လီဗာပူးအသင်းဟာ ကွင်းပိတ်ကစားရမယ့် အနေအထားတွေကို ကိုယ်ပိုင် အစီအစဉ်တွေနဲ့အတူ ကလပ်ရဲ့ အစဉ်အလာကို ထိန်းသိမ်းဖို့အတွက်ကော ကွင်းထဲက ကစားသမားတွေအတွက် အားသာချက် ရဖို့ကိုပါ စီစဉ်နေပါတယ်။
လီဗာပူးအသင်းဟာ ပွဲစတဲ့နေ့မှာ ကစားသမားတွေ ကွင်းထဲ ဝင်လာခဲ့ရင် ပုံမှန် ဖွင့်နေကျ You’ll Never Walk Alone သီချင်းကို ဖွင့်မှာဖြစ်ပါတယ်။ နောက်ပြီး ကလပ်ရဲ့ ကျော်ကြားတဲ့ အလံတွေ၊ သရုပ်ဖော် ပိတ်ကားတွေကို ပွဲကြည့်စင်တွေမှာ တပ်ဆင်ထားမှုနဲ့အတူ ကလပ်ရဲ့ အရောင်နဲ့ ပြင်းပြမှုတွေကို ပြသသွားဖို့ ရှိပါတယ်။
ပရိသတ် တစ်ဦးမှ ရှိမှာ မဟုတ်ပေမယ့်လည်း ပုံမှန် အန်ဖီးကွင်း အနေအထားနဲ့ ကလပ်ရဲ့ သမိုင်းကြောင်းကို ပြသနိုင်ဖို့ လီဗာပူးက ရည်ရွယ်တယ်။ ဖြစ်နိုင်တာကတော့ ထိုင်ခုံဗလာ ဟင်းလင်းတွေမှာ လီဗာပူးပရိသတ်တွေဟာ အလံတွေ၊ ပိတ်ကားတွေကို ချထားမယ့် အနေအထားဖြစ်ပါတယ်။
လီဗာပူးပရိသတ်တွေ အခုလို လုပ်ရမယ့် အကြောင်းရင်းကလည်း ရှိနေပါတယ်။ ပထမဆုံး ပြန်ကစားရမယ့် အန်ဖီးကွင်းက ပဲလေစ့်နဲ့ပွဲမှာ လီဗာပူးရဲ့ ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မယ့်ပွဲ ဖြစ်သွားနိုင်ပါတယ်။ နောက်ပြီး ဒါဟာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် အမှတ်ပေးဖလား ပြန်အနိုင်ရစေမယ့်ပွဲ ဖြစ်ပါတယ်။
ကွင်းအောက်ခြေက ကစားကွင်းနဲ့ နီးတဲ့ ထိုင်ခုံတွေမှာတော့ ကလပ်ကို အမာခံ အားပေးကြတဲ့ ဒေသခံ ပရိသတ်တွေရဲ့ ပုံရိပ်တွေ ဂုဏ်ပြုထိုက်တဲ့ ပရိသတ်တွေရဲ့ ပုံရိပ်တွေကို ထည့်သွင်းသွားဖို့ ပြင်ဆင်ထားတယ်။ အထူးသဖြင့် ကျော်ကြားလှတဲ့ အန်ဖီးရဲ့ ပုံရိပ်ကို လူမရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တိမ်ငယ်မနေစေဖို့ တတ်နိုင်သလောက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ဘက်ကတော့ ဂိုးသွင်းယူခြင်းလို အရေးပါတဲ့ အခိုက်အတန့်တွေမှာ ပရိသတ်တွေရဲ့ သီချင်းဆိုသံတွေ၊ အားပေးသံတွေကို ဖွင့်ခွင့်ပေးထားပါတယ်။ နောက်ပြီး လူစားလဲမှုလို အရေးပါတဲ့ အခိုက်အတန်တွေမှာဖြစ်တယ်။ လီဗာပူးအသင်းဘက်ကတော့ ကွင်းထဲမှာ အသံတုတွေ မသုံးဘူးလို့လည်း ဆိုထားပါတယ်။
လီဗာပူးအသင်းဘက်က ‘play your part’ ဆိုတဲ့ အကြောင်းကြားမှုနဲ့အတူ ပရိုမိုးရှင်း ဆင်းနေပြီး ပွဲနေ့မှာ YNWA သီချင်း ဖွင့်တဲ့ ပရိသတ်တွေ နေအိမ်ကနေပြီး လိုက်ဆိုပေးကြဖို့ တစ်ခုကိုပဲ တောင်းဆိုထားပါတယ်။ လူစုလူဝေးဖြစ်စေပြီး စိတ်အားထက်သန်မှုတွေကြောင့် အန်ဖီးကွင်းကို ပရိသတ်တွေ လာရောက်မယ့် အပြုအမှု မှန်သမျှကို ရှောင်ဖို့ လီဗာပူးအသင်းဘက်က စိတ်ပိုင်းဖြတ်ထားတာ ဖြစ်ပါတယ်။
ZAWGYI
လီဗာပူးအသင္းဟာ ကြင္းပိတ္ကစားရမယ့္ အေနအထားေတြကို ကိုယ္ပိုင္ အစီအစဥ္ေတြနဲ႔အတူ ကလပ္ရဲ႕ အစဥ္အလာကို ထိန္းသိမ္းဖို႔အတြက္ေကာ ကြင္းထဲက ကစားသမားေတြအတြက္ အားသာခ်က္ ရဖို႔ကိုပါ စီစဥ္ေနပါတယ္။
လီဗာပူးအသင္းဟာ ပြဲစတဲ့ေန႔မွာ ကစားသမားေတြ ကြင္းထဲ ဝင္လာခဲ့ရင္ ပံုမွန္ ဖြင့္ေနက် You’ll Never Walk Alone သီခ်င္းကို ဖြင့္မွာျဖစ္ပါတယ္။ ေနာက္ျပီး ကလပ္ရဲ႕ ေက်ာ္ၾကားတဲ့ အလံေတြ၊ သရုပ္ေဖာ္ ပိတ္ကားေတြကို ပြဲၾကည့္စင္ေတြမွာ တပ္ဆင္ထားမႈနဲ႔အတူ ကလပ္ရဲ႕ အေရာင္နဲ႔ ျပင္းျပမႈေတြကို ျပသသြားဖို႔ ရွိပါတယ္။
ပရိသတ္ တစ္ဦးမွ ရွိမွာ မဟုတ္ေပမယ့္လည္း ပံုမွန္ အန္ဖီးကြင္း အေနအထားနဲ႔ ကလပ္ရဲ႕ သမိုင္းေၾကာင္းကို ျပသႏုိင္ဖို႔ လီဗာပူးက ရည္ရြယ္တယ္။ ျဖစ္ႏုိင္တာကေတာ့ ထိုင္ခံုဗလာ ဟင္းလင္းေတြမွာ လီဗာပူးပရိသတ္ေတြဟာ အလံေတြ၊ ပိတ္ကားေတြကို ခ်ထားမယ့္ အေနအထားျဖစ္ပါတယ္။
လီဗာပူးပရိသတ္ေတြ အခုလို လုပ္ရမယ့္ အေၾကာင္းရင္းကလည္း ရွိေနပါတယ္။ ပထမဆံုး ျပန္ကစားရမယ့္ အန္ဖီးကြင္းက ပဲေလစ့္နဲ႔ပြဲမွာ လီဗာပူးရဲ႕ ဒီရာသီ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္မယ့္ပြဲ ျဖစ္သြားႏုိင္ပါတယ္။ ေနာက္ျပီး ဒါဟာ နွစ္ေပါင္း ၃၀ အတြင္း ပထမဆံုးအၾကိမ္ အမွတ္ေပးဖလား ျပန္အႏုိင္ရေစမယ့္ပြဲ ျဖစ္ပါတယ္။
ကြင္းေအာက္ေျခက ကစားကြင္းနဲ႔ နီးတဲ့ ထိုင္ခံုေတြမွာေတာ့ ကလပ္ကို အမာခံ အားေပးၾကတဲ့ ေဒသခံ ပရိသတ္ေတြရဲ႕ ပံုရိပ္ေတြ ဂုဏ္ျပဳထိုက္တဲ့ ပရိသတ္ေတြရဲ႕ ပံုရိပ္ေတြကို ထည့္သြင္းသြားဖို႔ ျပင္ဆင္ထားတယ္။ အထူးသျဖင့္ ေက်ာ္ၾကားလွတဲ့ အန္ဖီးရဲ႕ ပံုရိပ္ကို လူမရွိလို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ တိမ္ငယ္မေနေစဖို႔ တတ္ႏုိင္သေလာက္ လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ဘက္ကေတာ့ ဂိုးသြင္းယူျခင္းလို အေရးပါတဲ့ အခိုက္အတန္႔ေတြမွာ ပရိသတ္ေတြရဲ႕ သီခ်င္းဆိုသံေတြ၊ အားေပးသံေတြကို ဖြင့္ခြင့္ေပးထားပါတယ္။ ေနာက္ျပီး လူစားလဲမႈလို အေရးပါတဲ့ အခိုက္အတန္ေတြမွာျဖစ္တယ္။ လီဗာပူးအသင္းဘက္ကေတာ့ ကြင္းထဲမွာ အသံတုေတြ မသံုးဘူးလို႔လည္း ဆိုထားပါတယ္။
လီဗာပူးအသင္းဘက္က ‘play your part’ ဆိုတဲ့ အေၾကာင္းၾကားမႈနဲ႔အတူ ပရိုမိုးရွင္း ဆင္းေနျပီး ပြဲေန႔မွာ YNWA သီခ်င္း ဖြင့္တဲ့ ပရိသတ္ေတြ ေနအိမ္ကေနျပီး လုိက္ဆိုေပးၾကဖို႔ တစ္ခုကိုပဲ ေတာင္းဆိုထားပါတယ္။ လူစုလူေဝးျဖစ္ေစျပီး စိတ္အားထက္သန္မႈေတြေၾကာင့္ အန္ဖီးကြင္းကို ပရိသတ္ေတြ လာေရာက္မယ့္ အျပဳအမႈ မွန္သမွ်ကို ေရွာင္ဖို႔ လီဗာပူးအသင္းဘက္က စိတ္ပိုင္းျဖတ္ထားတာ ျဖစ္ပါတယ္။