လီဗာပူးအသင်းဟာ အမှတ်ပေးဖလား အနိုင်ရဖို့ ခြေတစ်လှမ်း ပိုလှမ်းမယ့် အနေအထားအဖြစ် ဒီအပတ်မှာ မာဆေးဆိုဒ်ဒါဘီအဖြစ် အဲဗာတန်နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

လီဗာပူးဟာ ဝတ်ဖိုဒ့်ကို အံ့အားသင့်ဖွယ် အနေအထားအဖြစ် ၃-၀ နဲ့ အရေးနိမ့်ပြီးနောက် ဘုန်းမောက်ကို ၂-၁ နဲ့ အနိုင်ပြန်ယူခဲ့တယ်။ ဆက်ပြီး ယှဉ်ပြိုင်တဲ့ အက်သလက်တီကို မက်ဒရစ်နဲ့ ပွဲမှာတော့ နာကျင်အချိန်ပို ပေးဂိုးတွေကြောင့် အရေးနိမ့်ခဲ့ပါတယ်။ အဲ့သည်နောက်ပိုင်း ဘောလုံးပွဲတွေ ရပ်နားထားရတာဖြစ်တယ်။

အဲဗာတန်ကတော့ နောက်ဆုံး ယှဉ်ပြိုင်ကစားတဲ့ ချယ်ဆီးနဲ့ပွဲကို ၄-၀ နဲ့ အရေးနိမ့်ထားပြီး အန်ဆယ်လော့တီလက်ထက် တိုးတက်မှုကို ပြသနေသော်လည်း ဥရောပဝင်ခွင့် အဆင့် ၄ နေရာနဲ့ ရမှတ် ၁၁ မှတ်ထိ ပြတ်ကျန်နေခဲ့ပါပြီ။ ဒါ့အပြင် ယူရိုပါလိဂ်နဲ့လည်း ၆ မှတ်ပြတ်နေတာဖြစ်တယ်။

ဒီပွဲနဲ့ ပက်သက်ပြီး တယ်လီဂရပ်က ခန့်မှန်းရာမှာတော့ ” လီဗာပူးဟာ လိဂ်ရဲ့ ဒုတိယ သွင်းဂိုး အများဆုံး အသင်းဖြစ်ပြီး စိတ်ပြင်းပြမှုနဲ့ ကစားမယ်ဆိုရင် ထိန်းသိမ်းရ ခက်လွန်းတဲ့ အသင်းဖြစ်တယ်။ အခုဆိုရင် ပန်းတိုင်ကို ရောက်လုနီးပါး အနေအထားကို ရောက်နေခဲ့ပြီဖြစ်တယ်။ ဝတ်ဖိုဒ့်ကို အရေးနိမ့်ပြီး ယူနိုက်တက်ကို သရေကျတာကလွဲလို့ ဒီရာသီ အမှတ်ပေးပွဲတိုင်း အနိုင်ယူထားတဲ့ လီဗာပူးက အဲဗာတန်ကို ပေးဂိုးမရှိ အနိုင်ရပါမယ်။

လီဗာပူးက ဒီရာသီမှာ သွင်းဂိုး ၆၆ ဂိုး သွင်းထားပြီး အမြင့်ဆုံး သွင်းထားတဲ့ မန်စီးတီးထက် ၂ ဂိုးပဲ နည်းပါတယ်။ လီဗာပူးက လူစာရင်း စုံစုံလင်လင်န့ ပွဲထုတ်လာမယ်ဆိုရင် ဒီာသီ အနေအထားအရ အဲဗာတန်က ပြိုင်ဘက် မဟုတ်ပါဘူး။ ခံစစ်မှာလည်း အဲဗာတန် ခံစစ်က တိုးတက်ဖို့တွေ လိုနေပြီး လိဂ်ရဲ့ အညံ့ဆုံး အသင်း၆ သင်းထဲ ပါဝင်နေတယ်။ လီဗာပူးခံစစ်ကတော့ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးဖြစ်တယ်။ ဒီပွဲမှာ လီဗာပူးက သွင်းဂိုး ၃ ဂိုးနဲ့ ၃ ဂိုးအထက် သွင်းယူပါမယ်။

မာနေး၊ ဖာမင်နို၊ ဆာလက်တို့ထဲက တစ်ဦးကို ဂိုးသွင်းဖို့ သေချာတယ်လို့ ရွေးလို့ရပြီး အသန်မာဆုံး ဖြစ်နေတာကတော့ ဆီနီဂေါသားပါပဲ။ ဖာမင်နိုက အဲဗာတန်ကို ဂိုးလုံးဝ မသွင်းဖူးသလို ဆာလက်ကလည်း တစ်ကြိမ်ပဲ ဂိုးသွင်းဖူးပေမယ့် မာနေးက အဲဗာတန်ကို ၃ ဂိုး သွင်းဖူးပြီး ဒီပွဲမှာလည်း ဂိုးဆက်သွင်းပါလိမ့်မယ်။ ” လို့ ဖြစ်ပါတယ်။

တယ်လီဂရပ် ခန့်မှန်း – လီဗာပူးက အဲဗာတန်ကို အဝေးကွင်းမှာ ၃-၀ (သို့) ၄-၀ နဲ့ အနိုင်မှာဖြစ်ပြီး မာနေး ဂိုးသွင်းယူမည်။

ZAWGYI

လီဗာပူးအသင္းဟာ အမွတ္ေပးဖလား အႏုိင္ရဖို႔ ေျခတစ္လွမ္း ပိုလွမ္းမယ့္ အေနအထားအျဖစ္ ဒီအပတ္မွာ မာေဆးဆိုဒ္ဒါဘီအျဖစ္ အဲဗာတန္နဲ႔ ယွဥ္ျပိဳင္ကစားရမွာ ျဖစ္ပါတယ္။

လီဗာပူးဟာ ဝတ္ဖိုဒ့္ကို အံ့အားသင့္ဖြယ္ အေနအထားအျဖစ္ ၃-၀ နဲ႔ အေရးနိမ့္ျပီးေနာက္ ဘုန္းေမာက္ကို ၂-၁ နဲ႔ အႏုိင္ျပန္ယူခဲ့တယ္။ ဆက္ျပီး ယွဥ္ျပိဳင္တဲ့ အက္သလက္တီကို မက္ဒရစ္နဲ႔ ပြဲမွာေတာ့ နာက်င္အခ်ိန္ပို ေပးဂိုးေတြေၾကာင့္ အေရးနိမ့္ခဲ့ပါတယ္။ အဲ့သည္ေနာက္ပိုင္း ေဘာလံုးပြဲေတြ ရပ္နားထားရတာျဖစ္တယ္။

အဲဗာတန္ကေတာ့ ေနာက္ဆံုး ယွဥ္ျပိဳင္ကစားတဲ့ ခ်ယ္ဆီးနဲ႔ပြဲကို ၄-၀ နဲ႔ အေရးနိမ့္ထားျပီး အန္ဆယ္ေလာ့တီလက္ထက္ တိုးတက္မႈကို ျပသေနေသာ္လည္း ဥေရာပဝင္ခြင့္ အဆင့္ ၄ ေနရာနဲ႔ ရမွတ္ ၁၁ မွတ္ထိ ျပတ္က်န္ေနခဲ့ပါျပီ။ ဒါ့အျပင္ ယူရိုပါလိဂ္နဲ႔လည္း ၆ မွတ္ျပတ္ေနတာျဖစ္တယ္။

ဒီပြဲနဲ႔ ပက္သက္ျပီး တယ္လီဂရပ္က ခန္႔မွန္းရာမွာေတာ့ ” လီဗာပူးဟာ လိဂ္ရဲ႕ ဒုတိယ သြင္းဂိုး အမ်ားဆံုး အသင္းျဖစ္ျပီး စိတ္ျပင္းျပမႈနဲ႔ ကစားမယ္ဆိုရင္ ထိန္းသိမ္းရ ခက္လြန္းတဲ့ အသင္းျဖစ္တယ္။ အခုဆိုရင္ ပန္းတိုင္ကို ေရာက္လုနီးပါး အေနအထားကို ေရာက္ေနခဲ့ျပီျဖစ္တယ္။ ဝတ္ဖိုဒ့္ကို အေရးနိမ့္ျပီး ယူႏုိက္တက္ကို သေရက်တာကလြဲလို႔ ဒီရာသီ အမွတ္ေပးပြဲတိုင္း အႏုိင္ယူထားတဲ့ လီဗာပူးက အဲဗာတန္ကို ေပးဂိုးမရွိ အႏုိင္ရပါမယ္။

လီဗာပူးက ဒီရာသီမွာ သြင္းဂိုး ၆၆ ဂိုး သြင္းထားျပီး အျမင့္ဆံုး သြင္းထားတဲ့ မန္စီးတီးထက္ ၂ ဂိုးပဲ နည္းပါတယ္။ လီဗာပူးက လူစာရင္း စံုစံုလင္လင္န႔ ပြဲထုတ္လာမယ္ဆိုရင္ ဒီာသီ အေနအထားအရ အဲဗာတန္က ျပိဳင္ဘက္ မဟုတ္ပါဘူး။ ခံစစ္မွာလည္း အဲဗာတန္ ခံစစ္က တိုးတက္ဖို႔ေတြ လိုေနျပီး လိဂ္ရဲ႕ အညံ့ဆံုး အသင္း၆ သင္းထဲ ပါဝင္ေနတယ္။ လီဗာပူးခံစစ္ကေတာ့ ပရီးမီးယားလိဂ္မွာ အေကာင္းဆံုးျဖစ္တယ္။ ဒီပြဲမွာ လီဗာပူးက သြင္းဂိုး ၃ ဂိုးနဲ႔ ၃ ဂိုးအထက္ သြင္းယူပါမယ္။

မာေနး၊ ဖာမင္ႏို၊ ဆာလက္တို႔ထဲက တစ္ဦးကို ဂိုးသြင္းဖို႔ ေသခ်ာတယ္လို႔ ေရြးလို႔ရျပီး အသန္မာဆံုး ျဖစ္ေနတာကေတာ့ ဆီနီေဂါသားပါပဲ။ ဖာမင္ႏိုက အဲဗာတန္ကို ဂိုးလံုးဝ မသြင္းဖူးသလို ဆာလက္ကလည္း တစ္ၾကိမ္ပဲ ဂိုးသြင္းဖူးေပမယ့္ မာေနးက အဲဗာတန္ကို ၃ ဂိုး သြင္းဖူးျပီး ဒီပြဲမွာလည္း ဂိုးဆက္သြင္းပါလိမ့္မယ္။ ” လို႔ ျဖစ္ပါတယ္။

တယ္လီဂရပ္ ခန္႔မွန္း – လီဗာပူးက အဲဗာတန္ကို အေဝးကြင္းမွာ ၃-၀ (သို႔) ၄-၀ နဲ႔ အႏုိင္မွာျဖစ္ျပီး မာေနး ဂိုးသြင္းယူမည္။