လီဗာပူးကို ပြန်လာဖို့ ကလော့ပ်ထံ ကော်တင်ညို ဖုန်းဆက်တဲ့ ကိစ္စနဲ့ ပက်သက်ပြီး လီဗာပူးသတင်းထောက်တွေဘက်က သတင်းထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

ဒီရက်တွေထဲမှာ ပေါ်ပေါက်နေတဲ့ ကော်တင်ညို သတင်းက လီဗာပူးပရိသတ်တွေကို အမျိုးမျိုးသော ထင်မြင်ချက်တွေ ဖြစ်ပေါ်စေခဲ့တယ်။ ပရိသတ်တွေဘက်က သိလိုစိတ် ပြင်းပြစွာဖြင့် သတင်းထောက်တွေကို ဆက်သွယ် မေးမြန်းကြရကနေ သူတို့တွေက အပြောင်းအရွှေ့အကြောင်း သတင်းပြန်ခဲ့ကြပါတယ်။

James Pearce က ” ကော်တင်ညို ပြန်လာဖို့ဆိုတဲ့ ကိစ္စက ဖြစ်လာဖို့ မရှိဘူးလို့ ကျနော် ရိုးသားစွာ ပြောပြလိုပါတယ်။ ဒီကိစ္စက အဓိပ္ပာယ် လုံးဝမရှိတဲ့ အနေအထားကိုတောင် ရောက်နေတာပါ။ သူ အသင်းကို ဘယ်လိုလုပ်ခဲ့သလဲဆိုတဲ့ အပုပ်နံ့နဲ့ ပက်သက်ပြီး လူတွေက မှတ်ဉာဏ်တွေ နည်းခဲ့ကြပြီနဲ့တူတယ် ” လို့ ဆိုတယ်။

မာဆေးဆိုဒ် သတင်းထောက် Simon Hughes ကတော့ ” ကလပ်ဘက်က ပြန်ထွက်လာတဲ့ သတင်းနဲ့ ဒီကိစ္စကို ဆုံးဖြတ်နိုင်တဲ့ သူတွေထံက ပြန်သိရတဲ့ သတင်းအရတော့ ကော်တင်ညိုက လီဗာပူးကို ပြန်လာဖို့က လုံးဝ မဖြစ်နိုင်ပါဘူး ” လို့ ပြတ်ပြတ်သားသား ပြောဆိုလိုက်ပါတယ်။

အင်တာကနေ လီဗာပူးကို ရောက်လာခဲ့တဲ့ ရွှေကောင်လေးဟာ သူ့ရဲ့ အကောင်းဆုံး ကစားသမားဘဝကို လီဗာပူးမှာပဲ ရခဲ့ပါတယ်။ ဒါပေမယ့်လို့ ခါးသီးဖို့ကောင်းတဲ့ သူ့ရဲ့ လမ်းခွဲခြင်း အပြုအမှုကို ကလပ်ဘက်က အခုချိန်ထိ အမှတ်ရနေဆဲလည်း ဖြစ်တယ်။

လီဗာပူးနဲ့ ပက်သက်ပြီး လေးစားခံ သတင်းထောက်တွေ ကိုယ်တိုင်က ပရိသတ်တွေရဲ့ သိလိုစိတ်ကို အသင်းထံ ဆက်သွယ် မေးမြန်းခဲ့ခြင်းလည်းဖြစ်ပြီး ရွှေကောင်လေးကို အနီရောင်ဂျာစီနဲ့ ပြန်မြင်ရဖို့ မဖြစ်နိုင်တော့ဘူးလို့ပဲ သတင်းပေးလိုပါတယ်။

ZAWGYI

လီဗာပူးကို ျပန္လာဖို႔ ကေလာ့ပ္ထံ ေကာ္တင္ညိဳ ဖုန္းဆက္တဲ့ ကိစၥနဲ႔ ပက္သက္ျပီး လီဗာပူးသတင္းေထာက္ေတြဘက္က သတင္းထုတ္ျပန္လိုက္ျပီျဖစ္ပါတယ္။

ဒီရက္ေတြထဲမွာ ေပၚေပါက္ေနတဲ့ ေကာ္တင္ညိဳ သတင္းက လီဗာပူးပရိသတ္ေတြကို အမ်ိဳးမ်ိဳးေသာ ထင္ျမင္ခ်က္ေတြ ျဖစ္ေပၚေစခဲ့တယ္။ ပရိသတ္ေတြဘက္က သိလိုစိတ္ ျပင္းျပစြာျဖင့္ သတင္းေထာက္ေတြကို ဆက္သြယ္ ေမးျမန္းၾကရကေန သူတို႔ေတြက အေျပာင္းအေရႊ႔အေၾကာင္း သတင္းျပန္ခဲ့ၾကပါတယ္။

James Pearce က ” ေကာ္တင္ညိဳ ျပန္လာဖို႔ဆိုတဲ့ ကိစၥက ျဖစ္လာဖို႔ မရွိဘူးလို႔ က်ေနာ္ ရိုးသားစြာ ေျပာျပလိုပါတယ္။ ဒီကိစၥက အဓိပၸာယ္ လံုးဝမရွိတဲ့ အေနအထားကိုေတာင္ ေရာက္ေနတာပါ။ သူ အသင္းကို ဘယ္လိုလုပ္ခဲ့သလဲဆိုတဲ့ အပုပ္နံ့နဲ႔ ပက္သက္ျပီး လူေတြက မွတ္ဥာဏ္ေတြ နည္းခဲ့ၾကျပီနဲ႔တူတယ္ ” လို႔ ဆိုတယ္။

မာေဆးဆိုဒ္ သတင္းေထာက္ Simon Hughes ကေတာ့ ” ကလပ္ဘက္က ျပန္ထြက္လာတဲ့ သတင္းနဲ႔ ဒီကိစၥကို ဆံုးျဖတ္ႏုိင္တဲ့ သူေတြထံက ျပန္သိရတဲ့ သတင္းအရေတာ့ ေကာ္တင္ညိဳက လီဗာပူးကို ျပန္လာဖို႔က လံုးဝ မျဖစ္ႏုိင္ပါဘူး ” လို႔ ျပတ္ျပတ္သားသား ေျပာဆိုလိုက္ပါတယ္။

အင္တာကေန လီဗာပူးကို ေရာက္လာခဲ့တဲ့ ေရႊေကာင္ေလးဟာ သူ႔ရဲ႕ အေကာင္းဆံုး ကစားသမားဘဝကို လီဗာပူးမွာပဲ ရခဲ့ပါတယ္။ ဒါေပမယ့္လို႔ ခါးသီးဖို႔ေကာင္းတဲ့ သူ႔ရဲ႕ လမ္းခြဲျခင္း အျပဳအမႈကို ကလပ္ဘက္က အခုခ်ိန္ထိ အမွတ္ရေနဆဲလည္း ျဖစ္တယ္။

လီဗာပူးနဲ႔ ပက္သက္ျပီး ေလးစားခံ သတင္းေထာက္ေတြ ကိုယ္တုိင္က ပရိသတ္ေတြရဲ႕ သိလိုစိတ္ကို အသင္းထံ ဆက္သြယ္ ေမးျမန္းခဲ့ျခင္းလည္းျဖစ္ျပီး ေရႊေကာင္ေလးကို အနီေရာင္ဂ်ာစီနဲ႔ ျပန္ျမင္ရဖို႔ မျဖစ္ႏုိင္ေတာ့ဘူးလို႔ပဲ သတင္းေပးလိုပါတယ္။