လီဗာပူးအသင်းဟာ နွေဈေးကွက်ထဲ ဝင်လှုပ်ရှားမှု နည်းမယ်လို့ သိထားရပေမယ့် အပြောင်းအရွှေ့ဆိုင်ရာ သတင်းတွေက လုံးဝ ချုပ်ငြိမ်းသွားတာ မဟုတ်ဘဲ ကော်တင်ညိုနဲ့ အော်ရေးလို ကစားသမားတွေနဲ့ပါ သတင်းထွက်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။
ဒီနွေမှာ လီဗာပူးထံ ကော်တင်ညို ပြန်လာမယ်လို့ သတင်းထွက်နေပေမယ့် ဘာစီလိုနာရဲ့ အစီအစဉ်မှာ အငှား မပါဘဲ အပြီးသတ်ကိုပဲ ရောင်းထုတ်လိုနေတာဖြစ်တယ်။ လီဗာပူးဘက်လည်း ကော်တင်ညိုလို ကစားသမားကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပြန်ခေါ်ယူဖို့ စဉ်းစားမှာ မဟုတ်ဘူးလို့ သိရတယ်။
စပိန်ကလပ်ဘက်က လီဗာပူးကို ထူးထူးခြားခြား မျက်နှာသာပေးမှာ မဟုတ်ဘဲ အခြားသော အသင်းတွေထက်စာရင် လီဗာပူးက ရေပန်းစားမှုလည်း ပိုနည်းတယ်လို့ သိရတယ်။ ကော်တင်ညိုကို ခေါ်ယူဖို့ စပါး အပါအဝင် ပရီးမီးယားလိဂ်ကလပ် အများအပြားနဲ့ သတင်းထွက်နေပါတယ်။
လီဗာပူးဟာ ကစားသမား စောင့်ကြည့်မှုတွေတော့ လုပ်ဆောင်နေတာရှိပြီး အဆိုပါ ကစားသမားတွေထဲမှာ ပြင်သစ်ကလပ် လိုင်ယွန်အင်းမှ ကွင်းလယ်လူ အော်ရေးကလည်း ထိပ်တန်း တစ်နေရာက ပါဝင်ပါတယ်။ အော်ရေးဟာ ဒီနှစ်တွေမှာ ပြင်သစ်ကလပ်နဲ့အတူ တောက်ပလာပြီး မန်စီးတီး၊ အာဆင်နယ်တို့ကလည်း စောင့်ကြည့်မှုတွေ ရှိထားတာဖြစ်တယ်။
လိုင်ယွန်အသင်းဟာ ဘဏ္ဍာရေးပိုင်းမှာ အခက်ကြုံနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်မရမယ့် အနေအထားကြောင့် ဒမ်ဘီလီ၊ ဒီပေး၊ အော်ရေးတို့ထဲက ကစားသမားအချို့ကို ရောင်းထုတ်ရနိုင်ပါတယ်။ လီဗာပူးဘက်က သင့်လျော်တဲ့ ပြောင်းရွှေ့ကြေး ရမယ်ဆိုရင် အော်ရေးကို ခေါ်ယူဖို့ကို ဝင်ရောက်မယ်လို့ သိရပါတယ်။
လီဗာပူးမြို့အခြေစိုက် သတင်းထောက်ဖြစ်သူ David Maddock က ဒီသတင်းတွေကို ဖော်ပြသွားပါတယ်။
ZAWGYI
လီဗာပူးအသင္းဟာ ေႏြေစ်းကြက္ထဲ ဝင္လႈပ္ရွားမႈ နည္းမယ္လို႔ သိထားရေပမယ့္ အေျပာင္းအေရႊ႔ဆိုင္ရာ သတင္းေတြက လံုးဝ ခ်ဳပ္ျငိမ္းသြားတာ မဟုတ္ဘဲ ေကာ္တင္ညိဳနဲ႔ ေအာ္ေရးလို ကစားသမားေတြနဲ႔ပါ သတင္းထြက္မႈေတြ ရွိေနဆဲျဖစ္ပါတယ္။
ဒီေႏြမွာ လီဗာပူးထံ ေကာ္တင္ညိဳ ျပန္လာမယ္လို႔ သတင္းထြက္ေနေပမယ့္ ဘာစီလိုနာရဲ႕ အစီအစဥ္မွာ အငွား မပါဘဲ အျပီးသတ္ကိုပဲ ေရာင္းထုတ္လိုေနတာျဖစ္တယ္။ လီဗာပူးဘက္လည္း ေကာ္တင္ညိဳလို ကစားသမားကို ျမင့္မားတဲ့ ေျပာင္းေရႊ႔ေၾကးနဲ႔ ျပန္ေခၚယူဖို႔ စဥ္းစားမွာ မဟုတ္ဘူးလို႔ သိရတယ္။
စပိန္ကလပ္ဘက္က လီဗာပူးကို ထူးထူးျခားျခား မ်က္ႏွာသာေပးမွာ မဟုတ္ဘဲ အျခားေသာ အသင္းေတြထက္စာရင္ လီဗာပူးက ေရပန္းစားမႈလည္း ပိုနည္းတယ္လို႔ သိရတယ္။ ေကာ္တင္ညိဳကို ေခၚယူဖို႔ စပါး အပါအဝင္ ပရီးမီးယားလိဂ္ကလပ္ အမ်ားအျပားနဲ႔ သတင္းထြက္ေနပါတယ္။
လီဗာပူးဟာ ကစားသမား ေစာင့္ၾကည့္မႈေတြေတာ့ လုပ္ေဆာင္ေနတာရွိျပီး အဆိုပါ ကစားသမားေတြထဲမွာ ျပင္သစ္ကလပ္ လုိင္ယြန္အင္းမွ ကြင္းလယ္လူ ေအာ္ေရးကလည္း ထိပ္တန္း တစ္ေနရာက ပါဝင္ပါတယ္။ ေအာ္ေရးဟာ ဒီႏွစ္ေတြမွာ ျပင္သစ္ကလပ္နဲ႔အတူ ေတာက္ပလာျပီး မန္စီးတီး၊ အာဆင္နယ္တို႔ကလည္း ေစာင့္ၾကည့္မႈေတြ ရွိထားတာျဖစ္တယ္။
လိုင္ယြန္အသင္းဟာ ဘ႑ာေရးပိုင္းမွာ အခက္ၾကံဳႏုိင္တဲ့ အေနအထားမွာ ရွိေနပါတယ္။ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ ဝင္ခြင့္မရမယ့္ အေနအထားေၾကာင့္ ဒမ္ဘီလီ၊ ဒီေပး၊ ေအာ္ေရးတို႔ထဲက ကစားသမားအခ်ိဳ႔ကို ေရာင္းထုတ္ရႏုိင္ပါတယ္။ လီဗာပူးဘက္က သင့္ေလ်ာ္တဲ့ ေျပာင္းေရႊ႔ေၾကး ရမယ္ဆိုရင္ ေအာ္ေရးကို ေခၚယူဖို႔ကို ဝင္ေရာက္မယ္လို႔ သိရပါတယ္။
လီဗာပူးျမိဳ႕အေျခစိုက္ သတင္းေထာက္ျဖစ္သူ David Maddock က ဒီသတင္းေတြကို ေဖာ္ျပသြားပါတယ္။