လာမယ့် တနင်္လာနေ့ မနက်မှာတော့ ပရီးမီးယားလိဂ် ပြန်လည်စတင်မှုမှာ လီဗာပူးရဲ့ ပထမဆုံးပွဲစဉ်အဖြစ် မာဆေးဆိုဒ်ဒါဘီပွဲကို ဂူဒီဆင်ပါက်ခ်မှာ ကစားရမှာ ဖြစ်ပါတယ်။
အက်စတွန်ဗီလာက ရှက်ဖီးကို ဧည့်ခံခြင်းနဲ့အတူ ဒီကနေ့ညမှာ ဘောလုံးပွဲတွေ ပြန်စမှာဖြစ်ပြီး ဒုတိယပွဲကတော့ မန်စီးတီးရဲ့ အာဆင်နယ်ကို ဧည့်ခံကစားမှုဖြစ်ပါတယ်။ လီဗာပူးကတော့ ဇွန်လ ၂၁ (မြန်မာအချိန် ဇွန်လ ၂၂) မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဆိုပါပွဲကို အခမဲ့ ကြည့်နိုင်မှာဖြစ်ပါတယ်။
ဒါပေမယ့် ပြန်လည် စတင်လာမယ့် ပွဲစဉ်တွေဟာ ကွင်းပိတ်ပွဲတွေ ဖြစ်လာမှာဖြစ်ပြီး ကန့်သတ်မှုတွေနဲ့အတူ ယှဉ်ပြိုင်ကစားရမှာဖြစ်တယ်။ ပွဲနေ့တွေမှာ အကန့်ခွဲထားတဲ့ နေရာတွေကနေ လူဦးရေ အကန့်အသတ်တွေပဲ ဝင်ရောက်ခွင့်ရှိမှာဖြစ်တယ်။ အဆိုပါ စာရင်းမှာ နည်းပြအဖွဲ့၊ ကစားသမားနဲ့ ဆေးအဖွဲ့တွေ ပါဝင်ပါမယ်။
ဇုန် သက်မှတ်ချက်တွေမှာတော့ အဝေးအသင်းတွေက ‘Red Zone’ အဖြစ် ပါဝင်ရတာဖြစ်ပြီး ကစားသမား ၂၀ ဦး၊ နည်းပြ ၁၂ ဦး၊ ဆေးအဖွဲ့နဲ့ အခြားအကူ ၅ ဦး ပါဝင်ခွင့်ရမှာဖြစ်လို့ စုစုပေါင်း ၃၇ ဦး ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။
တစ်ကွင်းလုံး အနေအထားမှာတော့ လူပေါင်း ၃၀၀ မကျော်တဲ့ ပုဂ္ဂိုလ်တွေ ဝင်ခွင့်ရှိမှာဖြစ်သလို မီဒီယာပိုင်းနဲ့ ကင်းထောက်တွေကလည်း သက်ဆိုင်ရာ ဇုန်တွေကနေ ဝင်ရောက်ခွင့်ရှိမှာဖြစ်တယ်။ ဝင်ခွင့်ရ ပုဂ္ဂိုလ်တွေအားလုံးက ပွဲမတိုင်ခင် ၅ ရက်အလိုမှာ ကိုဗစ် စစ်ဆေးမှုရလဒ် ထွက်ထားသူတွေ ဖြစ်ရပါမယ်။
သူတို့ကိုတော့ ဝင်ရောက်ခွင့်အတွက် အကူး ပစ်ပို့လို ကိုင်ဆောင်ခွင့် ပြုမှာဖြစ်တယ်။ ကွင်းထဲမှာ သူတို့ ရှိရမယ့် နေရာအတွက်ကိုလည်း ထိန်းချုပ်ထားမှာဖြစ်ပါတယ်။
ZAWGYI
လာမယ့္ တနလၤာေန႔ မနက္မွာေတာ့ ပရီးမီးယားလိဂ္ ျပန္လည္စတင္မႈမွာ လီဗာပူးရဲ႕ ပထမဆံုးပြဲစဥ္အျဖစ္ မာေဆးဆိုဒ္ဒါဘီပြဲကို ဂူဒီဆင္ပါက္ခ္မွာ ကစားရမွာ ျဖစ္ပါတယ္။
အက္စတြန္ဗီလာက ရွက္ဖီးကို ဧည့္ခံျခင္းနဲ႔အတူ ဒီကေန႔ညမွာ ေဘာလံုးပြဲေတြ ျပန္စမွာျဖစ္ျပီး ဒုတိယပြဲကေတာ့ မန္စီးတီးရဲ႕ အာဆင္နယ္ကို ဧည့္ခံကစားမႈျဖစ္ပါတယ္။ လီဗာပူးကေတာ့ ဇြန္လ ၂၁ (ျမန္မာအခ်ိန္ ဇြန္လ ၂၂) မွာ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး အဆိုပါပြဲကို အခမဲ့ ၾကည့္ႏုိင္မွာျဖစ္ပါတယ္။
ဒါေပမယ့္ ျပန္လည္ စတင္လာမယ့္ ပြဲစဥ္ေတြဟာ ကြင္းပိတ္ပြဲေတြ ျဖစ္လာမွာျဖစ္ျပီး ကန္႔သတ္မႈေတြနဲ႔အတူ ယွဥ္ျပိဳင္ကစားရမွာျဖစ္တယ္။ ပြဲေန႔ေတြမွာ အကန္႔ခြဲထားတဲ့ ေနရာေတြကေန လူဦးေရ အကန္႔အသတ္ေတြပဲ ဝင္ေရာက္ခြင့္ရွိမွာျဖစ္တယ္။ အဆိုပါ စာရင္းမွာ နည္းျပအဖြဲ႔၊ ကစားသမားနဲ႔ ေဆးအဖြဲ႔ေတြ ပါဝင္ပါမယ္။
ဇုန္ သက္မွတ္ခ်က္ေတြမွာေတာ့ အေဝးအသင္းေတြက ‘Red Zone’ အျဖစ္ ပါဝင္ရတာျဖစ္ျပီး ကစားသမား ၂၀ ဦး၊ နည္းျပ ၁၂ ဦး၊ ေဆးအဖြဲ႔နဲ႔ အျခားအကူ ၅ ဦး ပါဝင္ခြင့္ရမွာျဖစ္လို႔ စုစုေပါင္း ၃၇ ဦး ပါဝင္ခြင့္ရမွာ ျဖစ္ပါတယ္။
တစ္ကြင္းလံုး အေနအထားမွာေတာ့ လူေပါင္း ၃၀၀ မေက်ာ္တဲ့ ပုဂၢိဳလ္ေတြ ဝင္ခြင့္ရွိမွာျဖစ္သလို မီဒီယာပိုင္းနဲ႔ ကင္းေထာက္ေတြကလည္း သက္ဆိုင္ရာ ဇုန္ေတြကေန ဝင္ေရာက္ခြင့္ရွိမွာျဖစ္တယ္။ ဝင္ခြင့္ရ ပုဂၢိဳလ္ေတြအားလံုးက ပြဲမတိုင္ခင္ ၅ ရက္အလိုမွာ ကိုဗစ္ စစ္ေဆးမႈရလဒ္ ထြက္ထားသူေတြ ျဖစ္ရပါမယ္။
သူတို႔ကိုေတာ့ ဝင္ေရာက္ခြင့္အတြက္ အကူး ပစ္ပို႔လို ကိုင္ေဆာင္ခြင့္ ျပဳမွာျဖစ္တယ္။ ကြင္းထဲမွာ သူတို႔ ရွိရမယ့္ ေနရာအတြက္ကိုလည္း ထိန္းခ်ဳပ္ထားမွာျဖစ္ပါတယ္။