လီဗာပူးမြို့အခြေစိုက် ဒေသခံပရိသတ်တွေက အန်ဖီးကွင်းထံ မသွားဖို့ လုံ့ဆော်မှာဖြစ်ပြီး သူတို့အားလုံး တူညီစွာ လုပ်မှာကတော့ ပွဲမစခင်မှာ ကလပ်ရဲ့ YNWA သီချင်းကို တီဆိုကြဖို့ဖြစ်ကာ အသင်းကို အန်ဖီးကွင်းမှာ အားပေးသလိုပဲ နေအိမ်တွေကပဲ လှိုက်လှိုင်လှဲလှဲ အားပေးကြမယ်လို့ မာဆေးဆိုဒ် သတင်းဌာနကို ဖွင်ဟသွားကြပါတယ်။

လီဗာပူးအိမ်ကွင်းဖြစ်တဲ့ အန်ဖီးကွင်းက အစတည်းက ကွင်းထဲမှာ စခရင်ကြီး မရှိသလို ယာယီ ပိတ်ကားတွေ ထည့်သွင်းခြင်းဖြင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို ကွင်းထဲက ကစားသမားတွေ မြင်အောင် လုပ်ဖို့ အစီအစဉ် မရှိဘူးလို့ သိရပါတယ်။

အဲဗာတန် vs လီဗာပူးပွဲအတွက် တယ်လီဂရပ် ခန့်မှန်း – လီဗာပူးက အဲဗာတန်ကို အဝေးကွင်းမှာ ၃-၀ (သို့) ၄-၀ နဲ့ အနိုင်မှာဖြစ်ပြီး မာနေး ဂိုးသွင်းယူမည်။

လီဗာပူးအသင်းဘက်က ကွင်းလယ်လူ ဂရုဂျစ်ကို ငွေသားလက်ငင်းရမယ်ဆိုရင် ရောင်းထုတ်မယ့်အကြောင်း နာပိုလီဘက်ကို ကမ်းလှမ်းမှု လုပ်ခဲ့ပါတယ်။

သတင်းထောက် Dominic King က ” ပထမဆုံး ပြန်ကစားရမယ့် ပွဲအတွက် လီဗာပူးအသင်းမှာ ဒဏ်ရာပြဿနာ စိုးရိမ်နေရမှုတွေ မရှိပါဘူး။ တနင်္ဂနွေနေ့က အန်ဖီးမှာ လူစာရင်းခွဲကစားမှု လုပ်ခဲ့ပြီး ဘလက်ဘန်းပွဲမှာ အနားပေးထားတဲ့ ဆာလက်နဲ့ ရော်ဘတ်ဆန်တို့ ပါဝင်ခဲ့ပါတယ်။ ” လို့ အတည်ပြုခဲ့တယ်။

၂၀၂၀ ခုနှစ်အတွက် Golden Boy award ဆုရနိုင်တဲ့ လူငယ်ကစားသမား ၁၀၀ စာရင်း စတင် ပေါ်ထွက်လာခဲ့ပြီဖြစ်ပြီး လီဗာပူးအသင်းသား သုံးဦး ပါဝင်လာပါတယ်။ သူတို့တွေက ကားတစ်ဂျုံး၊ လာရိုစီနဲ့ ဗန်ဒန်ဘယ်ရာတို့ ဖြစ်ပါတယ်။

လီဗာပူး ဂန္တဝင်ကြီး စတီဗင်ဂျရတ်က ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့ပြီးရင် အသင်းရဲ့မန်နေဂျာ ကလော့ပ်ကို ရုပ်ထုနဲ့တကွ ဂုဏ်ပြုမှု လုပ်ပေးဖို့ ကလပ်ကို တောင်းဆိုလိုက်ပါတယ်။

လိုင်ယွန်အသင်းဟာ ဘဏ္ဍာရေးပိုင်းမှာ အခက်ကြုံနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်မရမယ့် အနေအထားကြောင့် ဒမ်ဘီလီ၊ ဒီပေး၊ အော်ရေးတို့ထဲက ကစားသမားအချို့ကို ရောင်းထုတ်ရနိုင်ပါတယ်။ လီဗာပူးဘက်က သင့်လျော်တဲ့ ပြောင်းရွှေ့ကြေး ရမယ်ဆိုရင် အော်ရေးကို ခေါ်ယူဖို့ကို ဝင်ရောက်မယ်လို့ သိရပါတယ်။

ဒီနွေမှာ လီဗာပူးထံ ကော်တင်ညို ပြန်လာမယ်လို့ သတင်းထွက်နေပေမယ့် ဘာစီလိုနာရဲ့ အစီအစဉ်မှာ အငှား မပါဘဲ အပြီးသတ်ကိုပဲ ရောင်းထုတ်လိုနေတာဖြစ်တယ်။

လူငယ်လေး နီကိုး ဝီလီယမ်က လက်ကျန် အမှတ်ပေးပွဲ ၉ ပွဲမှာ လီဗာပူးနဲ့အတူ ပရီးမီးယားလိဂ် ပွဲထွက်ခွင့်ကို ရအောင် ကြိုးစားမယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ZAWGYI

လီဗာပူးျမိဳ႕အေျခစိုက္ ေဒသခံပရိသတ္ေတြက အန္ဖီးကြင္းထံ မသြားဖို႔ လံု႔ေဆာ္မွာျဖစ္ျပီး သူတို႔အားလံုး တူညီစြာ လုပ္မွာကေတာ့ ပြဲမစခင္မွာ ကလပ္ရဲ႕ YNWA သီခ်င္းကို တီဆိုၾကဖို႔ျဖစ္ကာ အသင္းကို အန္ဖီးကြင္းမွာ အားေပးသလိုပဲ ေနအိမ္ေတြကပဲ လိႈက္လိႈင္လွဲလွဲ အားေပးၾကမယ္လို႔ မာေဆးဆိုဒ္ သတင္းဌာနကို ဖြင္ဟသြားၾကပါတယ္။

လီဗာပူးအိမ္ကြင္းျဖစ္တဲ့ အန္ဖီးကြင္းက အစတည္းက ကြင္းထဲမွာ စခရင္ၾကီး မရွိသလို ယာယီ ပိတ္ကားေတြ ထည့္သြင္းျခင္းျဖင့္ ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို ကြင္းထဲက ကစားသမားေတြ ျမင္ေအာင္ လုပ္ဖို႔ အစီအစဥ္ မရွိဘူးလို႔ သိရပါတယ္။

အဲဗာတန္ vs လီဗာပူးပြဲအတြက္ တယ္လီဂရပ္ ခန္႔မွန္း – လီဗာပူးက အဲဗာတန္ကို အေဝးကြင္းမွာ ၃-၀ (သို႔) ၄-၀ နဲ႔ အႏုိင္မွာျဖစ္ျပီး မာေနး ဂိုးသြင္းယူမည္။

လီဗာပူးအသင္းဘက္က ကြင္းလယ္လူ ဂရုဂ်စ္ကို ေငြသားလက္ငင္းရမယ္ဆိုရင္ ေရာင္းထုတ္မယ့္အေၾကာင္း နာပိုလီဘက္ကို ကမ္းလွမ္းမႈ လုပ္ခဲ့ပါတယ္။

သတင္းေထာက္ Dominic King က ” ပထမဆံုး ျပန္ကစားရမယ့္ ပြဲအတြက္ လီဗာပူးအသင္းမွာ ဒဏ္ရာျပႆနာ စိုးရိမ္ေနရမႈေတြ မရွိပါဘူး။ တနဂၤေႏြေန႔က အန္ဖီးမွာ လူစာရင္းခြဲကစားမႈ လုပ္ခဲ့ျပီး ဘလက္ဘန္းပြဲမွာ အနားေပးထားတဲ့ ဆာလက္နဲ႔ ေရာ္ဘတ္ဆန္တို႔ ပါဝင္ခဲ့ပါတယ္။ ” လို႔ အတည္ျပဳခဲ့တယ္။

၂၀၂၀ ခုႏွစ္အတြက္ Golden Boy award ဆုရႏုိင္တဲ့ လူငယ္ကစားသမား ၁၀၀ စာရင္း စတင္ ေပၚထြက္လာခဲ့ျပီျဖစ္ျပီး လီဗာပူးအသင္းသား သံုးဦး ပါဝင္လာပါတယ္။ သူတို႔ေတြက ကားတစ္ဂ်ံဳး၊ လာရိုစီနဲ႔ ဗန္ဒန္ဘယ္ရာတို႔ ျဖစ္ပါတယ္။

လီဗာပူး ဂႏၱဝင္ၾကီး စတီဗင္ဂ်ရတ္က ဒီရာသီ ပရီးမီးယားလိဂ္ခ်န္ပီယံ ျဖစ္ခဲ့ျပီးရင္ အသင္းရဲ႕မန္ေနဂ်ာ ကေလာ့ပ္ကို ရုပ္ထုနဲ႔တကြ ဂုဏ္ျပဳမႈ လုပ္ေပးဖို႔ ကလပ္ကို ေတာင္းဆိုလိုက္ပါတယ္။

လိုင္ယြန္အသင္းဟာ ဘ႑ာေရးပိုင္းမွာ အခက္ၾကံဳႏုိင္တဲ့ အေနအထားမွာ ရွိေနပါတယ္။ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ ဝင္ခြင့္မရမယ့္ အေနအထားေၾကာင့္ ဒမ္ဘီလီ၊ ဒီေပး၊ ေအာ္ေရးတို႔ထဲက ကစားသမားအခ်ိဳ႔ကို ေရာင္းထုတ္ရႏုိင္ပါတယ္။ လီဗာပူးဘက္က သင့္ေလ်ာ္တဲ့ ေျပာင္းေရႊ႔ေၾကး ရမယ္ဆိုရင္ ေအာ္ေရးကို ေခၚယူဖို႔ကို ဝင္ေရာက္မယ္လို႔ သိရပါတယ္။

ဒီေႏြမွာ လီဗာပူးထံ ေကာ္တင္ညိဳ ျပန္လာမယ္လို႔ သတင္းထြက္ေနေပမယ့္ ဘာစီလိုနာရဲ႕ အစီအစဥ္မွာ အငွား မပါဘဲ အျပီးသတ္ကိုပဲ ေရာင္းထုတ္လိုေနတာျဖစ္တယ္။

လူငယ္ေလး နီကိုး ဝီလီယမ္က လက္က်န္ အမွတ္ေပးပြဲ ၉ ပြဲမွာ လီဗာပူးနဲ႔အတူ ပရီးမီးယားလိဂ္ ပြဲထြက္ခြင့္ကို ရေအာင္ ၾကိဳးစားမယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။