္ရွိမွာေတာ့ အေျခအေန ေကာင္းေနပါတယ္။
လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က သူနဲ႔ မန္ေနဂ်ာကေလာ့ပ္တို႔ဟာ ေဘာလံုးပြဲေတြ ျပန္စတင္ရင္ ကြင္းထဲမွာ မဆဲမိေအာင္ မနည္း ၾကိဳးစား ထိန္းရေတာ့မွာျဖစ္ျပီး မဟုတ္ရင္ တစ္ကမၻာလံုးက သူတို႔ရဲ႕ အဆဲၾကမ္းမႈကို သိကုန္ၾကမယ္လို႔ ဝန္ခံစကား ေျပာဆိုလိုက္ပါတယ္။
လီဗာပူး အသင္းေခါင္ေဆာင္ေဟာင္း ဂေရမီ ေဆာင္းနက္က လက္ရွိ လီဗာပူးဟာ နားလည္ရခက္တဲ့ ေျခလွမ္းေတြကို လွမ္းေပမယ့္ အခုခ်ိန္ထိေတာ့ လုပ္ေဆာင္မႈေတြ ေကာင္းေနဆဲပါလို႔ သံုးသပ္သြားပါတယ္။
ခံစစ္သမား ထရန္႔ အလက္စႏၵား-အာႏိုးက ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီ လက္က်န္ပြဲေတြကို ျပန္စတင္ရင္ သူ႔ရဲ႕ စံခ်ိန္ေဟာင္းျဖစ္တဲ့ ခံစစ္သမားေတြထဲမွာ တစ္ရာသီ ဂိုးေထာက္ပံ့မႈ ၁၂ ၾကိမ္ျဖင့္ အျမင့္ဆံုး တင္ထားမႈကို ခ်ိဳးဖ်က္ဖို႔ ရည္မွန္းေနပါေၾကာင္း လီဗာပူးအသင္းဝဘ္ဆိုဒ္ကေန ေဖာ္ျပသြားပါတယ္။
လီဗာပူးကစားသမားေဟာင္းၾကီး နီကိုးကဆိုရင္ ” ေကာ္တင္ညိဳကို ျပန္ေခၚဖို႔ ဘာလို႔ မျဖစ္ႏုိင္ရမွာလဲ။ မျဖစ္ႏုိင္စရာ အေၾကာင္းတစ္ခ်က္ေတာင္ မစဥ္းစားႏုိင္ဘူး။ သူ ထူးခၽြန္ခဲ့တဲ့ တစ္ခုတည္းေသာ ေနရာက လီဗာပူးပဲ။ သူက လီဗာပူးကိုခ်စ္တယ္၊ လီဗာပူးကလည္း သူ႔ကိုခ်စ္တယ္။ အကယ္လို႔ ေလ်ာ့ေစ်းနဲ႔ဆိုရင္ မွန္ကန္တဲ့ ေစ်းႏႈန္းနဲ႔ဆိုရင္ သူ႔ကို ေခၚယူဖို႔က ျဖစ္ႏုိင္ပါတယ္ ” လို႔ ဆိုသြားခဲ့ပါတယ္။