လီဗာပူးအသင်းဘက်က ကွင်းလယ်လူ ဂရုဂျစ်ကို ငွေသားလက်ငင်းရမယ်ဆိုရင် ရောင်းထုတ်မယ့်အကြောင်း နာပိုလီဘက်ကို ကမ်းလှမ်းမှု လုပ်ခဲ့ပါတယ်။
ဒီရာသီ ဟာသာဘာလင်မှာ ခြေစွမ်းပြနေပြီး ဘွန်ဒက်လီဂါအပြီးမှာ ပရီးမီးယားလိဂ်ကို ပြန်လာမယ့် လူငယ်ကွင်းလယ်လူကို ခေါ်ယူလိုတဲ့ ကလပ်တွေ ရှိနေပါတယ်။ လီဗာပူးဘက်ကတော့ ဂရုဂျစ်အတွက် သက်မှတ် ပြောင်းရွှေ့ကြေးရရင် ရောင်းထုတ်မှာဖြစ်ပြီး မဟုတ်ရင်တော့ လာမယ့် ၁၂ လအတွင်း ကလပ်မှာပဲ ထိန်းသိမ်းသွားမှာပါ။
ဂရုဂျစ်ရဲ့ အေးဂျင့်ဟာ နာပိုလီခံစစ်မှူး ကူလီဘာလီကိုလည်း တာဝန်ယူပေးနေသူဖြစ်တယ်။ အေးဂျင့် Nikol Maksimovic ရဲ့ ထုတ်ပြောမှုအရ လီဗာပူးဟာ ဂရုဂျစ်ကို အလိုရှိရင် ခေါ်ယူနိုင်ကြောင်း နာပိုလီကို ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ဂရုဂျစ်ကို ခေါ်ယူဖို့အတွက် အေစီနဲ့ လာဇီယိုတို့ကလည်း စိတ်ဝင်စားနေပြီး တရားဝင် ကမ်းလှမ်းမှုတော့ မရှိသေးပါဘူး။
လီဗာပူးဘက်က နာပိုလီကို ကမ်းလှမ်းမှုမှာ ယူရို ၂၅ သန်းရရင် ဂရုဂျစ်ကို ရောင်းထုတ်ပေးမှာဖြစ်ပြီး ဒီနွေဈေးကွက် အခြေအနေအရ ယူရို ၁၅-၂၀ သန်းရရင်လည်း လက်ခံပေးပါမယ်။ ဒါပေမယ့် ပြောင်းရွှေ့ကြေးကိုတော့ ငွေသားနဲ့ အလိုရှိတယ်လို့ သိရတယ်။
နောက်ထပ် အပြောင်းအရွှေ့အဖြစ် ဝက်ဟမ်းလူငယ်လေး Jeremy Ngakia ရဲ့ အေးဂျင့်က လီဗာပူးဟာ လူငယ်ကစားသမားလေးကို လက်မှတ်ထိုး ခေါ်ယူနိုင်ဖို့ ကမ်းလှမ်းမှုလုပ်ထားတယ်လို့ ဆိုပါတယ်။ ဝက်ဟမ်းနဲ့ စာချုပ်သစ် လက်မှတ်ထိုးဖို့ ငြင်းဆန်ထားတဲ့ လူငယ်ကစားဟာ ပုံမှန်ပွဲထွက်ခွင့် ရလိုတာကြောင့် လီဗာပူးရဲ့ ကမ်းလှမ်းမှုကိုလည်း ပယ်ချထားတယ်လို့ သူက ပြောပြသွားပါတယ်။
ZAWGYI
လီဗာပူးအသင္းဘက္က ကြင္းလယ္လူ ဂရုဂ်စ္ကို ေငြသားလက္ငင္းရမယ္ဆိုရင္ ေရာင္းထုတ္မယ့္အေၾကာင္း နာပိုလီဘက္ကို ကမ္းလွမ္းမႈ လုပ္ခဲ့ပါတယ္။
ဒီရာသီ ဟာသာဘာလင္မွာ ေျခစြမ္းျပေနျပီး ဘြန္ဒက္လီဂါအျပီးမွာ ပရီးမီးယားလိဂ္ကို ျပန္လာမယ့္ လူငယ္ကြင္းလယ္လူကို ေခၚယူလိုတဲ့ ကလပ္ေတြ ရွိေနပါတယ္။ လီဗာပူးဘက္ကေတာ့ ဂရုဂ်စ္အတြက္ သက္မွတ္ ေျပာင္းေရႊ႔ေၾကးရရင္ ေရာင္းထုတ္မွာျဖစ္ျပီး မဟုတ္ရင္ေတာ့ လာမယ့္ ၁၂ လအတြင္း ကလပ္မွာပဲ ထိန္းသိမ္းသြားမွာပါ။
ဂရုဂ်စ္ရဲ႕ ေအးဂ်င့္ဟာ နာပိုလီခံစစ္မွဴး ကူလီဘာလီကိုလည္း တာဝန္ယူေပးေနသူျဖစ္တယ္။ ေအးဂ်င့္ Nikol Maksimovic ရဲ႕ ထုတ္ေျပာမႈအရ လီဗာပူးဟာ ဂရုဂ်စ္ကို အလိုရွိရင္ ေခၚယူႏုိင္ေၾကာင္း နာပိုလီကို ကမ္းလွမ္းထားတယ္လို႔ သိရပါတယ္။ ဂရုဂ်စ္ကို ေခၚယူဖို႔အတြက္ ေအစီနဲ႔ လာဇီယိုတို႔ကလည္း စိတ္ဝင္စားေနျပီး တရားဝင္ ကမ္းလွမ္းမႈေတာ့ မရွိေသးပါဘူး။
လီဗာပူးဘက္က နာပိုလီကို ကမ္းလွမ္းမႈမွာ ယူရို ၂၅ သန္းရရင္ ဂရုဂ်စ္ကို ေရာင္းထုတ္ေပးမွာျဖစ္ျပီး ဒီေႏြေစ်းကြက္ အေျခအေနအရ ယူရို ၁၅-၂၀ သန္းရရင္လည္း လက္ခံေပးပါမယ္။ ဒါေပမယ့္ ေျပာင္းေရႊ႔ေၾကးကိုေတာ့ ေငြသားနဲ႔ အလိုရွိတယ္လို႔ သိရတယ္။
ေနာက္ထပ္ အေျပာင္းအေရႊ႔အျဖစ္ ဝက္ဟမ္းလူငယ္ေလး Jeremy Ngakia ရဲ႕ ေအးဂ်င့္က လီဗာပူးဟာ လူငယ္ကစားသမားေလးကို လက္မွတ္ထိုး ေခၚယူႏုိင္ဖုိ႔ ကမ္းလွမ္းမႈလုပ္ထားတယ္လို႔ ဆိုပါတယ္။ ဝက္ဟမ္းနဲ႔ စာခ်ဳပ္သစ္ လက္မွတ္ထိုးဖို႔ ျငင္းဆန္ထားတဲ့ လူငယ္ကစားဟာ ပံုမွန္ပြဲထြက္ခြင့္ ရလိုတာေၾကာင့္ လီဗာပူးရဲ႕ ကမ္းလွမ္းမႈကိုလည္း ပယ္ခ်ထားတယ္လို႔ သူက ေျပာျပသြားပါတယ္။