ပရီးမီးယားလိဂ် အသင်းတွေဟာ ဘောလုံးပွဲ ပြန်လည် စတင်တဲ့အခါ အိမ်ကွင်းပွဲတွေမှာ မိမိ ပရိသတ်တွေ နေအိမ်ကနေ အားပေးနေကြတဲ့ ဗီဒီယိုတွေကို ပိတ်ကားကြီးတွေဖြင့် ဖော်ပြသွားမှာဖြစ်ပါတယ်။

လက်တလောမှာ အဆိုပါကိစ္စကို အမြန်ဆုံး ညိနှိုင်းနေကြပြီး ဥမင်ထဲမှာ ကင်မရာတပ်ခြင်းကိစ္စ၊ ခေါင်းပန်းလှည့်မှုတွေမှာ အသံဖမ်းစက် ထားဖို့လို ကိစ္စတွေကိုလည်း ရှေ့တိုး လုပ်ဆောင်နေပြီဖြစ်တယ်။ အချို့သော ကြည့်ရှုသူတွေကတော့ ပွဲကို ပရိသတ် အသံတု ဗားရှင်းပြောင်းပြီး ကြည့်ရှုခွင့်ရမှာဖြစ်ကာ မပြောင်းပဲလည်း ကြည့်ခွင့်ရမှာဖြစ်တယ်။

ကွင်းပိတ်ပွဲတွေမှာ ကစားသမားတွေကတော့ ပရိသတ်တွေလို အထူးပြုလုပ်ထားတဲ့ အသံတုတွေကို ကြားခွင့်မရှိဘဲ ပကတိ ကွင်းပိတ်ပွဲကိုပဲ ယှဉ်ပြိုင်ကစားခွင့်ရပါမယ်။ ကွင်းအနီးနားက ထိုင်ခုံတွေမှာတော့ အသံနဲ့ မြင်ကွင်းတွေကို ပိုကောင်းစေဖို့ ရည်ရွယ်ပုံဖော်ထားတဲ့ ကိစ္စတွေကိုလည်း လုပ်ဆောင်သွားပါမယ်။

အရေးပါတဲ့ အစီအစဉ်အဖြစ် ပရီးမီးယားလိဂ်ဟာ ကလပ် ၁၆ သင်းမှ ပရိသတ်တွေနဲ့အတူ နေအိမ်တွေမှာ ၎င်းတို့ရဲ့ အားပေးနေပုံတွေကို ကွင်းထဲက ကစားသမားတွေ မြင်ခွင့်ရဖို့ အထူး ပိတ်ကားကြီးတွေဖြင့် ပြသသွားဖို့ရာ ရုပ်သံလွှင့်ဌာနတွေနဲ့ ညိနှိုင်းနေတယ်။ စပါးအသင်းကတော့ ယူနိုက်တက်ကို ရင်ဆိုင်မယ့်ပွဲမှာ အဆိုပါ ပိတ်ကားတွေကို စတင် မိတ်ဆက်ပါမယ်။

လီဗာပူးအိမ်ကွင်းဖြစ်တဲ့ အန်ဖီးကွင်းကတော့ အစတည်းက ကွင်းထဲမှာ စခရင်ကြီး မရှိသလို ယာယီ ပိတ်ကားတွေ ထည့်သွင်းခြင်းဖြင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို ကွင်းထဲက ကစားသမားတွေ မြင်အောင် လုပ်ဖို့ အစီအစဉ် မရှိဘူးလို့ သိရပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ အသင္းေတြဟာ ေဘာလံုးပြဲ ျပန္လည္ စတင္တဲ့အခါ အိမ္ကြင္းပြဲေတြမွာ မိမိ ပရိသတ္ေတြ ေနအိမ္ကေန အားေပးေနၾကတဲ့ ဗီဒီယိုေတြကို ပိတ္ကားၾကီးေတြျဖင့္ ေဖာ္ျပသြားမွာျဖစ္ပါတယ္။

လက္တေလာမွာ အဆိုပါကိစၥကို အျမန္ဆံုး ညိႏိႈင္းေနၾကျပီး ဥမင္ထဲမွာ ကင္မရာတပ္ျခင္းကိစၥ၊ ေခါင္းပန္းလွည့္မႈေတြမွာ အသံဖမ္းစက္ ထားဖို႔လို ကိစၥေတြကိုလည္း ေရွ႔တိုး လုပ္ေဆာင္ေနျပီျဖစ္တယ္။ အခ်ိဳ႔ေသာ ၾကည့္ရႈသူေတြကေတာ့ ပြဲကို ပရိသတ္ အသံတု ဗားရွင္းေျပာင္းျပီး ၾကည့္ရႈခြင့္ရမွာျဖစ္ကာ မေျပာင္းပဲလည္း ၾကည့္ခြင့္ရမွာျဖစ္တယ္။

ကြင္းပိတ္ပြဲေတြမွာ ကစားသမားေတြကေတာ့ ပရိသတ္ေတြလို အထူးျပဳလုပ္ထားတဲ့ အသံတုေတြကို ၾကားခြင့္မရွိဘဲ ပကတိ ကြင္းပိတ္ပြဲကိုပဲ ယွဥ္ျပိဳင္ကစားခြင့္ရပါမယ္။ ကြင္းအနီးနားက ထိုင္ခံုေတြမွာေတာ့ အသံနဲ႔ ျမင္ကြင္းေတြကို ပိုေကာင္းေစဖို႔ ရည္ရြယ္ပံုေဖာ္ထားတဲ့ ကိစၥေတြကိုလည္း လုပ္ေဆာင္သြားပါမယ္။

အေရးပါတဲ့ အစီအစဥ္အျဖစ္ ပရီးမီးယားလိဂ္ဟာ ကလပ္ ၁၆ သင္းမွ ပရိသတ္ေတြနဲ႔အတူ ေနအိမ္ေတြမွာ ၄င္းတို႔ရဲ႕ အားေပးေနပံုေတြကို ကြင္းထဲက ကစားသမားေတြ ျမင္ခြင့္ရဖို႔ အထူး ပိတ္ကားၾကီးေတြျဖင့္ ျပသသြားဖို႔ရာ ရုပ္သံလႊင့္ဌာနေတြနဲ႔ ညိႏိႈင္းေနတယ္။ စပါးအသင္းကေတာ့ ယူႏုိက္တက္ကို ရင္ဆုိင္မယ့္ပြဲမွာ အဆိုပါ ပိတ္ကားေတြကို စတင္ မိတ္ဆက္ပါမယ္။

လီဗာပူးအိမ္ကြင္းျဖစ္တဲ့ အန္ဖီးကြင္းကေတာ့ အစတည္းက ကြင္းထဲမွာ စခရင္ၾကီး မရွိသလို ယာယီ ပိတ္ကားေတြ ထည့္သြင္းျခင္းျဖင့္ ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို ကြင္းထဲက ကစားသမားေတြ ျမင္ေအာင္ လုပ္ဖို႔ အစီအစဥ္ မရွိဘူးလို႔ သိရပါတယ္။