မန်နေဂျာကလော့ပ်က ကမ္ဘာအကောင်းဆုံး အိမ်ကွင်းပရိသတ်တွေကို အိမ်တွင်းအောင် ပရိသတ်တွေ ဖြစ်ခြင်းနဲ့အတူ လီဗာပူးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေးအား ကူညီပေးကြဖို့ တောင်းဆိုထားပါတယ်။
၁၉၉၇ ခုနှစ်မှာ အန်ဖီးကွင်းအတွင်း လက်စတာကို ၁-၀ နဲ့ အရေးနိမ့်တဲ့ ပွဲကတည်းက အိမ်ကွင်းပွဲ အားလုံးကို တက်ရောက်ခွင့်ရထားတဲ့ Neil Brophy ကတော့ မန်နေဂျာစကားကို နားထောင်ပြီး အိမ်နီးနားချင်းတွေနဲ့လည်း အဆင်ပြေမယ့် နည်းလမ်းတစ်ခုကို ရှာဖွေထားပါတယ်။
Neil Brophy က ပြောရာမှာ ” ကျနော်မှာ ပရိုဂျက်တာစက်နဲ့ ပိတ်ကားကြီးတစ်ခုရှိပါတယ်။ အဲ့တာကို အသုံးပြုပြီး ဥယာဉ်ထဲမှာ ဘော်ဒါတွေနဲ့ အတူ ကြည့်ပါမယ်။ ကားဂိုးထောင် ထပ်ခိုးမှာ ပရိုဂျက်တာတပ်ပြီး ဂိုးထောင်ထဲ ကြည့်လည်း ရပါတယ်။ ကြည့်ရတာ အခြားသူတွေလည်း ကျနေ်ာလို အကြံရှိပုံရပါတယ်။ ပရိုဂျက်တာတွေ ဝယ်လို့တောင် မရတော့ပါဘူး။ ” လို့ဆိုတယ်။
လီဗာပူးကို ဘဝတစ်လျှောက်လုံး အားပေးခဲ့တဲ့ Paul Karisa ကတော့ ” ကျနော်မှာ အရင် ၁၃ နှစ် ၁၄ နှစ်ထဲက ရထားတဲ့ ဖန်းကဒ် ရှိပါတယ်။ ပထမဆုံးပွဲကတော့ ၁၉၉၀ ခုနှစ်တုန်းက ပွဲဖြစ်တယ်။ ရီးရဲလ်ဆိုစီဒက်နဲ့ ယှဉ်ပြိုင်တဲ့ ကင်းကင်နီရဲ့ ပွဲတုန်းကလည်း ကျနော် ရှိခဲ့တယ်။ လက်မှတ်မရရင် အိမ်မှာပဲ ပွဲတွေ ကြည့်လေရှိပါတယ်။ ဒီရာသီ မဟုတ်လည်း နောက်ရာသီ ကြည့်ရမှာပါ။ ဒီအသင်းက ဘယ်ကိုမှလည်း ထွက်သွားလို့ မရပါဘူး ” လို့ ပြောပါတယ်။
၁၉၉၈ ခုနှစ်နောက်ပိုင်း ကလပ်ရဲ့ တစ်ရာသီလက်မှတ်ကို အမြဲတမ်း ကိုင်ဆောင်ထားတဲ့ Chris Allan က ” ပွဲမတိုင်ခင် အကြို တွေ့ဆုံမှုကို ဘုရားကြောင်းမှာ လုပ်လေ့ရှိတယ်။ Kop ပွဲကြည့်စင်ထောင့်မှာ ရပ်ပြီး ဒုတိယပိုင်းမှာ Carlsberg ကို သောက်လေ့ရှိတယ်။ အခုတော့ အဲ့လို လုပ်ခွင့်မရတော့ဘူးပေါ့။ အသင်း ချန်ပီယံဖြစ်တဲ့ အခိုက်အတန့်အတွက် ကျနေ်ာတို့က ငွေကြေးများစွာ အကုန်အကျခံပြီး စောင့်ကြည့်လာရတာပါ။ အခုတော့ အခြားသော မိသားစုဝင်တွေနဲ့ အကင်လေးစား ဘီယာလေးသောက် ခပ်ခွာခွာနေပြီး ကြည့်ရမှာပေါ့ ” လို့ ဆိုခဲ့တယ်။
သူတို့အားလုံး တူညီစွာ လုပ်မှာကတော့ ပွဲမစခင်မှာ ကလပ်ရဲ့ YNWA သီချင်းကို တီဆိုကြဖို့ဖြစ်ပြီး အသင်းကို အန်ဖီးကွင်းမှာ အားပေးသလိုပဲ နေအိမ်တွေကပဲ လှိုက်လှိုင်လှဲလှဲ အားပေးကြမယ်လို့ မာဆေးဆိုဒ် သတင်းဌာနကို ဖွင်ဟသွားကြပါတယ်။
ZAWGYI
မန္ေနဂ်ာကေလာ့ပ္က ကမၻာအေကာင္းဆံုး အိမ္ကြင္းပရိသတ္ေတြကို အိမ္တြင္းေအာင္ ပရိသတ္ေတြ ျဖစ္ျခင္းနဲ႔အတူ လီဗာပူးအသင္း ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေရးအား ကူညီေပးၾကဖို႔ ေတာင္းဆိုထားပါတယ္။
၁၉၉၇ ခုႏွစ္မွာ အန္ဖီးကြင္းအတြင္း လက္စတာကို ၁-၀ နဲ႔ အေရးနိမ့္တဲ့ ပြဲကတည္းက အိမ္ကြင္းပြဲ အားလံုးကို တက္ေရာက္ခြင့္ရထားတဲ့ Neil Brophy ကေတာ့ မန္ေနဂ်ာစကားကို နားေထာင္ျပီး အိမ္နီးနားခ်င္းေတြနဲ႔လည္း အဆင္ေျပမယ့္ နည္းလမ္းတစ္ခုကို ရွာေဖြထားပါတယ္။
Neil Brophy က ေျပာရာမွာ ” က်ေနာ္မွာ ပရိုဂ်က္တာစက္နဲ႔ ပိတ္ကားၾကီးတစ္ခုရွိပါတယ္။ အဲ့တာကို အသံုးျပဳျပီး ဥယာဥ္ထဲမွာ ေဘာ္ဒါေတြနဲ႔ အတူ ၾကည့္ပါမယ္။ ကားဂိုးေထာင္ ထပ္ခိုးမွာ ပရိုဂ်က္တာတပ္ျပီး ဂိုးေထာင္ထဲ ၾကည့္လည္း ရပါတယ္။ ၾကည့္ရတာ အျခားသူေတြလည္း က်ေန္ာလို အၾကံရွိပံုရပါတယ္။ ပရိုဂ်က္တာေတြ ဝယ္လို႔ေတာင္ မရေတာ့ပါဘူး။ ” လို႔ဆိုတယ္။
လီဗာပူးကို ဘဝတစ္ေလွ်ာက္လုံး အားေပးခဲ့တဲ့ Paul Karisa ကေတာ့ ” က်ေနာ္မွာ အရင္ ၁၃ ႏွစ္ ၁၄ ႏွစ္ထဲက ရထားတဲ့ ဖန္းကဒ္ ရွိပါတယ္။ ပထမဆံုးပြဲကေတာ့ ၁၉၉၀ ခုႏွစ္တုန္းက ပြဲျဖစ္တယ္။ ရီးရဲလ္ဆိုစီဒက္နဲ႔ ယွဥ္ျပိဳင္တဲ့ ကင္းကင္နီရဲ႕ ပြဲတုန္းကလည္း က်ေနာ္ ရွိခဲ့တယ္။ လက္မွတ္မရရင္ အိမ္မွာပဲ ပြဲေတြ ၾကည့္ေလရွိပါတယ္။ ဒီရာသီ မဟုတ္လည္း ေနာက္ရာသီ ၾကည့္ရမွာပါ။ ဒီအသင္းက ဘယ္ကိုမွလည္း ထြက္သြားလို႔ မရပါဘူး ” လို႔ ေျပာပါတယ္။
၁၉၉၈ ခုႏွစ္ေနာက္ပိုင္း ကလပ္ရဲ႕ တစ္ရာသီလက္မွတ္ကို အျမဲတမ္း ကိုင္ေဆာင္ထားတဲ့ Chris Allan က ” ပြဲမတိုင္ခင္ အၾကိဳ ေတြ႔ဆံုမႈကို ဘုရားေၾကာင္းမွာ လုပ္ေလ့ရွိတယ္။ Kop ပြဲၾကည့္စင္ေထာင့္မွာ ရပ္ျပီး ဒုတိယပိုင္းမွာ Carlsberg ကို ေသာက္ေလ့ရွိတယ္။ အခုေတာ့ အဲ့လို လုပ္ခြင့္မရေတာ့ဘူးေပါ့။ အသင္း ခ်န္ပီယံျဖစ္တဲ့ အခိုက္အတန္႔အတြက္ က်ေန္ာတို႔က ေငြေၾကးမ်ားစြာ အကုန္အက်ခံျပီး ေစာင့္ၾကည့္လာရတာပါ။ အခုေတာ့ အျခားေသာ မိသားစုဝင္ေတြနဲ႔ အကင္ေလးစား ဘီယာေလးေသာက္ ခပ္ခြာခြာေနျပီး ၾကည့္ရမွာေပါ့ ” လို႔ ဆိုခဲ့တယ္။
သူတို႔အားလံုး တူညီစြာ လုပ္မွာကေတာ့ ပြဲမစခင္မွာ ကလပ္ရဲ႕ YNWA သီခ်င္းကို တီဆိုၾကဖို႔ျဖစ္ျပီး အသင္းကို အန္ဖီးကြင္းမွာ အားေပးသလိုပဲ ေနအိမ္ေတြကပဲ လိႈက္လိႈင္လွဲလွဲ အားေပးၾကမယ္လို႔ မာေဆးဆိုဒ္ သတင္းဌာနကို ဖြင္ဟသြားၾကပါတယ္။